Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
Khit Thit Media Khit Thit Media
2.12M subscribers
317,667 views
20K

 Published On Oct 17, 2024

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၁၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အကြမ်းဖက် စစ်ကောင်စီ ဘက်တော်သား ယုန်လေး ရိုက်ကူးတဲ့ Original Gangster 3 ရုပ်ရှင်ဇတ်ကား ကို လူမကြည့်မှာ စိုးရိမ်ပြီး သာကေတ က လူမိုက်တွေဖြစ်တဲ့၀င်းထွဋ်၀င်း နဲ့ သံဗုဒ္ဓေတို့က ရုပ်ရှင် လက်မှတ်တွေကို အတင်းအကျပ် ခြိမ်းခြောက်ပြီး ရောင်းနေကြတယ်လို့ သာကေတမြို့နယ် နေပြည်သူတွေနဲ့ မြို့ တွင်း သွားလာနေတဲ့ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီက "ငါတို့အုပ်ချုပ်မှု ပြန်မရမချင်း အဲ့ဒီ့ ဒေသမှာ လုံးဝ ငြိမ်းချမ်းမှု မရှိစေရ” ဆိုပြီး ပြည်သူတွေကို လေယာဉ်နဲ့ ဗုံးကျဲနေတဲ့အပေါ် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတချို့က ကူညီနေတယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။

မကွေးတိုင်း ၊ ပခုက္ကူမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပုဂ္ဂလိက ခရီးသွား ကားစီးရေ ၁၀၀ ကျော်ကို ချောဆွဲပြီးတော့ ပေါက်မြို့နယ်မှာ ရိက္ခာပြတ်နေတဲ့ ပျူစောထီးကျေးရွာတွေနဲ့ စစ်တပ် စခန်းတွေကို ရက္ခာပို့ဖို့ လုပ်နေကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

show more

Share/Embed