C (3) ငြိမ်းရာသိမြင် နိဗ္ဗာန်ဝင်
Wimoteti Tayar Channel Wimoteti Tayar Channel
10K subscribers
34,598 views
406

 Published On Oct 30, 2020

ဆရာ ဦးမောင်မောင် (ပျဉ်းမနား) ၏ ငြိမ်းရာသိမြင် နိဗ္ဗာန်ဝင်

A - စင်‌ကြယ်သော မနော အစ
B - စင်‌ကြယ်သော မနော အလယ်
C - စင်‌ကြယ်သော မနော အ‌ဆုံး
D - ဝိမုတ္တိရသ ဖြင့် နေထိုင်နည်း

☆ အပ္ပမာဒေနသမ္ပာဒေထ ☆

အဝိဇ္ဇာလဲ မကင်းသေး။
မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ သိ၊ သတိ နဲ့နေလျှင် ကြိုးစားဆဲသာ။ သတိပဌာန် တော့ဖြစ်ပါ၏။

ဒုက္ခသစ္စာ ကိုပိုင်းခြား နိုင်ပြီဆိုလျှင် အာရုံဥပါဒါန်နက္ခန္ဓာ သည် အန္တဆင်းရဲ ကိုဖန်တီးသည့် ဖန်တီးရှင်ဟု သိပြီ။
ထိုတရား၏ မရှိသဘောကို မြင်၊ ကြား ၊ နံ၊ စား၊ ထိ၊ သိ၊ သတိ
ပြည့်စုံလျှင် သတိပဌာန်ဘာဝနာ ဖြစ်ပြီ။

လောက(အာရုံဥပါဒါနက္ခန္ဓာ) အစဉ်သုည သိမြင်ပြီး ဝိဇ္ဇာဥာဏ် ရ၍ မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ သိ၊ သတိ ဖြင့် နေနိုင်လျှင်
မဂ်ဘာဝနာ ဖြစ်ပြီ။

အဝိဇ္ဇာ မကင်းဘဲ မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ သိ ဆိုလျှင်
သံသရာစက် မှမလွတ်သေးပါ။

ဝိဇ္ဇာဥာဏ်နှင့် မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ သိ၊ သတိဆိုလျှင်
ဓမ္မစက် လည်ပါပြီ။

ဝိဇ္ဇာက သစ္စာသိ တဲ့ဥာဏ်၊ မဂ်ဥာဏ်၊ သစ္စာလွတ်မှ သံသရာကအပြီး အပိုင်လွတ်မှာပါ။

☆ အဝိဇ္ဇာ လက်ကလွတ်မှ ဝိမုတ္တိ စက်လည်မှပါ ☆

အာရုံကိလေသာ တရားတို့ကို အစဉ်ချုပ်၊ အစဉ်ငြိမ်း၊
အစဉ်ကုန်၊ အစဉ်လွတ် ပါတယ်လို့ ဥာဏ်ဖြစ်မယ် ဆိုလျှင်။

ဝိဥာဏ် သိက ငြိတယ်၊ လို့ပြောတာကို ဥာဏ်က ငြိပြီးသား
လို့သိမယ်ဆိုလျှင်။

အာရုံကိလေသာ တရားတို့ကို ပူလောင်နေပါတယ် လို့ပြောတဲ့ အခါ ပညာသိက ငြိမ်းပါတယ်၊ အာရုံ ဖြစ်ပြီး၊ ပျက်ပြီး သားလို့ သိမယ် ဆိုလျှင်။

အာရုံကိလေသာတရား တို့မကုန်ဘူးလို့ ပြောတာကို ကုန်ပါတယ်လို့ ပညာသိဖြင့် သိနိုင်လျှင်။

အာရုံကိလေသာတရား တို့မချုပ်ဘူး လို့ပြောတာကို ပညာဖြင့်ချုပ် ပါတယ်လို့ သိနိုင်မယ် ဆိုလျှင်။

☆ ဘုရားရှင်တိုင်းရဲ့အကြီမားဆုံး ဂရုဏာ ☆

မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ သိ ဖြစ်ပေါ် လာတဲ့တရား တွေကို

ခယဓမ္မာ အစဉ်ကုန် တဲ့ ပညာသိဖြင့်
ဝယဓမ္မာ အစဉ်မရှိ တဲ့ ပညာသိဖြင့်
နိရောဓဓမ္မာ အစဉ်ချုပ် တဲ့ ပညာသိဖြင့်
ဝိရာဂဓမ္မာ အစဉ်လွတ် တဲ့ ပညာသိဖြင့်

"အပ္ပမ္မာဒေနသမ္ပာဒေထ" မမေ့၊ မလျော့၊ မပေါ့ဆသော
သတိတရားဖြင့် နေရစ်ကြပါ ဆိုတာ ကျွန်တော်၊ ကျွန်မတို့ရဲ့ ဘုရားရှင် နောက်ဆုံး မှာကြားခဲ့တဲ့ အကြီးမာဆုံး ဂရုဏာ စကားဖြစ်ပါတယ်။

လွတ်မြောက်မှု သုခ အပြည့်ဖြင့် နေနိုင်ကြပါစေ။

7-1-2018 at 16:52 pm အနီးစခန်း နှီးဘုရား ပြင်ဦးလွင်
(Facebook ပေါ်မှ ဓမ္မမှတ်စုများ)
မြတ်သောဆရာ.....ဆရာဦးမောင်မောင်(ပျဉ်းမနား)

show more

Share/Embed