“တော်လှန်ရေးအင်အားစု အချင်းချင်းကြား သွေးခွဲဖို့နဲ့ နိုင်ငံတကာကို လှည့်စားဖို့ ဆောင်ရွက်ချက်တခုသာ..
Htet Aung Kyaw Htet Aung Kyaw
90.6K subscribers
11,327 views
774

 Published On Sep 27, 2024

“တော်လှန်ရေးအင်အားစု အချင်းချင်းကြား သွေးခွဲဖို့နဲ့ နိုင်ငံတကာကို လှည့်စားဖို့ ဆောင်ရွက်ချက်တခုသာဖြစ်တယ်” ... စစ်ကောင်စီရဲ့ လှည့်စားချက်အပေါ် တော်လှန်ရေးအင်အားစုတွေရဲ့ တုန့်ပြန်ချက်များ...

(၂၈- ၉ -၂၀၂၄)

“လက်နက်ကိုင်လမ်းစဉ်ကိုစွန့်ပြီး နိုင်ငံရေးနည်းနဲ့ဆွေးနွေးပါ- ဆိုတဲ့ စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်ဟာ တော်လှန်ရေးအင်အားစုအချင်းချင်းကြား သွေးခွဲဖို့နဲ့ နိုင်ငံတကာကို လှည့်စားဖို့ ဆောင်ရွက်ချက်တခုသာဖြစ်တယ်” လို့ အမျိုးသားညီညွန်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးနေဘုန်းလတ်က ပြောပါတယ်။

PSLF/ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ပြောခွင့်ရ လွေးယေဦးကတော့ စစ်ကောင်စီဟာ စစ်ရေး-နိုင်ငံရေး အကြပ်အတည်းတွေ့လာတဲ့အတွက် အခုလို ဟန်ပြဆွေးနွေးရေးပြောလာတာသာဖြစ်ပြီး အရင်ဆွေးနွေးခဲ့ဖူးတဲ့ ERO တွေအားလုံး ငြိမ်းချမ်းရေးမရပဲ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းတာကိုသာ ခံခဲ့ရတယ်လို့ ထောက်ပြပါတယ်။

ကရင့်အမျိုးသားအစည်းအရုံး- KNU- ပြောခွင့်ရ ပဒိုစောတောနီးကတော့ ၂၀၀၈ အောက်ကနေ အရင်ပုံစံအတိုင်း ကမ်းလှမ်းချက်ဟာ ဘာမှ အလုပ်ဖြစ်မှာမဟုတ်ဘူး။ တကယ်ပဲ ဆွေးနွေးချင်တယ်ဆိုရင် တော်လှန်ရေးအင်အားစုတွေဖက်က တောင်းဆိုထားတဲ့အတိုင်း စစ်တပ် နိုင်ငံရေးက ထွက်ပါ၊ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ခံပါ- အဲလိုလုပ်ပြမှ ဆွေးနွေးပွဲတွေကို လက်ခံစဉ်းစားနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။

... စတဲ့... စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်အပေါ် NUG နဲ့ ERO အဖွဲ့အချို့ရဲ့ တုန့်ပြန်ချက်ကို စုစည်း တင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
   / burmanewsnetwork   ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။)

show more

Share/Embed