ဝက်ချဉ်စပ်ကြော်၊ ဝက်စဉ်းကော
taste window taste window
90.8K subscribers
1,095 views
46

 Published On Jun 24, 2024

ဒီတစ်ပတ်မှာတော့ Stir Fry နည်းလမ်းတွေကို အသုံးပြုပြီး ချဉ်ချဉ်စပ်စပ်ကြိုက်သူတွေအတွက် ဝက်ချဉ်စပ်ကြော်နှင့် ထိုင်းစတိုလ် ဝက်စဉ်းကော ချက်နည်းများကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
Stir Fry နည်းလမ်းရဲ့ အဓိကအချက်ကတော့ ချက်တဲ့အခါမှာ wok လို့ခေါ်တဲ့ ဇောက်နက်နက် ဒယ်အိုးကိုအသုံးပြုပီး မီးပြင်းပြင်းနဲ့ ချက်ပြုတ်ရမှာ ဖြစ်ပါတယ်။ wok ကို အသုံးပြုပီး ချက်တဲ့အတွက် ဟင်းချက်တဲ့အခါမှာ လိုအပ်တဲ့ မီးရဲ့ပြင်းအားက အိုးတခုလုံးကို ပျံ့နှံ့ရရှိစေမှာြဖစ်ပါတယ်။ ဒီ Stir Fry နည်းမှာကျတော့ အစားအစာတွေကို မြန်မြန်ဆန်ဆန်ချက်ပြုတ်နိုင်ဖို့ အတွက် ပါဝင်တဲ့ အသား ဟင်းသီးဟင်းရွက်တွေကို Slice လုပ်ပီး သေးသေးလေးတွေ လှီးထားရမှာ ဖြစ်ပါတယ်။ ချက်ပီးတဲ့ အခါမှာလဲ ပူပူနွေးနွေးစားလိုက်မယ်ဆိုရင် ဟင်းရဲ့ အရသာကို အကောင်းဆုံးရရှိစေမှာ ဖြစ်ပါတယ်။ ချက်ရတာ လျင်မြန်လွယ်ကူတဲ့ Stir Fry ဟင်းလျာတွေကို အိမ်မှာ ချက်စားတာပဲ ဖြစ်ဖြစ် ဆိုင်ဖွင့်တဲ့ အခါမှာပဲ ဖြစ်ဖြစ် ကိုယ်ကြိုက်နှစ်သက်တဲ့ အသား ငါး ဟင်းသီးဟင်းရွက်များကို အသုံးပြုပြီး ချက်နိုင်ပါတယ်။

#Taste_Window_Food_Magazine
#Half_Potato_Food_Television
#EantWintHtut
#ဝက်ချဉ်စပ်ကြော်
#ဝက်စဉ်းကော #ဝက်ဖက်ကပေါင်
#StirFryချက်နည်းများ

show more

Share/Embed