(43) ကြိုကြည့်၊ကြိုသိ၊ကြိုလုပ်၊လိုအပ်လျှင် ဘရိတ်သုံး၊ဒိထက်ပိုလိုအပ်လျှင် ရပ်လိုက်ပါ။
Myanmar Driving Licence Service Myanmar Driving Licence Service
12.4K subscribers
6,375 views
278

 Published On Sep 22, 2021

ကြိုကြည့်
ကြိုသိ
ကြိုလုပ်
လိုအပ်လျှင် ဘရိတ်သုံး
ဒိထက်ပိုလိုအပ်လျှင် ရပ်လိုက်ပါ။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ မိ
တ္ထီလာ၊ အခြေခံယာဉ်မောင်း/ ယာဉ်ပြင် သင်တန်းကျောင်းတက်ရောက်ခဲ့စဉ်က
ညွှန်မှူး ဆရာဦးကျော်ကျော်လတ် သင်ကြားပို့ချမှုလေးကို ယာဉ်မောင်းနေတဲ့အခါမှာ သတိရမိတယ်။

သတိရမိတာနဲ့ လက်တွေ့လိုက်နာကျင့်သုံးမိလို့ အန္တရာယ်ကင်းတဲ့ ယာဉ်မောင်းနှင်မှုမျိုး
တတ်မြောက်ခဲ့တဲ့အတွက် သင်ဆရာ/ မြင်ဆရာ/ ကြားဆရာများကို အထူးကျေးဇူးတင်ပါတယ်။

ကြိုကြည့်ဆိုတာဘာလဲ။
မိမိယာဉ်မောင်းနေစဉ်
ဘာတွေကိုကြိုကြည့်ရမှာလဲ။ ဘယ်လိုကြိုကြည့်ရမှာလဲ။
ဒါကတော့မိမိယာဉ်မောင်းအတွေ့အကြုံပေါ်မူတည်ပြီး
တစ်ယောက်နဲ့ တစ်ယောက်အယူအဆကွဲနိုင်ပါတယ်။
လိုက်နာကျင့်သုံးပုံတွေလဲကွဲနိုင်ပါတယ်။
ယေဘူယျအချက်တွေကိုဖော်ပြရမယ်ဆိုရင်ဖြင့်
၁။ အခြားလမ်းအသုံးပြုသူများ၏လှုပ်ခြားမှုအပြောင်းအလဲများနှင့် ၄င်းတို့ရဲ့အချက်ပြမှုများ။
(ဒါမှသာ သူဘာလုပ်ချင်တာလဲ။ ကိုယ်ဘာလုပ်ပေးရမလဲဆိုတာဆုံးဖြတ်နိုင်မယ်။
၂။ လမ်းညွှန်ဆိုင်းဘုတ်၊ လမ်းအမှတ်အသားများ၊ မီးပွိုင့်အချက်ပြမှုများ နှင့် ယာဉ်ထိန်းရဲအချက်ပြမှုများ။
(ဒီအချက်တွေကို ကြိုမကြည့်လို့မသိလိုက်မိရင် ယာဉ်စညး်ကမ်းဖောက်ဖျက်ရာကျနိုင်တယ်။
၃။ လမ်းပုံသဏ္ဍာန်/လမ်းအမျိုးအစား၊ မျက်နှာပြင်၊ လမ်းသွယ်/ လမ်းခွဲများ၊ ရာသီဥတု၊ နေ့အချိန်/ညအချိန်၊ မြင်ကွင်း၊
(ဒါမှ ယာဉ်မောင်းတဲ့အခါချောချူမယ်။)
၄။ မျက်ကွယ်များ၊ တောင်ကုန်းများ၊ အဆောက်အဦများ၊ သစ်ပင်၊ လမ်းကွေ့များကိုကြိုကြည့်ထားရမည်။ (မမြင်မိဖို့ အန္တရယ်နဲ့ကြုံရတာ။ မျက်ကွယ်များကို သေချာကြည့်မှ အန္တရယ်ကင်းမှာပါ။)
၅။ ရှေ့မျက်စေ့တစ်ဆုံး၊ (သင်ဆရာမြင်ဆရာတွေကတော့ ရှေ့မျက်စေ့တဆုံးကြိုကြည့်ဖို့သင်ကြားပေးပါတယ်။)
၆။ မိမိအသုံးပြုနေတဲ့ လမ်းမှာရှိနေတဲ့ ယာဉ်ကြောတွေ၊ မိမိသွားလိုတဲ့ယာဉ်ကြောပေါ်ချဉ်းကပ်ထားတာဟုတ်/မဟုတ် ကြိုကြည့်ရပါမယ်။ (ဒါမှ သွားလိုရာ သွားနိုင်မှာဖြစ်ပါတယ်။
၇။ မိမိယာဉ်ကြောအတွင်း ရှေ့မှာ ကွေ့ကားရှိလို့ လမ်းကြောင်းပြောင်းရန်လို/ မလို၊ မိမိယာဉ်ကြောအတွင်း
အခြားယာဉ်များ ဝင်လာနိုင်မှုရှိ/မရှိကြိုကြည့်ထားမှ ပြည့်စုံပါမယ်။
၈။ အဓိကအားဖြင့် မမျှော်လင့်ဘဲ ဝင်ရောက်လာနိုင်သည့် အန္တရာယ််များကိုလည်းကြိုကြည့်ထားမှ အချိန်မီချောင်တိမ်းနိုင်မှာဖြစ်ပါတယ်။

