Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲနှင့် MPAမှ တွေ့ဆုံမေးမြန်းခြင်း
MPATV MPATV
95.4K subscribers
179,962 views
5.7K

 Published On Aug 10, 2024

စေတနာ့ဝန်ထမ်း ကြက်ခြေနီအဖွဲ့ဝင်တစ်ဦးအဖြစ်မှသည် စစ်ကောင်စီကို ခြိမ်းခြောက်လာနိုင်ခဲ့ပြီ ဖြစ်သည့် Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲနှင့် MPAမှ တွေ့ဆုံမေးမြန်းခြင်း

10 August 2024 By Ko Paing/MPA

မကွေးတိုင်း၊ရေလယ်ကျွန်းဒေရှိ Myingyan Black Tiger-MBT တပ်ဖွဲ့ ဌာနချုပ်စခန်းကို ပြီးခဲ့သည့် ၂၀၂၃ မတ်လ ၁၉ ရက်နေ့က စစ်ကောင်စီတပ်၏ တပ်မ ၉၉ ဘီလူးစစ်ကြောင်းက ၃ ရက်တာ ထိုးစစ်ဆင်ခဲ့ရရာ စစ်သား ၆ ဦးသေဆုံးခဲ့ပြီး လက်နက်အင်အားမမျှတမှုကြောင့် ဌာနချုပ်စခန်းကို စွန့်လွှတ်လိုက်ရသည်။

ဘီလူးစစ်ကြောင်းသည် အညာဒေသကို ထိန်းချုပ်နိုင်ရန် အထူးဖွဲ့စည်းထားသည့် စစ်ကြောင်းဖြစ်ကြောင်းဖြစ်ပြီး Myingyan Blcak Tiger ၏ ဌာနချုပ်စခန်းကို ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်သည်ကို ထောက်ချင့်သော် Myingyan Black Tiger သည် ရေလယ်ကျွန်းဒေသနှင့်ရေစကြိုမြို့ပေါ်တို့ရှိ စစ်ကောင်စီကို ခြိမ်းခြောက်နိုင်သည့် တပ်ဖွဲ့ဖြစ်ကြောင်း ပေါ်လွင်လာသည်။

show more

Share/Embed