စပိန်ဗီဇာမလိုပဲ Gibraltar ဆိုတဲ့စပိန်ကမ်းခြေသွားကြမယ် 🇬🇮🇪🇸🇬🇧 Episode-1
Cozy Clips Cozy Clips
7.32K subscribers
56,813 views
1.2K

 Published On Apr 21, 2024

ဒီ vlog လေးကတော့ စင်သီယာတို့ စပိန်နိုင်ငံအစွန်းလေးမှာရှိတဲ့ Gibraltar (ဂျီဘရောတား) ဆိုတဲ့ အရမ်းလှလွန်းတဲ့ ရေအရမ်းအရမ်းကြည်တဲ့ ကမ်းခြေနေရာလေးကိုသွားထားတုန်းက vlog လေးဖြစ်ပါတယ်ရှင်။ 😍

ဒီ Gibraltar ရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က စပိန်နိုင်ငံရဲ့ကုန်းမကြီးထဲမှာ ရှိပေမယ့် ယူကေရဲ့ British Overseas Territory (ယူကေပိုင် ပင်လယ်ခြားပိုက်နက်) ထဲမှာပါတဲ့အတွက် ယူကေဗီဇာ ရှိတာနဲ့ ရှန်ဂန်ဗီဇာ မလိုဘဲ သွားလို့ရတာပဲဖြစ်ပါတယ်။

အရမ်းလှတဲ့သဲသောင်ပြင်ကမ်းခြေတွေဝိုင်းနေပြီးတော့ ကမ်းခြေရှေ့မှာလဲ သူ့ရဲ့ signature ဖြစ်တဲ့ တောင်အကြီးကြီးကလဲရှိနေတော့ တစ်နေရာသွားပေမယ့် ၂နေရာရောက်သလိုခံစားစေရတော့ သွားရတာ အရမ်းအရမ်းကိုတန်စေတာပေါ့နော်။

နောက်ထပ် vlog လေးတွေလဲ ထပ်တင်ပေးသွားဦးမှာမို့ စင်သီယာတို့ Youtube channel လေးကို like & subscribe လုပ်ပေးထားပါဦးရှင့် 💓 ကြည့်ရှူပေးသူ subscribe လုပ်ပေးသူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင် 😍

Socials:
Cynthia’s TikTok - https://www.tiktok.com/@cynny.7?_t=8h...
Cynthia’s Instagram - https://instagram.com/cynnyyy_7?igshi...
Facebook -   / loandcyn  
Montenegro, Kotor Episode 1 -    • မွန်တီနီဂရိုးနိုင်ငံ 🇲🇪, Kotor (ကို​တ...  
Montenegro, Kotor Episode 2 -    • မွန်တီနီဂရိုးနိုင်ငံ 🇲🇪, Kotor (ကို​တ...  
Montenegro, Budva Episode 3 -    • Montenegroနိုင်ငံ 🇲🇪, Budva မြို့ Tra...  

show more

Share/Embed