ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်ကောင်စီတပ် ပစ်သတ်ခြင်းဖြစ်ဟု မျက်မြင်ဆရာတော် မိန့်ကြား
Myanmar Now News Myanmar Now News
718K subscribers
119,121 views
3K

 Published On Jun 20, 2024

ပဲခူးတိုင်းက ဆရာတော်ကို စစ်ကောင်စီအဖွဲ့ဝင်များက ပစ်ခတ်ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေပါရှိသူ ဆရာတော်က ထုတ်ဖော်ပြောကြား
…………………….
ပဲခူးတိုင်း ဝင်းနိမ္မိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် အရှင်မုနိန္ဒာဘိဝံသ သည် စစ်ကောင်စီတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ကွယ်လွန်သွားရခြင်းဖြစ်ကြောင်း ဖြစ်စဥ်တွင် ကားထဲ၌အတူပါရှိသည့် မျက်မြင်သက်သေဆရာတော်က ယနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

စစ်တပ်ကမူ အခင်းဖြစ်သည့် မြို.နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဆရာတော်များပါရှိသည့် ကားပစ်ခတ်ခံရခြင်းဖြစ်ကြောင်း လိမ်လည်ထုတ်ပြန်ထားသည်။

ဆရာတော်၏ ယနေ့ ဇွန်လ ၂၀ ရက်နေ့တွင် ပြောကြားချက်အပြည့်အစုံမှာ

"ဝိုင်းပြီးတော့ ဖောကားပေါ်ကနေ ပစ်လိုက်တာ ခုနစ်ချက်၊ ရှစ်ချက်လောက်ရှိပါတယ်။ ဝင်းနိမ္မိကာရုံဆရာတော်ကတော့ တစ်ဘဝတစ်ခန္ဓာရုတ်သိမ်းသွားပါတယ်ဘုရား။ တပည့်တောကတော့ ခေါင်းရယ်၊ ကားရဲ့မှန်စထိပါတယ်ဘုရား။ တပည့်တော်အပြင်ဘက်ရောက်တဲ့အခါ ခင်ဗျားတို့ရက်စက်လှချည်လားဗျာ။ ဘုန်းကြီးတွေ ဒီလောက်ရက်စက်ရသလားလို့ ဖောကားပေါ်မှာပါတဲ့၊ ရှင်းရှင်းပြောရရင် စစ်ဗိုလ် စစ်သားတွေ၊ ရက်စက်လှချည်လားဆိုတော့ အရှင်ဘုရားတို့က ဘုန်းကြီးမှန်းမသိလို့ပါတဲ့၊ ကားတံခါးလည်းပိတ်ထားတော့ ရန်သူကားထင်လို့ တပည့်တော်တို့ ပစ်ပါတယ်ဘုရားတဲ့၊ သူတို့ကိုယ်တိုင်ဝန်ခံပါတယ်။ အဲ့ဒီတော့ ဝင်းနိမ္မိကာရုံဆရာတော်က ကားထဲမှာ ဘုရားတပည့်တော်က အပြင်ဘက်မှာ။ ဆရာတော်တဲ့ ကားနားကိုမကပ်ပါနဲ့၊ ဆရာတော်ဝေးဝေးနေပါတော့။ ကားဆရာက လက်ပဲထိမှန်တယ်။ လက်သုံးချောင်းလည်းပြက်သွားတယ်။ ဘုန်းကြီးကတော့ မှန်စလေးပဲမှန်တာပေါ့။ အရှင်ဘုရားတို့ ကားနားမကပ်ပါနဲ့တဲ့။ အရှင်ဘုရားတို့ ဘုန်ကြီးလည်းပြီးပါတော့။ ဘယ်မှလည်းဖုန်းမဆက်ပါနဲ့တဲ့။

