အရာရှိစစ်သည်တွေ ကျဆုံးမှုနည်းအောင် လက်နက်ချခဲ့တာပါ
The Irrawaddy News The Irrawaddy News
888K subscribers
286,896 views
0

 Published On Apr 29, 2024

အရာရှိစစ်သည်တွေ ကျဆုံးမှုနည်းအောင် လက်နက်ချခဲ့တာပါ (ရုပ်/သံ)

ဧရာဝတီ၊ ဧပြီ ၂၉၊ ၂၀၂၄

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်ထဲမှာရှိတဲ့ ကျိုက်ဒုံဗျူဟာက ဗျူဟာမှူး ဒုဗိုလ်မှူးကြီး အောင်ကျော်စိုး အပါအဝင် အရာရှိ ၁၂ ဦးနဲ့ စစ်သည် ၆၆ ဦးဟာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေထံမှာ မတ်လ ၁၄ ရက်နေ့က လက်နက်ချခဲ့ပါတယ်။

အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံ ကျိုက်ဒုံဗျူဟာကုန်းကို KNLA နဲ့ PDF ပူပေါင်းတပ် တွေက ဇန်နဝါရီလ ၂၇ ရက်နေ့ကစပြီး စစ်ဆင်ရေးပြုလုပ်ခဲ့တာဖြစ်ပါတယ်။ စစ်ဆင်ရေးအတွင်းမှာ တော်လှန်ရေး တပ်တွေက ရိက္ခာဖြတ်တောက် တာအပြင် မြေပြင်အထူးကွန်မန်ဒိုတပ်တွေ၊ ဒရုန်းတပ်ဖွဲ့တွေနဲ့ လက်ဖြောင့်တပ်တွေ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေဟာ တိုက်ပွဲမှာ ၁၂၀ မမ၊ ၈၀ မမ လက်နက်တွေအပါအဝင် လက်နက်မျိုးစုံ ၈၀ ကျော် သိမ်းဆည်းနိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ကထုတ်ပြန်ထားပါတယ်။

ဗျူဟာမှူး ဒုဗိုလ်မှူးကြီး အောင်ကျော်စိုး ကတော့ တလကျော်အကြာ တိုက်ခိုက်ခံရမှုမှာ စစ်သည်နဲ့ အရာရှိတွေ သေဆုံးမှုရှိခဲ့ပြီး နောက်ထပ် သေဆုံးမှုတွေ ထပ်မရှိအောင် လက်နက်ချခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

show more

Share/Embed