လက်နက်ကြီးကြောင့် ကလေးငယ်များအပါအဝင် လားရှိုးမြို့ခံ ၆ဦး သေဆုံး
Myanmar Now News Myanmar Now News
718K subscribers
37,630 views
911

 Published On Jul 3, 2024

လက်နက်ကြီးကြောင့် ကလေးငယ်များအပါအဝင် လားရှိုးမြို့ခံ ၆ဦး သေဆုံး
…………….
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ စစ်‌ကောင်စီ၏အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်စခန်းအနီး မြို့‌ပေါ်ရပ်ကွက် ၁ ဗျူဟာလမ်းပေါ်ရှိ လူနေအိမ်များပေါ် လက်နက်ကြီးများ ယနေ့နံနက် ၇ နာရီကျော်ခန့်က ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကလေးငယ် သုံးဦးအပါဝင် အရပ်သားခြောက်ဦး သေဆုံးခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။

သေဆုံးသူများမှာ ၁၄နှစ်အရွယ် မောင်ဇယ်ဇောင်း၊ အသက် ၁၅ နှစ်အရွယ်များဖြစ်သော မောင်ဒွဲအောင်နှင့် မဇယ်ညွယ်၊ အသက် ၃၀ ဝန်ကျင်များဖြစ်သော ဦးဆိုင်းခွမ်၊ မမေရီနှင့် အသက် ၇၀ အရွယ် ဒေါ်မာဂျီဆိုသူတို့ဖြစ်သည်။

“ဂျန်မာကြောင့် ဒရုန်းက မအောင်ပဲ အိမ်ပေါ်ကျတာလား။ တပ်ထဲက အပြင်ကို ပစ်တာ မအောင်ပဲ ဒီမှာလာကျတာလားတော့ ဂဃနဏတော့မသိရသေးဘူး။ လက်နက်ကြီးကျတဲ့အိမ်တွေက တိုင်းရုံးနဲ့ ခြံဝန်းပဲခြားတာ။ ကပ်လျက်ပဲ။ ”ဟု မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

သတင်း၊ တင်ဆက် - မောင်ရွှေဝါ၊ ဟန်သစ်

show more

Share/Embed