ကိုယ်လုပ်နေတဲ့လုပ်ငန်းမှာ ပျော်ရွှင်မှုရှိရင် တစ်သက်လုံး လုပ်နိုင်ပါတယ်
Cosmic Awakening: Enlightenomad Yang Shinns Cosmic Awakening: Enlightenomad Yang Shinns
15K subscribers
148 views
9

 Published On Jul 16, 2023

ကိုယ့်ရဲ့ အနာဂတ်ကို ငွေကြေးနဲ့ဝယ်ယူလို့မရအောင် တန်ဖိုးရှိစေချင်ရင်…
ကိုယ်မလုပ်ချင်တဲ့ အလုပ်ကို လုပ်ကိုင်ပါ…
ကိုယ် မလုပ်ရဲတဲ့ အလုပ်ကို လုပ်ကိုင်ပါ…
ကိုယ် မလုပ်နိုင်တဲ့ အလုပ်ကို လုပ်ကိုင်ပါ…

ကိုယ်တကယ် ကြိုက်တဲ့ လုပ်ငန်းကို ရွေးချယ်ပါ၊ အကောင်းတကာ့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပါ...

အကောင်းဆုံးဆိုတာ မရှိပါဘူး... ကောင်းသည်ထက် ကောင်းလာတာပဲ ရှိပါတယ်…

ကိုယ်ပြောထားတဲ့ ကတိထက် ကျော်လွန်အောင် အမြဲတမ်း လုပ်ပါ…

မစဉ်းစားမိတာဘဲ ရှိလိမ့်မယ်… မလုပ်နိုင်ဘူးဆိုတာ မရှိပါဘူး…
သင်လုပ်နိုင်တဲ့ အတိုင်းအတာကို ဘယ်သူသတ်မှတ်တာလဲလို့ မေးရင် သင်ကိုယ်တိုင် သတ်မှတ်တာပဲဖြစ်တယ်၊ ဘယ်လိုသတ်မှတ်တာလဲလို့မေးရင် ကိုယ်စဉ်းစားမိ၊ တွေးမိသလောက်ပဲ သတ်မှတ်တာပါ၊ ထားပါတော့ သင် ဘောလုံးကွင်း ၅ ပတ် ပတ် ပြေးမယ်လို့ တွေးမိရင် မဖြစ်နိုင်လောက်ဘူး၊ လုပ်နိုင်မယ်မထင်ဘူး၊ ငါ ဘယ်တုန်းကတော့ ဘာဖြစ်ခဲ့တာ၊ ဘယ်လိုအခြေအနေတုန်းက ဘယ်လိုကြုံတွေရတာ စသဖြင့် စဉ်းစားလိုက်တာနဲ့ မလုပ်နိုင်ဘူးဆိုတဲ့ အဖြေတစ်ခုပဲ ထွက်သွားတယ်၊ ဒါပေမဲ့ ဘောလုံး အားကစားသမားတစ်ယောက်က တစ်ရက်ကို ဘောလုံးကွင်း မနက် ၅ ပတ်၊ ညနေ ၅ ပတ် ဒါမှမဟုတ် မနက်မှာပဲ ၁၀ ပတ် ဒါမှမဟုတ် မနက် ၁၀ ပတ် ညနေ ၅ ပတ် စသဖြင့် ပတ်ပြေးနိုင်တယ်ဆိုရင် သူ့မှာ ဒီလိုလုပ်ရဖို့ အကြောင်းအရင်းကိစ္စကို စဉ်းစားမိလို့ဖြစ်ပြီးတော့ သင်မလုပ်နိုင်ရတာက သင်လုပ်ရမယ့် အကြောင်းအရင်းကိစ္စကို မစဉ်းစားမိလို့ပဲဖြစ်တယ်၊ ဥပမာ သင့်အဖြေတောင်းနေတဲ့ ကောင်မလေးက သင့်ကို ဘောလုံးကွင်း ၅ ပတ် ပတ်ပြေးနိုင်ရင် “ချစ်တယ်”လို့ အဖြေပြန်ပေးမယ်ဆိုရင် သင် ၅ ပတ်ပြည့်အောင် ပတ်ပြေးသွားနိုင်မယ်မဟုတ်ပါလား…။

