အောင်ဘာလေထီမှ စစ်ကောင်စီအတွက် အခွန်ရငွေ ၉၀ရာခိုင်နှုန်းခန့် ကျဆင်း
Myanmar Now News Myanmar Now News
718K subscribers
5,231 views
255

 Published On Jun 20, 2024

အောင်ဘာလေထီမှ စစ်ကောင်စီအတွက် အခွန်ရငွေ ၉၀ရာခိုင်နှုန်းခန့် ကျဆင်း
...............
ပြည်သူအများက စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် ထီမထိုးဘဲ သပိတ်မှောက်ထားရာ အောင်ဘာလေထီရောင်းချရာမှ ရသည့်ဝင်ငွေ ဆက်တိုက်ကျဆင်းလာနေပြီး အာဏာမသိမ်းမီကာလနှင့် နှိုင်းယှဉ်ပါက ၉၀ ရာခိုင်နှုန်းနီးပါး ကျဆင်းနိုင်သည်ဟု တွက်ချက်သိရသည်။

စစ်တပ် အာဏာမသိမ်းမီ ၂၀၂၀ ဘဏ္ဍာနှစ်တွင် အောင်ဘာလေထီရောင်းချမှုမှ အခွန်ငွေ ကျပ် ၁၆၀ ဘီလျံ ရရှိခဲ့သည်။ ယခု ၂၀၂၄ ဘဏ္ဍာနှစ်တွင် ၁၉ ဘီလျံကျော်သာ အခွန်ရနိုင်မည်ဟု စစ်ကောင်စီပြဋ္ဌာန်းထားသည့် ၂၀၂၄ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် လျာထား ဖော်ပြထားသည်။

ထိုအခွန်ရရှိငွေ လျာထားချက်ကို တွက်ချက်ပါက ၈၈ ရာခိုင်နှုန်းကျော် ကျဆင်းသွားသည်ကို တွေ့ရသည်။ ထီရောင်းအားနှင့် အခွန်ငွေရရှိမှု တိုက်ရိုက်အချိုးကျသည်ဖြစ်ရာ စစ်ကောင်စီအတွက် ထီရောင်းရသည့် အခွန်ရငွေ ၉၀ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားနိုင်ခြင်းဖြစ်သည်။

သတင်း၊ တင်ဆက် - အောင်နိုင်၊ ဟန်သစ်

show more

Share/Embed