ဘယ်လိုကြိုကြည့်ရမလဲ။ -
ယာဉ်မောင်းစဉ်ကြည့်တိုင်းကြည့်တိုင်း - နောက်ကြည့်၊ ရှေ့ကြည့်၊ နောက်ပြန်ကြည့်၊ ရှေ့ပြန်ကြည့် ပုံစံကြည့်ရပါမယ်။
လမ်းကူးသူများ သတိပေးသလို ဘယ်ကြည့်၊ ညာကြည့်၊ ဘယ်ပြန်ကြည့် ညာပြန်ကြည့် အန္တရယ်ကင်းမှ ကူးဆိုသလိုပါဘဲ။

ဘာတွေကနေကြည့်ရမလဲ။
- ရှေ့လေကာမှန်၊ နောက်ကြည့်မှန်၊ ဘေးမှန်များ နှင့် လိုအပ်လျှင် ခေါင်းလှည့်ကြည့်ခြင်းများဖြင့် မြင်နိုင်
သည့်အရာများကိုကြည့်။ မမြင်နိုင်သည့် အရာများကို အတွေ့အကြုံ၊ လေ့ကျင့်ထားမှုများနှင့်ကြည့်ပါ။
(ဥပမာ။ မြင်နေတဲ့ အခြားလမ်းအသုံးပြုနေသူများနဲ့ လမ်းညွှန်များ၊ လမ်းပုံသဏ္ဍာန်၊ အဆောက်အဦတွေကို မျက်စေ့ဖြင့်ကြည့်၍မြင်နိုင်ပေမဲ့၊
မိမိကားရဲ့ အင်ဂျင်စွမ်းအား၊ အရှိန်၊ ဘရိတ်မိနိုင်သည့်အကွာအဝေး၊ မိမိကားရှေ့ရောက်လာနိုင်သည် ကားများ၊ လူများ၊ မိမိကကျော်တတ်လိုသည့်ကားနှင့် မိမိအားကျော်တက်မည့်ကားတို့ရဲ့သွားနှုန်းအရှိန်၊ မျက်ကွယ်မှာရှိနေ နိုင်တဲ့အရာတွေ့ကိုတော့ အလေ့အကျင့်နဲ့ အတွေ့အကြုံအရဘဲသိနိုင်၊ မြင်နိုင်၊ ကြည့်နိုင်ပါသည်။
ပထမ မှန်များမှ မြင်နိုင်တဲ့အရာတွေကိုကြည့်၊ ရှင်းတယ်၊ အန္တရာယ်ကင်းတယ်ဆိုရင် အချက်ပြ၊ ပြီးရင် ခေါင်းလှည့် ပြီးမမြင်နိုင်တဲ့ မျက်ကွယ်နေရာတွေပါသေချာကြည့်၊ အန္တရာယ်ကင်းတာသေချာပြီဆိုမှ ကားကိုရွေ့စေပါ။

ကြိုကြည့်နည်းတွေက ယာဉ်မောင်းတစ်ဦးနဲ့ တစ်ဦးအတွေ့အကြုံအရ
ကွဲပြားနိုင်ပေမဲ့ ယာဉ်မောင်းရင် ကြိုကြည့်ဖို့ကတော့ လိုကိုလိုပါတယ်။

