တောသူအချစ် တေးရေး ... ကိုသက်ဦး ၊ တေးဆို ... ပန်တျာတင်တင်မြင့်
ko aung naing oo ko aung naing oo
4.17K subscribers
30,787 views
553

 Published On Aug 5, 2021

❝ တောသူအချစ် ❞

တေးရေး ... ကိုသက်ဦး
တေးဆို ... ပန်တျာတင်တင်မြင့်

တောသူတွေမယ် အရိုးခံပါကွယ်

ချစ်တယ်ကြိုက်တယ် ဆိုလာပါတဲ့
ကိုလူညိုထွား မြို့ကြီးသားရယ်...

xxx

တောသူတွေမယ် အရိုးခံပါကွယ်

ချစ်တယ်ကြိုက်တယ် ဆိုလာပါတဲ့
ကိုလူညိုထွား မြို့ကြီးသားရယ်...

xxx

ချစ်လွယ်မုန်းလွယ် ကြောက်လှပါတယ်

မချစ်ဝံ့ ချစ်ဝံ့ မယုံမရဲ အသည်းမှာတုန်တယ်
တောသူလေးမှာတော့ကွယ်

xxx

ချစ်လွယ်မုန်းလွယ် ကြောက်လှပါတယ်

မချစ်ဝံ့ ချစ်ဝံ့ မယုံမရဲ အသည်းမှာတုန်တယ်
တောသူလေးမှာတော့ကွယ်

xxx

စေတနာ မေတ္တာ အရင်းခံနဲ့ရယ် ချစ်တတ်တယ်

ကျမတို့လေ ကြိုက်တတ်တယ်
တောသူတွေမယ် မူယာမာယာ မများတတ်ပါဘူးကွယ်
ချွဲရမှာကိုလည်း မသိဘူးတကယ်
နွဲ့ရမှာကိုလည်း တကယ်နားမလည်
ချစ်ရင်လည်း တကယ်ပဲ ချစ်တယ်
မုန်းရင်လည်း တကယ်ပဲ မုန်းတယ်
ချစ်သလို မုန်းသလို အပိုတွေလည်း မပြောတတ်တယ်

တောသူဆိုတာ တကယ့်ကိုရိုးတယ်
ဘာဘာညာညာတွေလည်း နားမလည်
ဟန်တွေပန်တွေကိုလည်း မတတ်တယ်

တောသူဆိုတာ တကယ့်ကိုရိုးတယ်
ဘာဘာညာညာတွေလည်း နားမလည်
ဟန်တွေပန်တွေကိုလည်း မတတ်တယ်

မြို့ကြီးသူမယ်တို့လို မပြင်တတ်တယ် မဆင်တတ်တယ်
မြို့ကြီးသူမယ်တို့လို မပြင်တတ်တယ် မဆင်တတ်တယ်
နူတ်ခမ်းနီပါးနီမဆိုးပါ
ရိုးရိုးသားသား တို့တောသူများ
စိတ်ထားကောင်းတဲ့ ခင်တတ်မင်တတ်
ဖော်ရွေတတ်ပါတယ်

xxx xxx

ရွှံ့တွေဗွက်တွေနဲ့ကွယ် တနေကုန်နေရပါတယ်
တောသူတွေမှာတော့ ၀တ်တာစားတာ ရိုးလှတယ်
xxx
ရွှံ့တွေဗွက်တွေနဲ့ကွယ် တနေကုန်နေရပါတယ်
တောသူတွေမှာတော့ဝတ်တာစားတာ ရိုးလှတယ်
xxx
သွားတာလာတာ နေတာထိုင်တာ
ခေတ်ကမဆန်ဘူးကွယ်
သွားတာလာတာ နေတာထိုင်တာ
ခေတ်ကမဆန်ဘူးကွယ်
တောမှာ မြို့အကြိုက်တွေမို့
ကောက်စိုက်ပျိုးနုတ် နေ၀င်မိုးချူပ်
အလုပ်နဲ့လက်နဲ့ မလည်

လှဖို့ပဖို့လည်း အချိန်မရှိပါတယ်
ကိုကိုရယ် မောင်မောင်ရယ်
မောင်မောင်ရယ် ကိုကိုရယ်
အဲဒီလို ကပ်ခါချွဲ ဪ .. ထပ်ကာတလဲလဲနဲ့
ပလီပလာ တီတီတာ မချွဲတတ်ဘူးတကယ်
ရိုး .. ရိုးပါတယ် ... အ .. အ ပါတယ်
ရိုးတယ် အ,တယ်ဆိုပီးတော့ကွယ်
အချစ်တွေလျှော့ပါလို့ ပေါ့ .. ပေါ့သွားမှာ
ပူမိတယ် ပူမိပါတယ်

အရိုးခံသဘောမို့
ဆိုးဥာဏ်မနောနဲ့ မောင်တို့ရယ်

တောသူဆိုတာ တကယ့်ကိုရိုးတယ်
ဘာဘာညာညာတွေလည်း နားမလည်
ဟန်တွေပန်တွေကိုလည်း မတတ်တယ်

တောသူဆိုတာ တကယ့်ကိုရိုးတယ်
ဘာဘာညာညာတွေလည်း နားမလည်
ဟန်တွေပန်တွေကိုလည်း မတတ်တယ်

မြို့ကြီးသူမယ်တို့လို မပြင်တတ်တယ် မဆင်တတ်တယ်
မြို့ကြီးသူမယ်တို့လို မပြင်တတ်တယ် မဆင်တတ်တယ်

နူတ်ခမ်းနီပါးနီမဆိုးပါ
ရိုးရိုးသားသား တို့တောသူများ
စိတ်ထားကောင်းနဲ့ ခင်တတ်မင်တတ်
ဖော်ရွေတတ်ပါတယ်

koaungnaingoo.blogspot.com

.

show more

Share/Embed