အမေ့အိမ် - ထူးအိမ်သင်
Tristan Music Tristan Music
49.1K subscribers
659 views
11

 Published On Dec 21, 2023

Title - အမေ့အိမ်
Artist - ထူးအိမ်သင်
Composer - ထူးအိမ်သင်

Lyrics

လောကရဲ့လမ်းများပေါ်
လျှောက်သွားရင်းနဲ့
မောပန်းနွမ်းနယ်
နှလုံးသားကလွမ်းဆွတ်လို့တမ်းတမိခဲ့
အမေ့ရဲ့အိမ်ကို
အေးမြတဲ့ အမေ့ရဲ့မေတ္တာရိပ်နဲ့
ဝေးခဲ့သူမို့
တစ်ခါတစ်လေပြန်လည်တွေး ရင်မှာပိုကြေကွဲ
ခြောက်သွေ့တဲ့အိပ်မက်ရှည်တွေကြားထဲမှာ
အရိပ်တစ်ခုလွင့်ပြယ်
ရက်စက်တဲ့နေ့ရက်များ တိုက်ခိုက်ကြလို့
အားနည်းနေပြီဆို
တင်းထားတဲ့စိတ်ဓါတ်များပြိုကွဲသွားမလား
စိုးရိမ်လို့ ရင်မှာ ဒါဏ်ရာများနဲ့
နာကျင်နေပြီပဲ
အိမ်ပြန်ချင်တယ် (ဟူး)
အငြိမ်းချမ်းဆုံးအမေ့အိမ်
အိမ်ပြန်ချင်တယ် (ဟူး)
အနွေးထွေးဆုံးအမေ့အိမ်
အိပ်မရတဲ့ ညများစွာထဲ (အိုး)
ရထားဥဩသံလေးများကြားရင်
အိမ်ပြန်ချင်တဲ့စိတ်ကလေး တားမရဘူး
မွန်းကျပ်တဲ့မြို့ပြလူနေမှုစနစ်မှာ
စီးမြောရင်းလေ
မပြီးသေးတဲ့ခရီးတစ်ခုအဆုံးထိရောက်ဖို့
ကြိုးစားနေသူမှာ
ရိုးသားတဲ့ ကျေးလက်က
အမေ့အိမ်လေးအကြောင်း တွေးမိနေလို့
မြင်ယောင်ကာအိမ်မက်ရင် အလိုလိုငိုချင်တယ်
အိမ်ပြန်ချင်တယ် (ဟူး)
အငြိမ်းချမ်းဆုံးအမေ့အိမ်
အိမ်ပြန်ချင်တယ် (ဟူး)
အနွေးထွေးဆုံးအမေ့အိမ်
အိပ်မရတဲ့ ညများစွာထဲ (အိုး)
ရထားဥဩသံလေးများကြားရင်
အိမ်ပြန်ချင်တဲ့စိတ်ကလေး တားမရဘူး
အားလုံးထက်နွေးထွေး လုံခြုံတဲ့နေရာဟာ
အမေ့ရင်ခွင်ပဲလို့သိလိုက်ရတဲ့အချိန်ကျတော့
ကျွန်တော်က
ဟိုး အဝေးကြီးမှာ ရောက်ရှိနေခဲ့ပြီလေ
ရိုးသားတဲ့ ကျေးလက်က
အမေ့အိမ်လေးအကြောင်း တွေးမိနေလို့
မြင်ယောင်ကာအိမ်မက်ရင် အလိုလိုငိုချင်တယ်
အိမ်ပြန်ချင်တယ် (ဟူး)
အငြိမ်းချမ်းဆုံးအမေ့အိမ်
အိမ်ပြန်ချင်တယ် (ဟူး)
အနွေးထွေးဆုံးအမေ့အိမ်
အိပ်မရတဲ့ ညများစွာထဲ (အိုး)
ရထားဥဩသံလေးများကြားရင်
အိမ်ပြန်ချင်တဲ့စိတ်ကလေး...တားမရဘူး

#tristanmusic #ထူးအိမ်သင်

show more

Share/Embed