ဘာတွေကြိုသိထားရမလဲ။
၁။ မိမိယာဉ်ရဲ့အခြေအနေ၊ ကိုယ်ထည်အကျယ်/အလျားအရှည်၊ အင်ဂျင်စွမ်းအား၊ စတီယာရင်စွမ်းအား၊ ဘရိတ်အခြေအနေ၊ မောင်းနေတဲ့အရှိန်၊ ရုတ်တရက်ရပ်နိုင်တဲ့အကွာအဝေးတို့ကိုကြိုသိထားရမည်။
၂။ အဆင်ပြေစွာဆောင်ရွက်နိုင်သည့်နေရာဟုတ်/ မဟုတ်။ အန္တရာယ်ကင်း/ မကင်း။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ညီ/ မညီကြိုသိရမည်။
၃။ အမှန်တကယ်ကျော်တက်ရန်လို/ မလို၊ ကျော်တက်မည်ဆိုလျှင် ကျော်တက်သင့်သည့်နေရာ၊
ကျော်တက်ရမည့်အချိန်၊ ရှေ့ယာဉ်ကြောရှင်းမရှင်း။
၄။ မိမိယာဉ်ကြောရှိဘတ်စ်ကားမှတ်တိုင်များရှိသည့်နေရာကိုကြိုသိထားမှ ခွါမောင်းခြင်း၊
ကျော်တက်ခြင်းကို မှန်ကန်စွာလုပ်နိုင်မည်။
ယာဉ်မောင်းအတွေ့အကြုံကသင်ပေးသမျှ ကြိုသိရမည့်အချက်များ ကွဲပြားနိုင်ပါတယ်။

ဘာတွေကို ကြိုလုပ်ရမှာလဲ။
၁။ အခြားလမ်းအသုံးပြုသူများအား မိမိဘာလုပ်မည်ဆိုတာကို
အချက်ပြမီး/ လက်တို့နှင့် သင့်တော်သောအချိန်၊ လုံလောက်သောအချိန်အတွင်း
လုံလောက်သောအကွာအဝေးကနေ အချက်ပြ အသိပေးခြင်းလုပ်ရမည်။
(ဒါမှ အခြားသူကြိုတင်သိမြင်/ ပြင်ဆင်နိုင်မည်ဖြစ်ပြီး အန္တရယ်ကင်းတဲ့ ခရီးဖြစ်ပါမယ်။)
၂။ မိမိယာဉ်ကြောကို ချဉ်းကပ်နေရာယူတဲ့အခါမှာ စတီယာရင်ကိုမြဲမြံစွာကိုင်တွယ်၍
နိုင်နင်းတဲ့ဂီယာ/ နိုင်နင်းတဲ့အရှိန်တို့နှင့်ဆုံးဖြတ်ဆောင်ရွက်များပြုလုပ်မှ
အခြားလမ်းအသုံးပြုသူများကို စိတ်အနှောက်အယှက်မဖြစ်၊ လုံခြုံစိတ်ချမှုပေးနိုင်မှာဖြစ်ပါတယ်။
၃။ မောင်းနှင်တဲ့နေရာမှာ ယာဉ်တစ်စီးနဲ့ တစ်စီးကြားထားရှိရမည့်အကွာအဝေးအတွင်းကြိုတင်ထားရှိမှ
၄။ စထွက်ခြင်း၊ မောင်းနှင်ခြင်း၊ ကွေ့ဝင်ခြင်း၊ ရပ်တန့်ခြင်းတို့ကို အခြားလမ်းအသုံးပြုသူများ
အန္တရယ်ကင်းအောင်ကြိုတင်လုပ်ဆောင်တတ်ဖို့လိုပါတယ်။
တစ်ခုခုအခက်အခဲနဲ့ကြုံလာရင်လိုအပ်လျှင် အရှိန်လျှော့လျော့ဖို့ ဘရိတ်သုံး။
ဒိထက်ပိုလိုအပ်လျင် ရပ်တန့်ခြင်းကြိုလုပ်ဖို့များလိုအပ်ပါတယ်။

ဒီကြိုကြည့်၊ ကြိုသိ၊ ကြိုလုပ် ဆိုတဲ့ဆောင်ပုဒ်ကို ယာဉ်မောင်းသူရဲ့ စိတ်နေသဘောထားနှင့် ပေါင်းစပ်ပြီး
ကြိုတင်တွက်ဆ/ အာရုံစူးစိုက်၍ မှန်ကန်စွာဆုံးဖြတ်မှုနှင့် မြန်ဆန်စွာတုံ့ပြန်မှုများပြု
လုပ်ပြီး အများပြည်သူဆိုင်ရာ နေရာတွင် အခြားလမ်းအသုံးပြုသူများနှင့် အံဝင်ကွင်ကျဖြစ်အောင်ယာဉ်မောင်းနှင်တတ်ကြပါစေ။

show more

Share/Embed