လူ ၁၀၀ ကျော် မြေကြီးဖုံးသေဆုံးခဲ့တဲ့ သပြေပင်ရွာမြင်ကွင်း
Ayeyarwaddy Times Ayeyarwaddy Times
88.8K subscribers
110,482 views
1.4K

 Published On Sep 19, 2024

စက်တင်ဘာလ ၁၀ ရက်နေ့က ရေကြီးရေလျှံမှုတွေဖြစ်ပွားပြီးနောက် ရွှေတောက မြေစာတွေပြိုကျလို့ လူ ၁၀၀ ကျော် သေကြေပျောက်ဆုံးခဲ့တဲ့ ရမည်းသင်းမြို့နယ်၊ သပြေပင်ရွာမြင်ကွင်းကို ရေဘေးအလှူရှင်တချို့ ကွင်းဆင်းလှူဒါန်းချိန်မှာ မှတ်တမ်းတင်ခဲ့သောရုပ်သံဖိုင်ဖြစ်ပါတယ်။

ပေါ်ထွက်လာတဲ့ ရုပ်သံဖိုင်မှတ်တမ်းတွေအရ သပြေပင်ရွာက အိမ်ခြေရာနဲ့ချီ မြေကြီးအောက် နစ်မြုပ်ခဲ့သလို အိမ်ခြေမြင့် နှစ်ထပ်အိမ်တွေဟာ အောက်ထပ်တစ်ခုလုံး မြေကြီးဖုံးသွားတဲ့အထိ မြေပြိုမှု ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့တာ တွေ့ရပါတယ်။

ကြီးမားစွာထိခိုက်ပျက်စီးခဲ့တဲ့ သပြေပင်ရွာဖြစ်စဉ်မှာ လူ ၈ ဦးသာသေဆုံးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပေမယ့် ဒေသခံတွေအဆိုအရ လူ ၁၀၀ ထက်မနည်း သေကြေပျောက်ဆုံးခဲ့တယ်လို့ သိရပါတယ်။

#Ayeyarwaddy_Times #ရမည်းသင်း #သပြေပင်ရွာ #မြေပြိုမှု

show more

Share/Embed