အဲ့ဒီနေရာမှာ နှစ်နာရီလောက်ကြာပါတယ်။ ဘုရားတပည့်တော်တို့ ဆွမ်းလည်းမဘုန်းပေးရပါဘူး။ အဲ့ဒီလို နှစ်နာရီလောက်ကြာပြီးမှာ
ဒကာတို့ ဒီအတိုင်းနေလို့တော့မဖြစ်ဘူး။ ပျံလွန်တော်မူတဲ့ပုဂ္ဂိုလ်ကက ပျံလွန်တော်မူသွားပြီ၊ ဘုန်းကြီးကအသက်ရှိသေးတယ်။ ဘုန်းကြီးကကုရဦးမှာ။ ရွာကိုပြန်ခွင့်ပြုပါဆိုတော့ တော်တော်နဲ့မပြုပါဘူး။ နောက်ကျမှ ရွာကြွပါဘုရား။ အရှင်ဘုရားရဲ့ဖုန်းတွေတော့ထားခဲ့ပါဘူရား။ ဖြစ်တာက ၁၀ နာရခွဲကျော်ကျော်ကဖြစ်ပါတယ်။၄ နာရီ၊ ၅ နာရီကျမှ သူတို့က ဒီဆရာတော်တွေဟာ သာမည ဆရာတော်တွေမဟုတ်ဘူး။ ရွှေကျင်ဂိုဏ်းကြီးရဲ့ ဗဟိုအလုပ်အမှုဆောင်ဆရာတော်တွေဖြစ်တယ်ဆိုပြီးတော့ အဲ့ဒီကျမှ သူတို့က ပြာပြာသလဲနဲ့ ဘုန်းကြီးတို့ကားနားကပ်လာပါတယ်။ အဲ့ကျမှ သူတို့လုပ်စရာရှိတာတွေလုပ်၊ တံတားဦးထိအောင် တပည့်တော်တို့ ကားနဲ့လိုက်ပို့ပါမယ်ဘုရား။ အရှင်ဘုရားကားကို။

ကိစ္စမရှိဘူး ဒကာကြီးတို့ ဘုန်းကြီးတို့ မန္တလေးမှာ အကုန်စီစဉ်ပြီးသား။ မန္တလေးက ဗဟိုဌာနက ဆရာတော်တွေကလည်း အကုန်လုံး ပူနေပါတယ်။
မန္တလေးက ကုသိုလ်တောကားနဲ့ ဘုန်းကြီးတို့ စီစဉ်ပါတယ်။ အဲံသလို ဘုန်းကြီးတို့မှာ ဒုက္ခအမျိုးမျိုးရောက်ရပါတယ်။ ဘုန်းကြီးတော့ ဒုက္ခကို ဒုက္ခမှန်းမသိဘူး။ ဘုန်းကြီးရဲ့ --- အလွန်အင်မတန်မှ စာတော်တဲ့၊ သာသနာမှာ အင်မတန်မှ အားကိုးရတဲ့ ဝင်းနိမ္မကာရုံ ဆရာတော်အတွက် ဆုံးရှုံးရတဲ့ ဘုန်းကြီးဟာ (ယူကျုံးမရဖြစ်ရပါတယ်)"

ငါးနာရီလောက်မှာ ဘုန်းကြီးတို့ ရွာက ဘုန်းကြီးဒကာကားနဲ့ တံတားဦးလာပါတယ်။ ခုနက ကုသိုလ်တော်ကားကလည်းပဲ ရောက်လာပါတယ်။ တံတားဦးဆေးရုံကိုမောင်းပါတယ်။
ဒီက ညွှန်ကြားတာက ဆေးလည်းမထိုးပါနဲ့ဘုရား။ ဘာမှမလုပ်ပါနဲ့ဘုရား။ တပည့်တော်တို့ လာယူပါမယ်ဆို‌တော့၊ ဆေးလည်းမထိုးဘူး။ ဘာမှလည်းမလုပ်ဘူး။ နောက်ကျမှ မဟာဝိသုဒ္ဓါရုံတိုက်က ရွှေကျင်ဆရာတော်က ၊ ဆရာတော် မထိုးလို့တော့မဖြစ်ဘူး။ ကြာကြာခံမှာမဟုတ်ဘူး။ ထိုးရမယ် မန္တလေးက ခေါ်ခဲ့မယ်ဘုရားဆိုပြီး မန္တလေးက ဆရာဝန်ခေါ်ခဲ့တယ်။ တံတားဦးဆေးရုံပေါ်မှာ။ တံတားဦးဆေးရုံဆိုတာ အရင်တုန်းကမြို့နယ်ဆေးရုံပါ။ အခုတော့ ခရိုင်ဆေးရုံပေါ့၊ မပြည့်စုံပါဘူး။ ဘုန်းကြီးတို့အဲ့ဒီမှာတော်တော်ကြာပါတယ်။ ကြာတဲ့အခါမှာ ဘုန်းကြီးတို့ကို သိပ်မကူညီပါဘူး။ ဘယ်ဘက်ရယ်မှ မဆိုလိုဘူးနော်။ ပီဒီအက်ဖ်တွေလို့မဆိုလိုဘူး။ အစိုးရလို့လည်းမဆိုလိုဘူး။ ဘုန်းကြီးတို့ကတော့ ဘယ်သူ့ကိုမှ မပြောလိုဘူး။ နာမည်မထုတ်လိုဘူး။ ဘုန်းကြီးတို့မှာတော့ ဆုံးရှုံးသွားပြီ။ အန္တရာယ်တွေဖြစ်သွားပြီ။

