ကရင်နီမှာ စစ်ကောင်စီရဲ့ အင်အားအတောင့်တင်းဆုံးတပ်တွေ ထိခိုက်သေဆုံးမှုများနေ
Than Lwin Khet Than Lwin Khet
126K subscribers
614,839 views
7.2K

 Published On Aug 22, 2023

ကရင်နီမှာ စစ်ကောင်စီရဲ့ အင်အားအတောင့်တင်းဆုံးတပ်တွေ ထိခိုက်သေဆုံးမှုများနေ
*****************************

သံလွင်ခက်
သြဂုတ် ၂၃ ၊ ၂၀၂၃ ။

ရခိုင်ပြည်နယ်ကနေ လက်ရှိကရင်နီပြည်နယ်ထဲကို ထိုးစစ်ဆင်နေတဲ့ တပ်မ၅၅ လက်အောက်ခံတပ်ရင်းတွေဟာ တပ်ရင်းတစ်ရင်းကို အင်အား၃၀၀ ကျော်ရှိတဲ့အပြင် ရှေ့ထွက်အင်အားက ၂၅၀ လောက်အထိ ရှိခဲ့ပြီး အင်အားတောင့်တင်းတဲ့ တပ်မဖြစ်တယ်တယ်လို့ CDM ဗိုလ်ကြီးတွေဆီက သိရပါတယ်။

တပ်ဖွဲ့ဝင်အင်အားတွေလျော့နည်းလာနေတဲ့ အခုအာဏာသိမ်းကာလအတွင်းမှာတောင် တပ်မ၅၅ တပ်ရင်းတွေဟာ အင်အားက ၁၅၀ ထိရှိနေသေးတာပါ။

ဒီလိုအင်အားတောင့်တင်းပြီး အားကိုးရတဲ့တပ်မတွေကို စစ်ကောင်စီက အဓိကစစ်ဆင်ရေးတွေမှာ အသုံးပြုနေတာဖြစ်တယ်လို့ CDM ဗိုလ်ကြီးကောင်းသူဝင်းက ပြောပါတယ်။

ရဟတ်ယာဥ်နဲ့အင်အားချတာတွေအပြင် ကားအစီး ၁၅၀ ကျော်အထိ အင်အားဖြည့်ပြီး စစ်ကြောင်းထိုးနေတာဖြစ်ပါတယ် ။

စစ်ကောင်စီက ကရင်နီပြည်နယ်ထဲကို အင်အားအလွန်အကျွံသုံးပြီး ထိုးစစ်ဆင်နေပေမယ့် ထိခိုက်သေဆုံးမှုတွေက များနေဆဲဖြစ်ပါတယ်။

show more

Share/Embed