စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား TNLA ထံ လက်နက်ချ
Myanmar Now News Myanmar Now News
718K subscribers
62,351 views
1.7K

 Published On Jun 26, 2024

စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား TNLA ထံ လက်နက်ချ
---------
ကျောက်မဲ အခြေစိုက် စကခ(၁)လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်(၁၇)ဦးသည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -PSLF/TNLA ထံ ယနေ့(ဇွန် ၂၆) ညနေပိုင်းက လက်နက်ချအညံ့ခံခဲ့သည်ဟု TNLA က သတင်းထုတ်ပြန်သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့တွင် မြောက်ပိုင်းညီနောင် ၃ ဖွဲ့က စစ်ကောင်စီ၏ တပ်စခန်းကြီးငယ်တို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည်။

မြို့များ၊ စစ်စခန်းအများအပြားကို လအနည်းငယ်တွင်း ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး၊ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် တရုတ်က ကြားဝင်စေ့စပ်ခဲ့သည့်အတွက် ဟိုင်ဂင်သဘောတူညီမှု ရရှိကာ စစ်ကောင်စီနှင့် ညီနောင် ၃ ဖွဲ့တို့အကြား ရှမ်းမြောက်ဒေသတွင် ယာယီအပစ်အခတ်ရပ်စဲထားကြခြင်းဖြစ်သည်။

TNLA က စစ်ကောင်စီသည် ဟိုင်ဂင်သဘောတူညီမှုကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုပြီးနောက် ယမန်နေ့(ဇွန် ၂၅)တွင် တိုက်ပွဲများ တကျော့ပြန်ဖြစ်ပွားနေခြင်းဖြစ်သည်။

show more

Share/Embed