အာဏာရှင်နှင့် စီးပွားဖက်
The Irrawaddy News The Irrawaddy News
889K subscribers
63,543 views
0

 Published On Sep 10, 2024

အာဏာရှင်နှင့် စီးပွားဖက် (ရုပ်/သံ)

ဧရာဝတီ၊ စက်တင်ဘာ ၁၀၊ ၂၀၂၄

“ရန်သူမရှိ ၊ မိတ်ဆွေသာရှိ” ဆိုသော အဖွဲ့၏ မူအတိုင်း ဦးအောင်ခမ်းထီသည် ငြိမ်းချမ်းရေးယူသည့် ၁၉၉၁ ခုနှစ် နဝတ ခေတ် ဗိုလ်ချုပ်မှူးကြီး စောမောင် လက်ထက်မှသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ် သိန်းစိန်နှင့် ယခု လက်ရှိ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်ထိ စစ်အာဏာရှင်တို့၏ မိတ်ဆွေကြီးအဖြစ် ရှိနေခဲ့သူ ဖြစ်သည်။

ဦးအောင်ခမ်းထီသည် ကြားကာလ နိုင်ငံရေး အကူးအပြောင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရ လက်ထက်တွင်လည်း ခေါင်းဆောင်များနှင့် အဆင်ပြေစွာ ဆက်ဆံ နေထိုင်ခဲ့သူဖြစ်သည်။ သို့သော် PNO ၏ အကျိုးစီးပွား နွယ်သည့် အဓိက အုပ်စုကမူ စစ်အုပ်စုသာဖြစ်ခဲ့ပြီး ဦးအောင်ခမ်းထီသည်လည်း အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် အဆက်အသွယ် မပြတ်ခဲ့သူ ဖြစ်သည်။

“ရန်သူမရှိ၊ မိတ်ဆွေသာရှိ” မူကို လက်ကိုင်ထားသည့် ဦးအောင်ခမ်းထီ ပေါင်းသင်းနေသော လက်ရှိ မိတ်ဆွေ စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ ပြည်သူများစွာကို ဖမ်းဆီး သတ်ဖြတ် အကျဉ်းချ နေသကဲ့သို့ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများကို ကျူးလွန်နေသည့် စစ်တပ်ကို ဦးဆောင်နေသူ ဖြစ်သည်။

ထိုသို့ စစ်တပ်က ပြစ်မှုများစွာ ကျူးလွန်နေသော်လည်း ဦးအောင်ခမ်းထီက စစ်ခေါင်းဆောင်တို့နှင့် တသားတည်း ရှိနေပြီး ၎င်းဦးဆောင်သည့် PNO ကိုပင် စစ်ကောင်စီက စစ်လက်နက်များ ထပ်မံ တပ်ဆင်ပေးလျက် ရှိသည်။

ယခုဆောင်းပါးသည် "အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ အပိုင်း ၃" ဖြစ်ပြီး ဧရာဝတီက စုံစမ်းဖော်ထုတ်ရေးသားထားသော အထူးဆောင်းပါးဖြစ်သည်။

#မြန်မာ #ဧရာဝတီ #ဦးအောင်ခမ်းထီ #ခွန်စံလွင် #ခွန်သိန်းဖေ #PNO
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

show more

Share/Embed