#အစ်မတော်မြနန်းနွယ်
The Burma Library The Burma Library
4.76K subscribers
21,588 views
402

 Published On Aug 5, 2022

ရန်ကုန်မြို့ ဗိုလ်တစ်ထောင်စေတီတော် တွင် တစ်ထီးတစ်နန်းဖြင့် ကျောင်းဆောင်ဆောက်ကာ ထားရှိခံထားရတဲ့ မြနန်းနွယ်ကို ၁၈၉၇ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံ မိုးကုတ်မြို့၌ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူမဟာ စော်ဘွား၏သားမြေးဖြစ်ပြီး ချမ်းသာနှင့် နန်းခမ်းတို့၏သမီးဖြစ်ပါတယ်။ အသက် ၁၅ နှစ်အရွယ်တွင် အိန္ဒိယမှာ ပညာသင်ကြားခဲ့ပြီး ၁၉ ၂၆ ခုနှစ်တွင် B.A ဖြင့် ဘွဲ့ရခဲ့ပါတယ်။ မိုးကုတ်မြို့မှ ဂုဏ်သရေရှိသူများသည် သူမအား လက်ထပ်ချင်သော်လည်း ငြင်းပယ်ခဲ့သည်ဟုဆိုကြပါတယ်။ သူမဟာ ငယ်ငယ်ကတည်းက အသားမစားသူလည်းဖြစ်ပါတယ်။ ၁၉၄၂ ခုနှစ်တွင် သူမ၏ အိပ်မက်ထဲတွင် အဖြူရောင် ဝတ်စုံဝတ် အဘိုးကြီး က သူမအား သာသနာပြုအဖြစ် ရန်ကုန်သို့ ပြောင်းရွှေ့သင့်သည်ဟု ပြောခဲ့ပါတယ်။ ထို့ကြောင့် ဗိုလ်တထောင်ဘုရားလမ်းသို့ ပြောင်းရွှေ့ကာ ဗိုလ်တထောင်ဘုရားကို နေ့စဉ် သွားရောက်ခဲ့ပါတယ်။ သူမဟာ အစိမ်းရောင်အဝတ်အစားကို အမြဲဝတ်ဆင်ထားသည်ဟုလည်းပြောဆိုကြပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ပျက်စီးသွားသည့် ဗိုလ်တစ်ထောင်စေတီတော်အား ပြန်လည်တည်ဆောက်ခြင်းအပါအဝင် ဘာသာရေးလုပ်ငန်းများတွင် ပါဝင်လှူဒါန်းခဲ့သည်ဟု မှတ်ယူကြပါတယ်။

ယနေ့ခေတ်တွင် ဗိုလ်တစ်ထောင်စေတီတော်‎သမိုင်းနှင့် မြနန်းနွယ်၏ သမိုင်းစဉ်သည်လည်း ယှဉ်လျက် ပါလာသည်ကို တွေ့ရပါတယ်။ အချို့က မြနန်းနွယ်ဟာ သိုက်နန်းရှင်ဖြစ်သည် ဟု ဆိုကြသလို အချို့ကလည်း မြနန်းနွယ် ဟာ သိုက်ချုပ် ဟုဆိုကြပါတယ်။ သိုက်နှင့် ဆက်နွယ်သူများ သိုက်ကြိုးဖြတ် လိုသူများက မြနန်းနွယ်ထံသို့ အရောက်သွားကြပါတယ်။ မြနန်းနွယ် နတ်နန်းတွင် ပွဲထိုးခြင်း၊ ပုဝါအဝတ်အထည် လှူခြင်းများနှင့် ပူဇော်ပသကာ ဆုတောင်းကြပါတယ်။ အမ မြနန်းနွယ် ဟာ လူအများကို အကျိုးဩဇာသက်ရောက်မှု ကြီးမားပါတယ်။ ရန်ကုန်အနှံ့တွင် မြနန်းနွယ်နှင့် မြနန်းနွယ် အဆက်အနွယ်တို့က မင်းမူနေသည်မှာ အမှန်ပင်ဖြစ်ပါတယ်။ မြနန်းနွယ်တို့ ညီအစ်မ သုံးဖော်ဟု တချို့က ပြောကြပါတယ်။ တချို့က မြနန်းနွယ်တွင် ညီအစ်မနှစ်ဖော် ရှိသည်ဟုလည်း ပြောကြသလို အချို့က မြနန်းနွယ် ဆိုတာ သိုက်နန်းက လူ့ပြည်ကို အလည်လာသူဟု ပြောဆိုကြပါတယ်။
မြနန်းနွယ်အား ဗိုလ်တထောင်ဆံတော်ဦးစေတီတော်တွင်သာမဟုတ်၊ လှိုင်သာယာရှိ ရှေးဟောင်းရွှေရင်အေး စေတီတော်၌ လည်းကောင်း၊ အောင်မြေသာယာရွှေစေတီတွင် လည်းကောင်း၊ သန်လျင်မြို့ရှိ မွေ့လွန်းရှင်စေတီတော်တွင်လည်းကောင်း မြနန်းနွယ်နတ်နန်း ကိုတွေ့ရှိရပါတယ်။