အလုပ်ကို အစီအစဉ်တကျနဲ့ လုပ်ရင် ထိရောက်မှု ပိုရှိလိမ့်မယ်…

သူတပါးရဲ့ အင်အားကို အသုံးပြုတတ်ရင် အချိန်ကုန်သက်သာပြီး အလုပ်ပိုတွင်ကျယ်လိမ့်မယ်…

ကိုယ်လုပ်နေတဲ့လုပ်ငန်းမှာ ပျော်ရွှင်မှုရှိရင် တစ်သက်လုံး လုပ်နိုင်ပါတယ်…
ကျွန်တော်ရှေ့မှာ ပြောခဲ့သလို ကျွန်တော်တို့ရဲ့ လက်တွေ့ဘဝမှာ တော်ရာမှာနေတိုင်းလည်း အောင်မြင်ပျော်ရွှင်နေကြတာမဟုတ်သလို၊ ပျော်ရာမှာ နေတိုင်းလည်း မတိုးတက်မအောင်မြင် နေတာမှမဟုတ်ပါဘူး… လူတွေက သူတို့ရဲ့ ဘဝကြီးကို ပျော်ပျော်ရွှင်ရွှင် စိတ်အေးချမ်းသာစွာ ဖြတ်သန်းချင်ကြပေမယ့် အမှန်တကယ် ပျော်ရွှင်မှုဆိုတာကို မရရှိတတ်ကြပါဘူး… ဘာဖြစ်လို့လဲဆိုတော့ သူတို့ ထင်မြင်ယူဆထားတဲ့ ပျော်ရွှင်မှုဆိုတာကို ရရှိသွားခဲ့သည့်တိုင်အောင် ရေရှည် မပျော်ရွှင်နေရလို့ပါပဲ၊ အမှန်တကယ် ပျော်ရွှင်မှုဆိုတာ တစ်တင်္ဂ‌ ရရှိတဲ့ ပျော်ရွှင်မှုမျိုးမဟုတ်ဘဲ အချိန်ကာလအတော်များများ ပျော်ရွှင်အေးချမ်းမှုရရှိနေတာပဲဖြစ်တယ်၊ တချို့လူတွေရဲ့ ပျော်ရွှင်မှုက ရယူပိုင်ဆိုင်မှုတွေနဲ့ တိုင်းတာတယ်၊ တချို့လူတွေရဲ့ ပျော်ရွှင်မှုက ပေးကမ်းကူညီမှုတွေနဲ့ တိုင်းတာတယ်၊ တချို့တွေကြတော့ ကိုယ်လုပ်ချင် လုပ်နေရရင် ပျော်ရွှင်နေတတ်ပြီး တချို့ကျတော့ သူများလုပ်ချင်တာကို လုပ်ပေးနေရရင်ကို ပျော်ရွှင်နေတတ်တယ်။ ဥပမာ ပေးရင် ရှည်သွားနိုင်ပေမယ့်လည်း လိုတိုရှင်းပြောလိုက်ပါဦးမယ်၊ အလုပ်ခွင်ထဲမှာပဲထားပါတော့… တချို့လစာများများရရင် ပျော်ရွှင်တယ်၊ တချို့က လက်အောက်ငယ်သားတွေတိုးတက်အောင်မြင်အောင် လုပ်ပေးနေရရင် ပျော်ရွှင်တယ်၊ တချို့က လူတွေအတင်းပြော၊ ချောက်တွန်းဂုန်းတိုက်ရတာ ပျော်ရွှင်တယ်၊ တချို့က အပေါ်ဖား အောက်ဖိ လုပ်ရတာမျိုးကို ပျော်ရွှင်တယ်… ကျွန်တော်တို့ ပြောချင်တာက ပျော်ရွှင်မှုကို အကောင်းအဆိုး ခွဲခြားနေတာမဟုတ်တဲ့အတွက် ကိုယ် ပျော်ရွှင်တဲ့နေရာမှာ တနည်း လုပ်ငန်းမှာ ရောက်နေရင် တစ်သက်လုံး ပျော်ပျော်ကြီး လုပ်နေနိုင်တယ်ဆိုတာကိုပါပဲ…

အယူအဆမှားတွေကို ဆက်ပြီး လက်ခံထားရင်… ကိုယ်မဖြစ်ချင်တဲ့ အကျိုးကိုသာ အမြဲတမ်း ရရှိလိမ့်မယ်…

00:00 မိတ်ဆက်
00:30 ပထမပိုင်း
03:14 ကိုယ့်ရဲ့ အနာဂတ်ကို ငွေကြေးနဲ့ဝယ်ယူလို့မရအောင် တန်ဖိုးရှိစေချင်ရင်…
05:49 ကိုယ်တကယ် ကြိုက်တဲ့ လုပ်ငန်းကို ရွေးချယ်ပါ၊ အကောင်းတကာ့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပါ...
07:42 အကောင်းဆုံးဆိုတာ မရှိပါဘူး... ကောင်းသည်ထက် ကောင်းလာတာပဲ ရှိပါတယ်…
08:35 ကိုယ်ပြောထားတဲ့ ကတိထက် ကျော်လွန်အောင် အမြဲတမ်း လုပ်ပါ…
09:27 မစဉ်းစားမိတာဘဲ ရှိလိမ့်မယ်… မလုပ်နိုင်ဘူးဆိုတာ မရှိပါဘူး…
10:48 အလုပ်ကို အစီအစဉ်တကျနဲ့ လုပ်ရင် ထိရောက်မှု ပိုရှိလိမ့်မယ်…
12:27 သူတပါးရဲ့ အင်အားကို အသုံးပြုတတ်ရင် အချိန်ကုန်သက်သာပြီး အလုပ်ပိုတွင်ကျယ်လိမ့်မယ်…
13:45 ကိုယ်လုပ်နေတဲ့လုပ်ငန်းမှာ ပျော်ရွှင်မှုရှိရင် တစ်သက်လုံး လုပ်နိုင်ပါတယ်…
15:42 အယူအဆမှားတွေကို ဆက်ပြီး လက်ခံထားရင်… ကိုယ်မဖြစ်ချင်တဲ့ အကျိုးကိုသာ အမြဲတမ်း ရရှိလိမ့်မယ်…

အခြား Podcast များကို နားဆင်ရန် -

လူ့ဘဝဆိုတာ ကျေးဇူးတရားနဲ့ အသက်ရှင်ရတယ်၊ ကျေးဇူးတရားနဲ့ ဖွဲ့စည်းပါလေ #success #gratitude #motivation
   • လူ့ဘဝဆိုတာ ကျေးဇူးတရားနဲ့ အသက်ရှင်ရတယ...  

#YangShinns
#EnlightenmentYourFuture
#baydin
#Enlightenomad
#CosmicAwakening

show more

Share/Embed