စာရေးဆရာမဂျူး(စိတ်ဓာတ်ကျနေသူများနားထောင်ဖို့)
Burmese Talks Burmese Talks
99.3K subscribers
1,459,755 views
45K

 Published On Nov 18, 2022

▬ Contents of this video ▬▬▬▬▬▬▬▬▬▬

မောင်ဆုရှင် ဘာသာပြန်ရေးသားထားသော ပင်လယ်ပြာနှင့်တံငါအို အကြောင်း

စာအုပ်မဖတ်နိုင်သေးသူများ ဒီ VIDEO လေးကို နားထောင်ကြည့်ဖို့ အကြံပေးလိုပါတယ်

ဆရာမ ဂျူးဟာ မြန်မာစာရေးဆရာမဖြစ်ပြီး ဝေဖန်မှုများစွာနှင့် ရေးသားလာခဲ့ရသော အမျိုးသမီးစာရေးဆရာတစ်ဦးလည်း ဖြစ်ပါတယ်။

ဆရာမဂျူးကို ရေနံချောင်းမြို့၌ ၁၉၅၈ ခုနှစ် စက်တင်ဘာလ ၂၀ ရက် စနေနေ့တွင် အဘ ဦးသောင်းနှင့် အမိ ဒေါ်ငြိမ်းတို့မှ မွေးဖွားခဲ့ပါတယ်။ အမည်ရင်း မှာ တင်⁠တင်ဝင်း ဖြစ်ပြီး မွေးချင်း (၅)ယောက်အနက် တတိယမြောက်လည်းဖြစ်ပါတယ်။

ရေနံချောင်းမြို့တွင် သူငယ်တန်း၊ ကုန်းဇောင်းရွာတွင် သူငယ်တန်းမှ ပဉ္စမတန်းထိ၊ ရေနံချောင်းမြို့အမှတ် (၁) အစိုးရ အထက်တန်း ကျောင်းများတွင် ဆဋ္ဌမတန်းမှ ဒသမတန်းထိ ပညာသင်ကြားခဲ့ပါတယ်။ ၁၉၇၆-ခုနှစ်တွင် မန္တလေးဆေးတက္ကသိုလ် တက်ရောက်ခဲ့ပြီး ၁၉၈၃-ခုနှစ်တွင် အမ်ဘီ⁠ဘီအက်စ် ဘွဲ့ရရှိခဲ့ပါတယ်။

၁၉၇၉ ခုနှစ် မန္တလေး ဆေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းပါ ရာဇဝင် ထဲမှာ မောင့်ကို ထားရစ်ခဲ့ ဝတ္ထုတိုသည် ပထမဆုံး ပုံနှိပ် ဖော်ပြခံရသော စာမူ ဖြစ်ပါတယ်။ ၁၉၈၁ ခုနှစ် ရှုမဝမဂ္ဂဇင်းပါ သက်ငင်ချစ် (ချစ်ကိုယ်တွေ့) ဝတ္ထုတိုဖြင့် စာပေနယ်သို့ စတင်အခြေချနိုင်ခဲ့တယ်။ ၁၉၈၇ ခုနှစ်တွင် ပထမဦးဆုံးလုံးချင်းဝတ္ထုဖြစ်သော အမှတ်တရ ဝတ္ထု (ဝေဖန်ခံရသော စာအုပ်) ဖြင့် အောင်မြင်သော စာရေးဆရာမဖြစ်လာခဲ့ပါတယ်။

၂၀၁၈ခုနှစ် ဇူလိုင်လထုတ် သက်တန့်တို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ စာအုပ်မှာ ၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆု (ဝတ္ထုရှည်) ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

ဗဟုသုတရစရာစာပေဟောပြောပွဲတွေ Short Videos တွေစုစည်းတင်ပေးမှာဖြစ်လို့ Burmese Talks Youtube Channel လေးကို Subscribe လုပ်ခဲ့ဖို့ တောင်းဆိုချင်ပါတယ်

Source
   • Video   - Jyuu

https://fb.watch/gTq2C7ZaZ9/

#ဂျူး
#စာပေဟောပြောပွဲ
#Burmesetalks

show more

Share/Embed