MY Travelogue မုန့်ဟင်းခါးဟင်းရည်လုပ်ငန်း
MY Travelogue MY Travelogue
10.1K subscribers
245,974 views
0

 Published On Sep 11, 2021

#ပုသိမ်မြို့
#ရွာသစ်ရွာ
MY Travelogue ကိုကြည့်ရှုနေကြတဲ့ ပရိတ်သတ်များအားလုံးပဲမင်္ဂလာပါ...အခုတခေါက်မှာဆိုရင်တော့ ပုသိမ်မြို့၊ ရွာသစ်ရွာမှာနေထိုင်ကြတဲ့ ရွာသူရွာသားတွေရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းအကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ ဒီရွာလေးမှာနေထိုင်ကြတဲ့သူတွေက မုန့်ဟင်းခါးဟင်းရည်တမျိုးထဲကိုသာချက်ပြုတ်ပြီး ရောင်းချကြတာပဲဖြစ်ပါတယ်။ လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်းလည်းလုပ်ကိုင်ကြပါတယ်။ မုန့်ဟင်းခါးဟင်းရည်ချက်ပြုတ်တဲ့နေရာမှာ အရင်ဆုံးအနေနဲ့ငါးကိုပြုတ်ထားပြီး အဲဒီ့ငါးပြုတ်ရေထဲကိုကိုယ်လိုချင်သလောက်ရေကိုထည့်ပြီးဆူလာတော့မှ ဆန်လှော်မှုန့်၊ ပဲမှုန့်၊ ဆန်စိမ်းမှုန့်၊ ဆား၊ သကြား၊ ငံပြာရည်၊ နနွင်းကိုဖျော်ပြီး မုန့်ဟင်းရည်အိုးထဲကိုထည့် ဆူအောင်ထားပြီးမှ ထွင်ပြီးသားငါးပြုတ်ကိုထည့် ပြီးတော့မှ ဂျင်း၊ ငရုတ်ကောင်း၊ ကြက်သွန်ထည့်တာဖြစ်ပါတယ်။ မုန့်ဟင်းခါးဟင်းရည်ချက်ပြုတ်တဲ့နေရာမှာ ငါးကအဓိကဖြစ်ပြီး ငါးဂျင်းကိုအဓိကအသုံးပြုတာပဲဖြစ်ပါတယ်။ ဒီရွာလေးမှာဆိုရင် မျိုးရိုးစဉ်ဆက်မုန့်ဟင်းခါးဟင်းရည်ကို ရောင်းချလာတာဖြစ်ပြီး မုန့်ဟင်းခါးဟင်းရည်ချက်ပြုတ်တဲ့နေရာမှာ ဆီကိုလုံးဝအသုံးမပြုတာလည်းဖြစ်ပါတယ်။

show more

Share/Embed