သီတဂူဘုန်းကြီး ဘယ်လို ပွဲပြီးခဲ့သလဲ (Opinion/ရုပ်သံ)
ငွေမောင်းသံ မီဒီယာ ငွေမောင်းသံ မီဒီယာ
111K subscribers
493,438 views
0

 Published On Jul 3, 2024

သီတဂူဘုန်းကြီး ဘယ်လို ပွဲပြီးခဲ့သလဲ (Opinion/ရုပ်သံ)
~~~~~~~~~~
ဗုဒ္ဓဘာသာကို စတင်သက်ဝင်ခဲ့တဲ့ ပထမပြည်ထောင်စု ပျူခေတ်ကစလို့ ဒီနေ့ထိတိုင် မြန်မာအဆက် ဆက် သူမတူအောင် ပြည်သူတို့ ရွံရှာမုန်းတီးခြင်းခံရသူမှာ သီတဂူဘုန်းကြီးတစ်ပါးတည်းသာ ရှိမှာ သေချာတယ်။

မြန်မာ့လူ့အဖွဲ့အစည်းက ဗုဒ္ဓဘာသာအပေါ် ပြားပြားဝပ် ကျိုးနွံကြတယ်။ ဘုန်းကြီးဆိုရင် သူ့ဘာသာ ဘာဖြစ်ဖြစ် သူ့ကိစ္စသူခံရမယ်၊ သွား အပြစ်မပြောမိစေနဲ့ဆိုတဲ့ တုပ်တုပ်မျှမလှုပ်ရဲတဲ့ အတွေးအခေါ်အောက်မှာ ခေတ်အဆက်ဆက် မြန်မာတွေ ငြိမ်ဝပ်ပိပြားခဲ့ကြတယ်။ ဘုန်းကြီးကို ဝေဖန်ထောက်ပြမိရင်ပဲ ငရဲကျတော့မှာ လိုလို ခေတ်အဆက်ဆက် အဲဒီလို မာန်မဲခံရတဲ့ လူ့အဖွဲ့အစည်းအောက်မှာ ဘုန်းကြီးဆိုရင် ကြီးကြီး၊ ငယ်ငယ် ရိုသေလေးမြတ်ခြင်းမပျက်ခဲ့ပေမဲ့ သီတဂူဘုန်းကြီးကတော့ ခြွင်းချက်လို့ ဆိုရမယ်။

သီတဂူဘုန်းကြီးဆိုတာ မြန်မာမှာ အင်မတန်ဩဇာကြီးတဲ့ ရွှေကျင်ဂိုဏ်းရဲ့ သာသနာပိုင်ဖြစ်ပြီး မကြာသေးခင်နှစ်များကအထိ ထင်ရှားကျော်ကြားခဲ့တဲ့ ဘုန်းကြီးတစ်ပါးဟာ အခုတော့ ဇောက်ထိုးဆိုသလို ပြည်သူတို့ရဲ့ ရွံရှာမုန်းတီးခြင်း ခံနေရတော့တယ်။ သာသနာပိုင်ဘုန်းကြီးတစ်ပါးက ပြည်သူတို့ရဲ့ ရွံရှာမုန်းတီးခြင်းခံရတာမျိုး ခေတ်အဆက်ဆက် ဘယ်တုန်းကမှ မရှိခဲ့ဘူးတာကြောင့်လည်း သမိုင်းမှတ်တမ်းဝင် ဖြစ်ရပ်လို့ ဆိုနိုင်တယ်။
……………
ထွန်းလင်းရေးသားတဲ့ “သီတဂူဘုန်းကြီး ဘယ်လို ပွဲပြီးခဲ့သလဲ” အတွေးအမြင် ဆောင်းပါးကို နွေလင်းဟန် ရွတ်ဖတ်တင်ဆက်ထားတာ ဖြစ်ပါတယ်။ ငွေမောင်းသံ ပရိတ်သတ်ကြီး နားဆင်ကြည့်ရှုနိုင်ကြဖို့ တင်ဆက်လိုက်ရပါတယ်။

#ငွေမောင်းသံ မီဒီယာ

show more

Share/Embed