တောင်ကုတ်နဲ့သံတွဲကို စစ်တပ်က ဗုံးကြဲ... အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်တိုက်ပွဲမှာ စကစ အကျအဆုံးများ...
Htet Aung Kyaw Htet Aung Kyaw
90.6K subscribers
7,615 views
456

 Published On Oct 3, 2024

တောင်ကုတ်နဲ့သံတွဲကို စစ်တပ်က ဗုံးကြဲ... အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်တိုက်ပွဲမှာ စကစ အကျအဆုံးများ... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ

(၄- ၁၀- ၂၀၂၄)

ရခိုင်ပြည်နယ်၊ တောင်ကုတ်နဲ့ သံတွဲမြို့နယ်တွေကို စစ်ကောင်စီ လေယာဉ်က ဗုံးကြဲတဲ့အတွက် အရပ်သား တဦးသေဆုံး၊ ၂ ဦးဒဏ်ရာရတယ်လို့ ဒေသတွင်းမီဒီယာ Western News က ဖေါ်ပြပါတယ်။

တောင်ကုတ်မြို့နယ်၊ ခေါင်းလောင်းတူကျေးရွာကို အောက်တိုဘာ ၂ ရက်၊ ည ၁၂ နာရီခန့်မှာ ဗုံးကြဲတာဖြစ်ပြီး ကလေးငယ် ၁ ဦး ပြင်းထန်စွာ ဒဏ်ရာရပါတယ်။ သံတွဲမြို့နယ်၊ ညောင်ခြေထောက်ရွာကိုတော့ အောက်တိုဘာ ၁ ရက်နေ့ ညနေပိုင်းမှာ ဗုံးကြဲပြီး တဦးသေ၊ တဦးဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

AA- အာရက္ခတပ်တော်က တောင်ကုတ်မြို့ကို ဝိုင်းရံပိတ်ဆို့ထားပြီး စစ်ကောင်စီက တောင်ကုတ်တက္ကသိုလ်ဝန်းထဲ အမြောက်တပ်အထိုင်ချကာ ခုခံဖို့ပြင်နေတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

မင်းတပ်မြို့ မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲနဲ့ စစ်တပ်က လူနေအိမ်တွေကို မီးရှို့လိုက်ရှို့နေတာ အိမ်ခြေ ၆၀ ကျော်သွားပြီလို့ မင်းတပ် အုပ်ချုပ်ရေးအဖွဲ့ကပြော...

သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်ပေါ် တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသခံတော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဖက်က ၁၂ ဦးသေပြီး ၆၀ မမ အပါဝင် လက်နက် ၄ လက် သိမ်းမိ...

KNLA- အမှတ်(၅)တပ်မဟာဒေသအတွင်း ပြီးခဲ့တဲ စက်တင်ဘာက တိုက်ပွဲ အကြိမ် ၁၅၀ ခန့်ဖြစ်ပွားပြီး စစ်ကောင်စီဖက်က တပ်ရင်းမှူးအပါဝင် ၇၀ ကျော်သေဆုံး...

ပုလောမြို့နယ်မှာ သန်းခေါင်းစာရင်းကောက်ဖို့ လုံခြုံရေးလိုက်ပေးတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်တဲ့အတွက် သန်းခေါင်စာရင်း ကောက်တဲ့အဖွဲ့ ပြန်ဆုတ်သွား...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
   / burmanewsnetwork   ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။)

show more

Share/Embed