တောလုံး // ဦးဖိုးခက်(စိုင်းဒြားတီးဝိုင်း) "ရခိုင့်ရှီးဟောင်း(ဂန္တဝင်) ဦးဒေါင်းမင်းကြိုးတေးခြင်း"
Aung Kyaw Thein Saidara Aung Kyaw Thein Saidara
514 subscribers
152 views
5

 Published On Premiered Sep 19, 2024

"လွမ်းလုံး"    • လွမ်းလုံး // ဦးဖိုးခက် (စိုင်းဒြားတီ...  

Video ထဲ၌ “ရွီး- ကောသတိဗလအမတ်”အား “ကေသတိဗလအမတ်” ဟူ၍ ပြင်ဆင်ပီးပါရန်။

ရခိုင့်ရှီးဟောင်း(ဂန္တဝင်) ဦးဒေါင်းမင်းကြိုးတေးခြင်း

"တောလုံး" ရွီး-ကေသတိဗလအမတ် ဆို-ဦးဖိုးခက်(စိုင်းဒြားတီးဝိုင်း)

အကျွန်ရို့ဘောင်းဒွတ်စိုင်းဒြားတီးဝိုင်းကခေါင်းဆောင်နှစ်ဦးဖြစ်တေဦးမောင်ညို(ပန်းချီမင်းညို) နန့် ဦးအောင်စံရွှေ(ဂီတမှူး)ရိုရှာဖွီသုတေသနပြုထားခရေ ခိုက်ဟောင်းတေးခြင်းတိထဲကရခိုင်သက္ကရာဇ်(၉၈၄-၁၀၀၀) အတွင်းသီရိသုဓမ္မရာဇာမင်းလက်ထက်ဝါးပတ္တလားတေးခြင်း ( ၂)ပုဒ်အနက်ကျန်တစ်ပုဒ်ကကေသတိဗလအမတ်ရီးစပ်ထားခရေ အပုဒ်ကိုတင်ပြလိုက်ပါယင့်၊ နှစ်ပုဒ်စလုံးကသီရိသုဓမ်မရာဇာမင်းထီးနန်းတက်ရာဇဘိသိတ်ကမုဒ်ဓါဘိသိတ်မဟာမဂ်လာပွဲတော်ကြီးအတွက်သီဆိုကပြ​ဖိုအမတ်(၂)ပါးရီးစပ်ခရေလိုသိရပါရေ ရခိုင့်နန်းသုံးတူရိယာကြေးကြိုးသားရေလီလက်ခုတ် ငါးမျိုးတူရိယာအနက်ဝါးပတ္တလားအဓိကပါပါရေ။

တေးခြင်း ၂-ပုဒ်လုံးကိုအကျွန်ရိုတီးဝိုင်းကအခင်ဖိုးခက်ဆိုပနာယင်းတေးခြင်းကိုရခိုင်သက္ကရာဇ် ၁၃၃၀ပြည့်နှစ်တီးဝိုင်းမှတ်တမ်းတင်နိုင်ခရေအတွက်တီးဝိုင်း၏မူရင်းအသံကိုနှစ် ၅၀ ကျော်အပျောက်မပျက်ထိမ်းသိမ်းထားခနိုင်လို့အဂုအကျွန်အောင်ကျော်သိန်း(စိုင်းဒြား)ကရခိုင်လူထုတိကြားသိ့နိုင်အောင်ဆက်လက်ဖော်ထုတ်တင်ပြလိုက်ပါရေ၊

*ပုံကတော့ရှစ်သောင်းဘုရားအတွင်း၊အပြင်ပတ်လမ်းကရခိုင့်တူရိယာတီးနီပုံကျောက်ဆစ်ရုပ်ကိုရီးဆွဲပုံဆွဲဖေါ်ပြပနါနန်းတွင်းရွှေဥဒေါင်းမောင်နှံသရုပ်ဖော်ပုံကိုလေ့ထည့်သွင်းဖော်ပြလိုက်ပါရေကြည့်ရှုနားဆင်သူအပေါင်းကိုကျေးဇူးတင်ဟိပါရေတေးခြင်းနန့်ကိုက်ညီနိုင်ရေပုံဖော်ဓါတ်ပုံတိအတွက်ဓါတ်ပုံပညာသျှင်တိကိုအထူးကျေးဇူးတင်ပါရေ။ နားဆင်ကြည့်ရှုသူတိကိုလေ့ကျေးဇူးတင်ပါရေ။

အောင်ကျော်သိန်း(စိုင်းဒြား)

Aung Kyaw Thein Saidara’s
YouTube:    / @aungkyawtheinsaidara_official  
Facebook: https://www.facebook.com/thuzar.khine...

"တောလုံး" by ဦးဖိုးခက် (စိုင်းဒြားတီးဝိုင်း) from "Saidara Band Records" remastered as a lyrics content in 2024, All rights reserved.

#တောလုံး #ဦးဖိုးခက်စိုင်းဒြားတီးဝိုင်း #အောင်ကျော်သိန်းစိုင်းဒြားစိန်ရတု‌မွေးနေ့အမှတ်တရ #၁၉၀၉၂၀၂၄ #HoME
   / @houseofmusiceternalshome  

show more

Share/Embed