Bangkok's Biggest Thrift Mall : BangSue Junction | ဘန်ကောက်ရဲ့ အကြီးဆုံး တစ်ပတ်ရစ်ဈေးဝယ်စင်တာကြီးဆီ
Thiha Lu Lin / Thiha, the Traveller Thiha Lu Lin / Thiha, the Traveller
41.4K subscribers
1,481 views
36

 Published On Jul 19, 2024

ဘန်ကောက်မှာ တစ်ပတ်ရစ် (Second Hand) ပစ္စည်း ရောင်းချတဲ့နေရာတွေ များပါတယ်။ ထူးထူးခြားခြား Bang Sue Junction Shopping Center ကတော့ စင်တာကြီးတစ်ခုလုံး တစ်ပတ်ရစ်တွေ ဆိုင်ခန်းများများ၊ အမျိုးအစားစုံစုံ ရောင်းချနေတာပဲ ဖြစ်ပါတယ်။ အဝတ်အထည်၊ ဂီတတူရိယာ၊ အရုပ်မျိုးစုံ၊ ဂိမ်းစက်နဲ့ ဂိမ်းခွေမျိုးစုံ၊ ကင်မရာနဲ့ ကင်မရာပစ္စည်းအမျိုးမျိုး၊ ပိုက်ဆံအိတ်၊ မျက်မှန်၊ တီဗီ၊ ရေဒီယို၊ ဓါတ်ပြားစက်၊ ဂီတအခွေမျိုးစုံ၊ အိမ်သုံးပရိဘောဂ နဲ့ ရုံးသုံးပစ္စည်း၊ ဆင်းတုတော် နဲ့ ရှေးအနုပညာလက်ရာတွေ စသဖြင့် ဝယ်ချင်စရာ စုံအောင်ကို ရှိနေတဲ့အပြင် သန့်ချွတ်ဆေးကြောပြီးသားတွေဖြစ်လို့ လက်ရွေးစင်​ ရွေးချယ်ဝယ်ယူနိုင်ကြတဲ့ အားသာချက်လည်း ရှိပါတယ်။
ဒါကြောင့် ဒီနေ့ ကျွန်တော့်ရဲ့ ဗီဒီယိုလေးထဲမှာတော့ ဘန်ကောက်ရောက်ရင် Thrift ကြိုက်သူတွေ သွားရောက်လေ့လာဝယ်ယူနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ဗျ....

အားလုံးပဲ အစဉ်ဘေးကင်းကျန်းမာ စိတ်ချမ်းမြေ့ကြပါစေ
သီဟလုလင် | Thiha, the Traveller

show more

Share/Embed