ချင်းရိုးရာဆာဗူးသီး
Zuzu Lay Zuzu Lay
1.6K subscribers
3,320 views
63

 Published On Oct 31, 2023

ချင်းရိုးရာဆာဗူးသီး ချက်နည်း
----
-ချင်းတောင်ယာပြောင်းကို ရေသေချာဆေးပြီး တစ်ညရေစိမ်ထားပါ။

-မိမိကြိုက်နှစ်သက်ရာ အသားရိုးကို 2 နာရီကြာမီးအေးအေးနဲ့ ဆား၊ အရသာမှုန့် ထည့်ပြုတ်ပါ။ အမြှုပ်တွေ တက်လာရင် ဖယ်ခပ်ထုပ်ထားပါ။
(ချင်းရိုးရာအရတော့ နွားနောက်အရိုး (အမဲရိုး) ၊အမဲအူ ပြုတ်ရည်နဲ့ ပြောင်းဖူးကို ပြန်ချက်ပါသည်။

-ရေစိမ်ထားသောပြောင်းဖူးကို Pressure cooker နဲ့ 20-30mins ရေမြှုပ်ရုံလေး ထည့်နူးအောင်ချက်ပါတယ်။ ရေစိမ်ထားတဲ့ပြောင်းဖူးကိုအသားပြုတ်ရည်ထဲ တိုက်ရိုက်ထည့်ပြုတ်လဲရပါတယ်။ ကျက်တာကြာလို့ပါ။

-ကျက်သွားတဲ့ ပြောင်းဖူးဆန်ကို ဟင်းရည်အိုးထဲ ပြန်ထည့်ပြီး နူးအိတဲ့အထိတည်ပါတယ်။ အရသာမှုန့်၊ ဆား လိုသလို ထည့်ပါ။ ပြောင်းဖူး နူးအိ ကျက်ပြီဆိုရပါပြီ။

အချဉ်ဖျော်နည်း

-ချင်းငရုပ်သီးကိုရေဆေး၊ ဆီနဲနဲ ဖြန်းပြီး Air Fryer ထဲ 4-5mins ထည့်ပါတယ် (or) ဒယ်အိုးထဲ ဆီနဲနဲနဲ့လှော်လဲရပါတယ်။
-ကြွပ်လာတဲ့ငရုပ်သီးကို Blender နဲ့ ကြိတ် (or) ဆုံထဲထည့်ထောင်းပါ။

ငရုပ်သီးမှုန့်၊
ကြက်သွန်နီဥအသေးကို ပါးပါးလှီးထားပါ
ရှမ်းနံနံပါးပါးလှီး (or) video မှာ ရှမ်းနံနံမရလို့ တရုတ်နံနံကို အစားထိုးသုံးပြထားပါသည်။
ဂျင်း၊ကြက်သွန်ဖြူထောင်း
သံပုရာသီး
အရသာမှုန့် အနဲငယ်
ဆားအနဲငယ်
ဆီ or ရေ အနဲငယ် ထည့်ပြီး ချဉ်ငံစပ် အချဉ်ပြုလုပ်ထားပါ။

🌸ပြောင်းဖူးပြုတ်ရည်ထဲကို -မိမိကြိုက်နှစ်သက်ရာ အသားပြုတ်၊ အသားကြော်၊ အမဲအူတွေကိုထည့် အချဉ်ထည့်၍ ရှုးရှဲ ချဉ်ငံစပ် အရသာရှိစွာ သုံးဆောင်နိုင်ပါသည်။ အေးမြတဲ့ ဆောင်းရာသီအတွက် အသင့်တော်ဆုံး ကျန်းမာရေးနဲ့ ညီတဲ့ soup တစ်ခွက်ပါ။

အားလုံးလဲ ကြိုက်နှစ်သက်မယ်လို့ ယုံကြည်ပါတယ်ရှင်

ကြိက်နှစ်သက်ရင် Zu ရဲ့ Channel လေးကို Follow လေးလုပ်ထားကြပါနော်။

❤️❤️❤️
#ချင်းရိုးရာဆာဗူးသီး
#ချင်းအစားအစာ
#ဆာဗူးသီး
#ချဉ်ငံစပ်
#တိုင်းရင်းသား
#Zuzulayusa

show more

Share/Embed