ဝေးခဲ့ပြီပန်းခရမ်းပြာ - ခင်မောင်တိုး
Tristan Music Tristan Music
49.1K subscribers
457 views
0

 Published On Dec 11, 2023

Title - ဝေးခဲ့ပြီပန်းခရမ်းပြာ
Artist - ခင်မောင်တိုး
Composer - ကိုရဲလွင်+ကိုအောင်ဝင်း

Lyrics

ဟိုတုန်းက... ညနေခင်းများ
ကြည်ပြာကန်ဘေးမှာ
သံစဉ်လှိုင်းခတ်
တေး...ဖွဲ့လွင့်ပျံ့နေတတ်စဉ်
ကမ်း...မဲ့ပန်းဗေဒါများ
ရေပြင်ပေါ်မှာ မှီရာတည်ရာ
စွန့်ခဲ့မျောလို့နေတော့တယ်...
ကြွေသွားတဲ့... နုပျိုခြင်းများ
လှောင်ရယ်သံကြားမှာ မတည်ငြိမ်သေးခဲ့
ငြီးငွေ့ စိတ်ပျက်နေရစဉ်
အပြစ်မဲ့အလွမ်း ခြေရာများ
နာကျင်နေသူ ရင်မှာထင်ကျန်
တယုတယ ထွေးပိုက်နေခဲ့တယ်...
ဝေးခဲ့ပြီ ပန်းခရမ်းပြာရေ
တစ်ခါတရံမှာ အိပ်မက်လို
ပင်ညိုညိုရိပ်တွေ မြမြက်စိမ်းစိမ်းတွေ
ဘယ်ဆီမှာလဲ မသိတော့ပါ...
မျှော်လင့်ချက်... မနက်ဖြန်ရက်များ
အဆင်မပြေနိုင် သေးခင်
ယုံကြည်တမ်းတ
အသိ...စိတ်လမ်းလျှောက်နေဖြစ်စဉ်
စခန်းမဲ့နားခိုရာလည်း..
ဘယ်ဆီဘယ်မှာ ရည်ရွယ်ရာကို
အခုထိ လက်မလျော့နိုင်ဘူးကွယ်...
ဝေးခဲ့ပြီ ပန်းခရမ်းပြာရေ
တစ်ခါတရံမှာ အိပ်မက်လို...
ပင်ညိုညိုရိပ်တွေ မြမြက်စိမ်းစိမ်းတွေ
ဘယ်ဆီမှာလဲ မသိတော့ပါ...
ဝေးခဲ့ပြီ..... ဝေးခဲ့ပြီ....
ဝေးခဲ့ပြီ..... ပန်းခရမ်းပြာရေ
ဝေးခဲ့ပြီ..... ဝေးခဲ့ပြီ....
ဝေးခဲ့ပြီ..... ပန်းခရမ်းပြာရေ
ဝေးခဲ့ပြီ..... ဝေးခဲ့ပြီ....
ဝေးခဲ့ပြီ..... ဝေးခဲ့ပြီ.........

#tristanmusic #ခင်မောင်တိုး

show more

Share/Embed