စာလုံး ၆ လုံးတည်းပါတဲ့ အံ့ဖွယ် ဂါထာနဲ့ (၁၈)ရက်သာ အဓိဋ္ဌာန်ဝင်ရတဲ့ အစွမ်းထက် ကျင့်စဉ်အကြောင်း
Cosmic Awakening: Enlightenomad Yang Shinns Cosmic Awakening: Enlightenomad Yang Shinns
15K subscribers
6,342 views
528

 Published On Aug 16, 2024

မြတ်စွာဘုရားရှင်ရဲ့ အရဟံ ဂုဏ်တော်ပါဝင်တဲ့ စာလုံး ၆ လုံးပါ ဂါထာတစ်ပုဒ်ကို ရွတ်ဖတ်ပူဇော်အဓိဋ္ဌာန်ဝင်ပြီး ရန်အမျိုးမျိုးကို ပပျောက်စေခြင်း၊ မိတ်ကောင်းဆွေမွန်တို့ ကိုယ့်နားကနေ စွန့်ခွာမသွားစေခြင်း၊ မိမိနဲ့ ထိုက်တန်တဲ့ စည်းစိမ်ရတနာ ဥစ္စာပစ္စည်းများရောက်လာစေခြင်းများအတွက် အထူးအစွမ်းထက်တဲ့ ကျင့်စဉ်တစ်ခုအကြောင်း...

ဣစ္ဆာသယ အရဟံ (၃)မျိုး ဂါထာ

အရဟံ = (ထိုက်တန်ခြင်း) ပူဇော်ထိုက်ခြင်း၊ ပူဇော်ထိုက်သည့် အရည်အချင်းများရှိခြင်း၊
အရ-ဟံ = (အရ-ရန်သူ၊ ဟ-ပယ်သတ်ခြင်း) ကိလေသာရန်သူကို ပယ်သတ်ပြီးဖြစ်ခြင်း၊
အ-ရဟံ = (စိတ်ကောင်းနှလုံးကောင်းရှိသူတွေက မည်သည့်အခါမှ စွန့်ခွာမသွားခြင်း)

စာလုံး ၆ လုံးတည်းပါဝင်တဲ့ ဣစ္ဆာသယ အရဟံ (၃)မျိုး ဂါထာ

ဣစ္ဆာသယ ပထမံ လာဘံ အရဟံ သဗ္ဗသိဒ္ဓိ
ဣစ္ဆာသယ ပထမံ လာဘံ အရ-ဟံ သဗ္ဗသိဒ္ဓိ
ဣစ္ဆာသယ ပထမံ လာဘံ အ-ရဟံ သဗ္ဗသိဒ္ဓိ

ဒုတိယပ္ပိ ဣစ္ဆာသယ ပထမံ လာဘံ အရဟံ သဗ္ဗသိဒ္ဓိ
ဒုတိယပ္ပိ ဣစ္ဆာသယ ပထမံ လာဘံ အရ-ဟံ သဗ္ဗသိဒ္ဓိ
ဒုတိယပ္ပိ ဣစ္ဆာသယ ပထမံ လာဘံ အ-ရဟံ သဗ္ဗသိဒ္ဓိ

တတိယပ္ပိ ဣစ္ဆာသယ ပထမံ လာဘံ အရဟံ သဗ္ဗသိဒ္ဓိ
တတိယပ္ပိ ဣစ္ဆာသယ ပထမံ လာဘံ အရ-ဟံ သဗ္ဗသိဒ္ဓိ
တတိယပ္ပိ ဣစ္ဆာသယ ပထမံ လာဘံ အ-ရဟံ သဗ္ဗသိဒ္ဓိ

ဒီ ဂါထာကို အဓိဋ္ဌာန်ပုတီးစိပ်တဲ့အခါမှာ ထူးခြားတာတစ်ခုက
၉ ဂါထာလုံးကို ရွတ်ဖတ်အဓိဋ္ဌာန်ဝင်တာမျိုးမဟုတ်ဘဲ တစ်ဆင့်ပြီးတစ်ဆင့် ရွတ်ဖတ်ရတာပဲဖြစ်ပါတယ်... စုစုပေါင်း အဆင့် ၃ ဆင့် ရှိပါတယ်...

ပထမအဆင့် (၁) အရဟံ၊ အရ-ဟံ၊ အ-ရဟံ ဂုဏ်တော် သီးသန့်ကိုသာ တစ်ရက် ပုတီးပတ် (၉) ပတ်နဲ့ (၃) ရက် အဓိဋ္ဌာန်
ဒုတိယအဆင့် (၂) အရဟံ သိဒ္ဓိ၊ အရ-ဟံ သိဒ္ဓိ၊ အ-ရဟံ သိဒ္ဓိ ဆိုပြီး တစ်ရက် ပုတီးပတ် (၉) ပတ်နဲ့ (၆) ရက် အဓိဋ္ဌာန်
တတိယအဆင့် (၃) ဣစ္ဆာသယ ပထမံ လာဘံ အရဟံ သဗ္ဗသိဒ္ဓိ၊ ဣစ္ဆာသယ ပထမံ လာဘံ အရ-ဟံ သဗ္ဗသိဒ္ဓိ၊ ဣစ္ဆာသယ ပထမံ လာဘံ အ-ရဟံ သဗ္ဗသိဒ္ဓိ ဆိုပြီး
တစ်ရက် ပုတီးပတ် (၉) ပတ် နဲ့ (၉) ရက် အဓိဋ္ဌာန်၊ စုစုပေါင်း (၁၈) ရက်သာ ကြာမြင့်တဲ့ ထူးခြားတဲ့ အဓိဋ္ဌာန် ကျင့်စဉ်တစ်ခုပဲဖြစ်ပါတယ်...

#yangshinns
#enlightenmentyourfuture
#baydin
#enlightenomad
#cosmicawakening

show more

Share/Embed