ပိုက်ဆံပေးပြီးစစ်တိုက်ခိုင်းတာကိုလက်မခံနဲ့
TM MEDIA TM MEDIA
130K subscribers
77,915 views
5.7K

 Published On Sep 26, 2024

ဒီဗီဒီယိုကို ဒုတိယအကြိမ်ပြန်တင်တာပါ။ ဘာ့ကြောင့်ပြန်တင်သလဲဆိုတော့ ဒီဗီဒီယိုဟာ ပြည်သူလူထုအကြားမှာ ဘာပြဿနာမှမရှိပေမဲ့ တချို့နိုင်ငံရေးအဖွဲ့အစည်းတွေကတော့ ဒီသုံးသပ်ချက်ကို တော်တော်မုန်းကြပါတယ်။ ဘာ့ကြောင့်မုန်းသလဲ။ မုန်းသူမှာ မုန်းရတဲ့အကြောင်းရှိပါလိမ့်မယ်။

မုန်းသူရှိနေတာကိုက ဒီသုံးသပ်ချက်ဟာအရေးကြီးလို့ပဲလို့ယူဆပြီးပြန်တင်တာပါ။

တော်လှန်ရေးအတွက် ငွေကြေးထောက်ပံ့လှူဒါန်းတာက အလွန်လိုအပ်ပါတယ်။ အလွန်အရေးကြီးပါတယ်။ ဒါပေမဲ့ ငွေကြေးထောက်ပံ့လှူဒါန်းတာနဲ့ ပိုက်ဆံပေးပြီး စစ်တိုက်ခိုင်းတာနဲ့ မတူပါဘူး။
________________________

တော်လှန်ရေးကို NGO လုပ်ဟန်နဲ့ပုတ်ပြတ်ပေးလုပ်ကိုင်နေတာဟာ အလွန်အန္တရာယ်ကြီးတဲ့လုပ်ဟန်ဖြစ်ပါတယ်။ နေရာတကာမှာ NGO အထာနဲ့အံဝင်ခွင်ကျမဖြစ်နိုင်ပါ။ လူငယ်တွေကိုလေးစားမှ စွန့်လွှတ်စွန့်စားသူတွေကို တန်ဖိုးထားမှ တော်လှန်ရေးအောင်မြင်နိုင်ပါမယ်။
တော်လှန်ရေးအတွက် နံပါတ်တစ် အရေးကြီးဆုံးအချက်က ပြည်သူကိုဒုက္ခမပေးဖို့၊ နံပါတ်နှစ်အရေးကြီးဆုံးအချက်က တော်လှန်ရေးသမားတွေကို လေးစားဖို့ဖြစ်ပါတယ်။

show more

Share/Embed