သင်က စိတ်တိုလွယ်တဲ့ ပုတီးသမားဆိုရင် ဒီ Video ကို ကြည့်ဖြစ်အောင်ကြည့်ပါလေ…
Cosmic Awakening: Enlightenomad Yang Shinns Cosmic Awakening: Enlightenomad Yang Shinns
15K subscribers
4,172 views
279

 Published On May 7, 2023

“ပုတီး စိပ်တယ်ဆိုတာ စိတ်အလုပ် မဟုတ်လား အဲဒီတော့ လုပ်နည်းမမှန်ရင် အဲဒီအလိုပဲ စိတ်တိုတာတို့ ၊ အလိုမကျတာလို့၊ အကြောင်းမဲ့ ဒေါသကြီးတာတို့ ဖြစ်လာတော့တာပေါ့”
အဘဆရာကြီးမင်းသိင်္ခရဲ့ မနောမယစိပ်ပုတီးစာအုပ်မှ

လိုတိုင်းတ ရနိုင်တဲ့ စိတ်တန်ခိုး စွမ်းအား တနည်း စကြာဝဠာကြီးရဲ့ စွမ်းအားတွေ ရရှိဖို့အတွက် လုပ်နည်းလုပ်ဟန်တွေ များစွာရှိတဲ့အထဲမှာ ဒီတစ်ခေါက်တော့ အလွယ်ဆုံး စိတ်တန်ခိုး ပါဝါ ဖြည့်နည်း၊ ထည့်နည်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ဒီကျင့်စဉ် ဒါမှမဟုတ် နည်းလမ်းက ဖြေးဖြေးမှန်မှန်နဲ့ အချိန်ယူလုပ်ဖို့လိုပါမယ်။ အိပ်ရာဝင်ခါနီး အချိန်တွေမှာ စတင်လုပ်ဆောင်ကြည့်ဖို့ တိုက်တွန်းပါရစေ။ ဖြေလျှော့လို့ မပြီးသေးခင်မှာပင် အိပ်ပျော်သွားတတ်တာကို ကြုံရပါလိမ့်မယ်။ မနက်နိုးထလာရင် အင်မတန်ကိုမှ လန်းလန်းဆန်းဆန်း ဖြစ်နေမယ်ဆိုတာ သင်လက်တွေ့ ကြုံတွေ့ခံစားရပါလိမ့်မယ်။ စိတ်တန်ခိုးအတွက် မရည်ရွယ်ပဲ ဖြေလျှော့ခြင်းကို စိတ်ဝင်စားလို့ဖြစ်ဖြစ် ကျန်းမာရေအတွက် လုပ်ဆောင်လိုသူတွေက အိပ်ပျော်သွားတာ အထူးကိစ္စမရှိလှပါ။

သို့သော် စိတ်တန်ခိုး သို့မဟုတ် စကြာဝဠာစွမ်းအင်ကို ဖြည့်ချင်၊ ထည့်ချင်တဲ့သူတွေက ဖြေလျှော့နေရင်း အိပ်မပျော်သွားအောင် ဂရုစိုက် သတိရှိဖို့လိုသလို ဖြေလျော့မှုတွေ ပြုလုပ်ပြီး သမာဓိအား တက်လာပြီးနောက် အဓိဋ္ဌာန်ပုတီးစိပ်တာ၊ တရားဘာဝနာရှုမှတ်တာ၊ မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းဖြန့်ဝေခြင်းပြုလုပ်တာတွေ ဆက်လုပ်မယ်ဆိုရင်တော့ သင်တို့ရဲ့ စိတ်တန်ခိုးတွေ တစ်နေ့တစ်ခြား တိုးတက်လာမယ်ဆိုတာ ကျုပ် ရဲရဲကြီး အာမခံနိုင်ပါတယ်။

ဗုဒ္ဓမြတ်စွာဘုရားကလည်း
"ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံယဿ နကမ္မတိ၊ အသောကံ ဝိရဇံ ခေမံ"
လောကဓမ္မေဟိ – လောကဓံတရားတို့နှင့်၊ ဖုဋ္ဌဿ – ကြုံရသော၊ ယဿ – အကြင် ရဟန္တာပုဂ္ဂိုလ်၏၊ စိတ္တံ – စိတ်သည်၊ နကမ္ပတိ – မတုန်လှုပ်၊ အကသာကံ – စိုးရိမ်ပူဆွေးခြင်းလည်းမရှိ၊ ဝိရဇံ – ရာဂစသော မြူတွေလည်းမရှိ၊ ခေမံ – ဘေးလည်းမရှိ။ လို့ ဆိုတဲ့အတိုင်း
လောဂဓံတရားတွေကို တုန်လှုပ်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ နှစ်သက်စွဲလန်းခြင်းတွေမရှိဘဲ အေးဆေးတည်ငြိမ်ပျော့ပြောင်းတဲ့ စိတ်နဲ့သာ ရင်ဆိုင်ကျော်လွှားမယ်ဆိုရင်တော့ သင်တို့ ဘဝတွေ အောင်မြင်ပျော်ရွှင် စိတ်အေးချမ်းသာနေမှာပဲဖြစ်ပါတယ်ခင်ဗျာ…။

00:00 မိတ်ဆက်
01:00 စိတ်တံခါးတွေကို စိတ်နဲ့ဖွင့်ခြင်း
01:33 စိတ်တံခါးဖွင့်ခြင်း ပထမအဆင့်
01:55 စိတ်တံခါးဖွင့်ခြင်း ဒုတိယအဆင့်
10:28 စိတ်တံခါးဖွင့်ခြင်း တတိယအဆင့်
12:31 နက်နက်နဲနဲ ဖြေလျှော့ခြင်း၊ စိတ်တန်ခိုး ထည့်သွင်းခြင်း၊
22:21 ကျန်းမာရေးအတွက်ရည်ရွယ်သူတွေ အိပ်ပျော်သွားရင်...
23:06 စိတ်တန်ခိုးအတွက် အိပ်မပျော်အောင် သတိရှိရမယ့်အပြင်
23:47 စိတ်ကျင့်စဉ်တွေမလုပ်ခင် စိတ်နဲ့ အကြောအခြင် အရင်လျှော့ဖို့လိုတယ်…
24:56 မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကလည်း…
25:55 နိဂုံး

အခြား Video များကို ဆက်လက်ကြည့်ရှုရန်
အစွမ်းထက် ဥုံမဏိပဒ္မေဟုံ ဂါထာ #လိုအင်ဆန္ဒပြည့်ဝစေ
   • အစွမ်းထက် ဥုံမဏိပဒ္မေဟုံ ဂါထာ #လိုအင်...  
၉ နဝင်း အဓိဋ္ဌာန်ဝင်သူတိုင်း မိုးလင်း နိုင်မယ့် အစွမ်းထက် နည်းလမ်းများ #အောင်ပြီအောင်ပြီ
   • ၉ နဝင်း အဓိဋ္ဌာန်ဝင်သူတိုင်း မိုးလင်း...  
စကြာဝဠာစွမ်းအင်ကိုသုံးပြီး ဂုဏ်တော်ကွန်ချာနဲ့ တစ်သားတည်းဖြစ်အောင်လုပ်နည်း #ဈေးရောင်းအကောင်းဆုံးဂါထာ

#YangShinns
#EnlightenmentYourFuture
#baydin
#Enlightenomad
#CosmicAwakening

show more

Share/Embed