တောင်ပြုံးပွဲတော် ချိုးရေတော်သုံးနေ့အခမ်းအနားမြင်ကွင်းများ
Myanmar Times TV Myanmar Times TV
21.5K subscribers
95,003 views
1.2K

 Published On Aug 11, 2019

တောင်ပြုံးပွဲတော် ချိုးရေတော်သုံးနေ့အခမ်းအနားမြင်ကွင်းများ

မန္တလေး - သြဂုတ် - ၁၁၊ ၂၀၁၉

မြန်မာနိုင်ငံကအစည်ကားဆုံးပွဲတော်တွေထဲမှာတစ်ခုအပါအဝင်ဖြစ်တဲ့ တောင်ပြုံးပွဲတော်ကို ဝါခေါင်လဆန်း (၈) ရက်နေ့ကနေ ဝါခေါင်လပြည့်နေ့ အထိ ကျင်းပပြုလုပ်နေပါတယ်။ တောင်ပြုံးပွဲတော်ကို အနော်ရထာမင်းတည်ခဲ့တဲ့ ဆုတောင်းပြည့် ဘုရားပွဲတော်နှင့်အတူ မတ္တရာမြို့နယ် တောင်ပြုံးကျေးရွာမှာ ကျင်းပပြုလုပ်ပြီး အနယ်နယ်အရပ်ရပ်ကလာရောက်ကြတဲ့ နတ်ဝင်သည်များ၊ နတ်ကတော်များ၊ ရိုးရာအစဉ်အလာမပျက် ပူဇော်ပသကြသူများနှင့် ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိပါတယ်။ ယနေ့ ဝါခေါင်လဆန်း (၁၁) ရက်နေ့မှာ တောင်ပြုံးမင်းနှစ်ပါး ချိုးရေတော်သုံးအခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ပါတယ်။ချိုးရေတော်သုံးအခမ်းအနားနေ့ဟာ တောင်ပြုံးပွဲတော်ရဲ့ လူအစည်ကားဆုံးနေ့ရက်တွေထဲက တစ်ရက်ဖြစ်ပြီး မင်းနှစ်ပါးရုပ်တုကို ဝေါပေါ်တင်ပြီး ချိုးရေတော်သုံးဆင်းကြတဲ့ လူအုပ်ကြီးနဲ့ တိုးမပေါက်အောင် စည်ကားခဲ့ပါတယ်။ ဒီသတင်းကို Myanmar Times TV (MTTV) က ရိုက်ကူးတင်ဆက်ထားပါတယ်။

သတင်းနှင့်ရိုက်ကူး - သန်းထိုက်ဦး
တည်းဖြတ် - သန်းထိုက်ဦး

show more

Share/Embed