Topikစာမေးပွဲက ဘာပါလိမ့်။
Study with Thwe Thwe Study with Thwe Thwe
87.7K subscribers
20,154 views
1.3K

 Published On Jan 23, 2022

TOPIK အကြောင်း
Test of Proficiency in Korean အတိုကောက်အနေနဲ့ Topik လို့ ခေါ်ပါတယ်။

မေး -  တစ်နှစ်ကို ဘယ်နှ ကြိမ်ကျင်းပလဲ။
ဖြေ - မြန်မာပြည်တွင် တစ်နှစ် တစ်ကြိမ်
      ကျင်းပပါတယ်။

မေး- ဘယ်မြို့မှာ ကျင်းပလဲ။
ဖြေ - ရန်ကုန်၊ မန္တလေးမှာ ကျင်းပပါတယ် ။

မေး- Topik ဘယ်နှမျိုး ရှိလဲ။
ဖြေ - Topik 1, Topik 2  နှစ်မျိုး ရှိပါတယ် ။

မေး- Level ဘယ်လို ခွဲလဲ။
ဖြေ - အမှတ်ပေါ် မူတည်ပြီး Level ခွဲပါတယ်။
        Topik 1ဆိုရင် Level 1 , 2
        Topik 2 ဆိုရင် Level 3 , 4 , 5 , 6

မေး- Topik နဲ့ EPS စာမေးပွဲနဲ့ တူလား။
ဖြေ - မတူပါဘူး။
☑️ Topikက ကိုရီးယား အရည်အချင်း  စစ်စာမေးပွဲဖြစ်လို့ ကိုယ့်ရဲ့ ကိုရီးယား အရည်အချင်း ဘယ်လောက်ရှိလဲ စစ်ပေးတဲ့ စာမေးပွဲပါ။

☑️ EPSက ကိုရီးယားနိုင်ငံကို တရား၀င် အလုပ် သွားလုပ်ဖို့ ဖြေရတဲ့ စာမေးပွဲပါ။ ယောင်္ကျားလေးပဲ ဖြေလို့ရပြီး ယောင်္ကျားလေးပဲ တရား၀င် အလုပ် သွားလုပ်လို့ရပါတယ်။ 🚫( မိန်းကလေးတွေ လုံး၀ မရပါ)❌

မေး - Topikအောင်ရင် ဘာလုပ်လို့ ရလဲ။
ဖြေ-  Topik 2 ကို Level 3 , 4 အောင်ရင် ကိုရီးယားမှာ ကျောင်းတက်လို့ ရပါတယ်။ Level မြှင့်လေ ပိုပြီး အခွင့်အရေး များလေပါ။မြန်မာနိုင်ငံမှာလည်း လုပ်ငန်းခွင် ၀င်လို့ရပါတယ်။ Topik Level ကို ပြပြီး အလုပ်လျှောက်နိုင်ပါတယ်။

မေး- Topik စာမေးပွဲမှာ ဘာတွေ ဖြေရလဲ။
ဖြေ-       ☑️ Topik 1
         Listening Test
         Reading Test
               ☑️   Topik 2
        Listening Test
        Writing Test
         Reading Test


📣Facebook page_
Thwe Thwe Korean Language Center

  / thwe-thwe-korean-language-center-101119258...  
📣(ကိုရီးယားစာ စိတ်၀င်စားသူများ Online Classများ ဖွင့်ထားပါတယ်။ တက်ချင်သူများ  Facebook page messengerကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်)
#Topik # Topik exam#ကိုရီးယားစာ#ကိုရီးယားစကားပြော#စကားလုံးများ#အခြေခံသဒ္ဒါ#koreanlanguage#learnkorean#vocabulary#Basickorean#단어#외우기#한국어#초급

show more

Share/Embed