ဘူကောင် ၅ မျိုးကို ရှောင်
Dr. Phyo Paing Dr. Phyo Paing
86.2K subscribers
8,701 views
609

 Published On Sep 13, 2024

"ဘူကောင်ငါးမျိုး"

၁။ နာစီဆစ် (Narcissist)
ကိုယ့်ကိုယ်ကိုယ် အရမ်းကြီးထင်
တခြားသူတွေကို အထင်သေး
ကိုယ့်အမှားကို လက်မခံတတ်

၂။ ဘော်ဒါလိုင်း (Borderline)
စိတ်ခံစားမှု အရမ်းပြင်းထန်
ဆက်ဆံရေးတွေ မတည်မငြိမ်ဖြစ်
အလွန်အကျွံ တုန့်ပြန်တတ်

၃။ လူမှုဆန့်ကျင် (Antisocial)
လူ့ကျင့်ဝတ်တွေ ဂရုမစိုက်
စာနာမှု ကင်းမဲ့
လိမ်ညာလှည့်ဖျားတတ်

၄။ ပါရာနွိုက် (Paranoid)
သံသယအရမ်းများ
လူတိုင်းကို မယုံကြည်
အမြဲတမ်း ခြိမ်းခြောက်ခံရသလို ခံစား

၅။ ဟစ်စထရီယွန်းနစ် (Histrionic)
အာရုံစိုက်မှု အမြဲလိုချင်
အရမ်းဒရာမာဆန်
လူတွေရဲ့ အာရုံကို ဆွဲဆောင်ဖို့ ကြိုးစား

"ဘူကောင်တွေ တွေးနည်း"

၁။ အဖြူ-အမဲ တွေးခြင်း -
အလယ်အလတ်မရှိ။
ကိုယ်ပဲမှန်၊ သူများအမှားလို့ မြင်။

၂။ စိတ်ခံစားမှု မထိန်းနိုင် -
အခြေအနေနဲ့ မကိုက်လောက်အောင်
ပြင်းထန်စွာ တုံ့ပြန်။

၃။ အစွန်းရောက်အပြုအမူ -
နှုတ်ဖြင့်ထိခိုက်စေခြင်း၊
မဟုတ်မမှန်စွပ်စွဲခြင်း၊
အများရှေ့အရှက်ခွဲခြင်း၊
တရားစွဲခြင်းတို့ လုပ်တတ်။

၄။ သူများကိုအပြစ်ပုံချခြင်း -
ကိုယ့်ပြဿနာကို တာဝန်မယူဘဲ
သူများကိုသာ အပြစ်တင်။
တစ်ဦးတစ်ယောက်ကို ဦးတည်ပြီး
ထပ်ခါထပ်ခါ တိုက်ခိုက်။

"ဘာကြောင့် ဘူကောင်ဖြစ်လာသလဲ?"

၁။ မျိုးရိုးဗီဇနဲ့ ဦးနှောက်ဓာတု -
အချို့သူတွေမှာ စိတ်ခံစားမှု
ထိန်းချုပ်ရခက်တဲ့ မျိုးရိုးဗီဇပါလာတယ်။

၂။ ငယ်စဉ်က အတွေ့အကြုံ -
အနိုင်ကျင့်ခံရခြင်း၊
လျစ်လျူရှုခံရခြင်း၊ သို့မဟုတ်
အလိုလိုက်ခံရခြင်းတွေက
ဘူကောင် ဖြစ်စေနိုင်တယ်။

၃။ ကိုယ်ရည်ကိုယ်သွေးပြဿနာ -
နာစီဆစ်၊ ဘော်ဒါလိုင်း စတဲ့ ပြဿနာတွေက
ဘူကောင် လက္ခဏာတွေ ဖြစ်စေတယ်။

၄။ ကိုယ့်ကိုယ်ကိုယ် သတိမမူမိခြင်း -
သူတို့ရဲ့အပြုအမူက တခြားသူတွေကို
ဘယ်လိုထိခိုက်စေတယ်ဆိုတာ မသိကြဘူး။

၅။ ပြောင်းလဲဖို့ ခက်ခဲခြင်း -
ကိုယ့်မှာ ပြဿနာရှိတယ်ဆိုတာ
မသိတဲ့အတွက် ပြောင်းလဲဖို့ မကြိုးစားကြဘူး။

၆။ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ -
ကိုယ့်ရဲ့ နက်ရှိုင်းတဲ့ လိုအပ်ချက်တွေကို
ဘူကောင် အပြုအမူတွေနဲ့
ဖြည့်ဆည်းဖို့ ကြိုးစားကြတယ်။

၇။ လူမှုယဉ်ကျေးမှု အကြောင်းအချက်များ -
ခေတ်သစ်မှာ လူမှုအသိုင်းအဝိုင်း
ထောက်ပံ့မှု နည်းပါးလာတာက
ဘူကောင် အပြုအမူတွေ ပိုဖြစ်လာစေတယ်။

အထက်က အကြောင်းအရာတချို့က
Bill Eddy ရဲ့ တွေ့ရှိချက်တချို့ကိုအခြေခံ
ရေးထားပေးတာဖြစ်ပါတယ်။

ပိုကောင်းတဲ့ အနာဂတ်ဖြစ်ဖို့
မိသားစုထဲ၊ အပေါင်းအသင်းထဲ၊
ကိုယ်နေထိုင်တဲ့နေရာမှာ
ဘူကောင်တွေနည်းသွားအောင်
အတွေးအခေါ်ပိုင်း ဖေးမပေးသွားဖို့လိုနိုင်တယ်။

နာကျင်စရာ ခံစားမှု Trauma တွေ
ဘဝရဲ့ ဒရာမာ Drama တွေ ဖြစ်စေနိုင်တယ်။

ကျေးဇူးတင်စရာတစ်ချက်က
ဒီလိုအခြေအနေမျိုးမှာ
ဗြဟ္မစိုရ်တရား ၄ ပါး ဖြစ်တဲ့
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ထားနိုင်တဲ့
လူတွေကို မျက်မြင်ကိုယ်တွေ့ တွေ့ရတာပါပဲ။

Phyo Paing @ Derek
#drphyopaing

show more

Share/Embed