၁။ "ပန်းကလေးများကြောင့်" ( ဇီဝဇိုးစံအိမ် ) စာရေးသူ - ခင်နှင်းယု
Listener's Heaven Listener's Heaven
98.5K subscribers
380 views
9

 Published On Oct 5, 2024

၁။ ပန်းကလေးများကြောင့် ( ဇီဝဇိုးစံအိမ် )
စာရေးသူ - ခင်နှင်းယု
စာဖတ်သူ - အိမ့်ထက်
ကြာချိန် - ၁၅ : ၂၆ မိနစ်

စာမြည်း
ဆဒ္ဒန်ဆင်မင်းဝတ္ထုတွင် ဤနေရာသည် ပင်မဖြစ်ခဲ့၏။ ဆဒ္ဒန်ဆင်မင်းကမူ အမှတ်မထင် ဦးကင်းဖြင့်ဝှေ့တိုက်၍ အင်ကြင်းပင်စည်ပင်ခက်များမှ အင်ကြင် ပန်းတို့ကို ကြဲဝေသွန်းဖြန့်လိုက်ခြင်းဖြစ်၏။ လေညာနှင့် လေအောက်ဖြစ်၍ အကြောင်းမသင့်ဘဲ စူဠသုဘဒ္ဒါအပေါ်သို့ ခါချဉ်ထုပ်ကျသည့်အကြောင်းက ဆဒ္ဒန်ဆင်မင်းဝတ္ထုကို အသည်းကွဲမတတ် အရသာပေါ်အောင် ဖန်ဆင်းလိုက်၏။
ဆင်မင်းကတော့ ဖြစ်မှဖြစ်စေတော့ဟူ၍ စေတနာ မရှိရိုးအမှန်ပင်ဖြစ်၏။ ထိုမျှကိစ္စလောက်သည်လည်း သေလောက်အောင် ရန်ငြိုးမဖွဲ့ရာ။ “ရန်ငြိုး”ဖွဲ့ ပေလိမ့်မည်ဟူ၍လည်း ဆဒ္ဒန်ဆင်မင်းသည် သံသယမရှိခဲ့ပေ။ သို့သော် ငြိုးသူ၊ တေးထားသူ စူဠသုဘဒ္ဒါအဖို့တွင်မူ လက်စားချေရန် ရန်ငြိုးတစ်ချက် အသည်းနှလုံးတွင် ဖွဲ့ပြီးဖြစ်ပေသည်။ ဒုတိယတစ်ချက်တွင်လည်း ပဒုမ္မာကြာပန်းကို ဝေသည့်နေရာ၌ ဆဒ္ဒန်ဆင်မင်းသည် အမှတ်မထင်ပင် ကြွင်းကျန်သော ပဒုမ္မာကြာဝတ်ဆံတို့ကို စူဠသုဘဒ္ဒါမိဖုရားအား ပေးဝေလိုက်၏။ ဆဒ္ဒန်ဆင်မင်းအတွက်ကမူ“အမှတ်မထင်”ပင် ဖြစ်၏။ စူဠသုဘဒ္ဒါအတွက် ကမူ ဒုတိယရန်ငြိုးဖွဲ့လောက်အောင်ပင် ရင်ထဲတွင် နာကြည်းဖွယ် ဖြစ်ခဲ့လေသည်။

*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက Messenger Link မှတဆင့် (သို့မဟုတ်) Viber Link မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။

🔰 LH Messenger Link - http://m.me/listenersheaven (Or)
🔰 LH Viber Link - https://invite.viber.com/?g2=AQBCxP95...
🔰 LH Website Link - www.lhaudiobook.com
🔰 LH tiktok Link - https://www.tiktok.com/@listheners.he...

show more

Share/Embed