မြနန်းနွယ်သည် ၁၉၅၆ ခုနှစ် ဖေဖော်ဝါရီလတွင် မိုးကုတ်မြို့မှာ နာတာရှည် ပန်းနာရင်ကျပ်ရောဂါဖြင့် ကွယ်လွန်ခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်တွင် ကွယ်လွန်ပြီးနောက်ပိုင်း မြနန်းနွယ်သည် ယုံကြည်ပသခံရသူတစ်ဦးဖြစ်လာခဲ့ပါတယ်။၁၉၉၀ ခုနှစ်အရောက်တွင် သူမ၏ ဘုရားကန်တော့်နေဟန်ရုပ်တုကို ဗိုလ်တစ်ထောင်စေတီတော်၏ ဂေါပကတစ်ဦးဖြစ်သူ ဦးအောင်ဆုက ကြီးကြပ်ထုလုပ်ခဲ့ပါတယ်။ သူမ၏ အကြောင်းကိုလည်း စာအုပ်ထုတ်ဝေခဲ့သလို စာအုပ်ထဲတွင် သူမပိုင်ဆိုင်သော ကျောက်မျက်ရတနာများအား စေတီတော်အတွက် ရက်ရောစွာလှူဒါန်းခဲ့သည်ဟု ဖော်ပြထားပါတယ်။ ထိုနောက်ပိုင်းမှ စပြီး မြနန်းနွယ်သည် ပူဇော်ပသမှုကို ခံယူသူဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခံနီးအချိန်တွင် ကန်တော့ပွဲများ လာရောက်ထိုးသူ အထူးများပြားကြပါတယ်။ အရောင်းအဝယ်အလုပ်အကိုင်၊ စီးပွားရေးဆိုင်ရာကိစ္စများ၊သိုက်ပိုင်းဆိုင်ရာကိစ္စများ အပြင် အိမ်ထောင်ပြု သားမွေး အတွက်လည်း ကန့်တော့ပွဲထိုးကြပါတယ်။ ဝါတွင်း(၃)လကာလရောက်တိုင်း သူမကိုသီလရှင်ဝတ်ပေးကြသလို နှစ်စဉ်သူမမွေးနေ့ရောက်တဲ့အခါတိုင်း မွေးနေ့ပွဲကိုလည်းကျင်းပပေးကြပါတယ်။

❤️The Burma Library Channel❤️

Thanks for watching my channel.

If you love history, this channel is for you.
All videos from this channel are owned by me & has knowledge purposes for all. My channel does not have any purposes to violate the guidelines of google & youtube policy.I solely follow all the terms of Google & Youtube Channel.

show more

Share/Embed