ဘုန်းကြီးမှာ ခနခန လာစစ်တယ်။ သူတို့လိုချင်တဲ့ စကားလုံးရအောင် ဘုန်းကြီးကို ခနခနလာစစ်တယ်။ ဘုန်းကြီးကလည်း အမှန်အတိုင်းပြောတယ်။ ဖော်ကားပေါ်ကနေ သေနတ်နဲ့ ခုနစ်ချက် ရှစ်ချက်ပစ်တယ်။ ဘယ်သူပစ်တယ်လို့ ဘုန်းကြီးတို့မဆိုလိုဘူး။ တောဘက်ကလည်းဖြစ်ချင်ဖြစ်မယ်။ မြို့ဘက်ကလည်းဖြစ်ချင်ဖြစ်မယ်။ ဘုန်းကြီးတို့မပြောလိုဘူး။ သူတို့လိုချင်တဲ့စကားလုံး မရဘူး။

ဘုန်းကြီးကို တံတားဦးဆေးရုံမှာ ၃/၄ခါလောက်လာစစ်တယ်။ အဲ့ဒီမှာ တံတားဦးဆေးရုံကနေပြီမှာ ဆရာတော်ဘုရားကြီးဘုရား နန်းတွင်းကြွပေးပါဦး၊ ဆရာတော်ဘုရားကြီးရဲ့ ဖြစ်နေတဲ့ ထိရှတဲ့ဟာလည်းပဲ တပည့်တော်တို့ ဆေးကုပေးပါမယ်ဘုရားတဲ့။

တိုင်းမှူးက မေးစရာရှိတာတွေလည်း မေးပါဦးမယ်ဘုရား။ ဘုန်းကြီးတို့ နန်းတွင်း(အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်)ထဲသွားပါတယ်။ ဘုန်းကြီးတို့ ဝိသုဒ္ဓါရုံ စည်ရှင်ကျောင်းက ကားနဲ့သွားပါတယ်။ သူတို့မေးချင်တာ မေးတာပါပဲ။ မေးပြီးတော့ ဘုန်းကြီးရဲ့ ခေါင်းကို မှန်စလေးကို ထုတ်ပေးပါတယ်။ ၃ ချက် ချုပ်ပါတယ်။

ပတ်တီးစည်းပေးလိုက်ပါတယ်။ ၉ နာရီထိအောင် နန်းတွင်းထဲမှာ မပြန်ရသေးပါဘူး။ စစ်ဆေးနေတာပါပဲ။ ဘုန်းကြီးကို နန်းတွင်း(အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်)ထဲကျတော့ ငါးခါလောက် စစ်ဆေးပါတယ်။ ဒါပေမယ့် ဘုန်းကြီးကတော့ ရှေ့ကပြောပြီးသားစကားကို နောက်စကားနဲ့တူညီအောင် ဘုန်းကြီးထွက်ဆိုပါတယ်။

၁၀ နာရီခွဲကျမှ ဘုရားတပည့်တော့ စည်ရှင်ကျောင်း၊ မဟာဝိသုဒ္ဓါရုံတိုက်ကို ရောက်ပါတယ်။ မနက် ၄ နာရီခွဲကျော်ကျော် အာရုံရောက်တော့ ဆွမ်းကပ်ပါတယ်. ဆွမ်းဘုန်းပေးခဲ့ပါတယ်။ ညက ဝင်းနိမ္မိကာရုံ ဆရာတော်ရဲ့ ရုပ်ကလာပ်ကို သယ်သွားကြပါတယ်။

၄ နာရီရောက်တယ်လို့၊ ဖုန်းဆက်ပါတယ်။
အဖြစ်အပျက်ကတော့ ခရီးသွားလို့မဟုတ်ပါဘူး။ ရွှေကျင်ဂိုဏ်းရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးသွားခြင်းသာဖြစ်ပါတယ်။ ဘုန်းကြီးတို့က ရန်သူလည်းမဟုတ်ပါဘူး။ ဒါပေမယ့် ဆုံးရှုံးမှုတော့ ကြီးမားသွားပါတယ်။

show more

Share/Embed