ဗေဒင်ဆရာမှ သုံးလအတွင်း ထီပေါက်မယ်ပြောလို့ မရှိ ရှိတာလေးနဲ့ ထိုးလိုက်တာပါ
Alinn Myay Alinn Myay
178K subscribers
205,463 views
0

 Published On Dec 1, 2019

ဦးလေးဖြစ်သူ ဗေဒင်ဆရာမှ သုံးလအတွင်း ထီပေါက်မယ်ပြောလို့ မရှိ ရှိတာလေးနဲ့ ထိုးလိုက်တာပါဟု သိန်းတစ်သောင်းဆုရှင် မိသားစု ပြော
------------------
ဒီဇင်ဘာ(၁) AlinnMyay(အလင်းမြေ)

ဒီဇင်ဘာလ (၁) ရက်နေ့မှာ ထွက်ရှိတဲ့ အောင်ဘာလေး သိန်း တစ်သောင်း ဆုကြီးကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာနွယ်ဇင် ရပ်ကွက်နေ ကိုစိုင်းဆန်းညွန့် + မဆွေဇင်ထူး တို့ရဲ့ သားလေး မောင်အောင်ကောင်းစံ အမည်ဖြင့် ပေါက်ဂဏန်း နံပါတ် - (ကခ ၄၈၄၅၀၅) ဖြင့် ကံထူးစွာ ဆွတ်ခူးရရှိကြောင်း သိရပါသည်။

အဆိုပါ ကံထူးရှင်မိသားစုသည် ဆင်းရဲနွမ်းပါးလွန်းတယ်။ အိမ်ထောင်ကျပြီး အိမ်ငှါးနဲ့ နေတယ် ကလေးရလာတော့ ဝင်ငွေနဲ့ အဆင်မပြေလို့ အိမ်မှာပဲခေါ်ပြီး စောင့်ရှောက်ထားရတယ်။ သူ့အလုပ်က လက်သမားလုပ်တယ်။ နောက်လိုက် အလုပ်သမားပေါ့။ အခုတော့ သူ့ကံ အရမ်းထူးလို့ သူ့ကံအကျိုးပေးခဲ့ပါပြီဟု ဦးလေးဖြစ်သူ ဆရာ ရဲမင်းခေါင် (ဂမ္ဘီရ နက္ခတ်၊ ဗေဒင်၊ လက္ခဏာ ပညာပါရမီရှင်) မှ AlinnMyay(အလင်းမြေ) မီဒီယာသို့ ပြောသည်။

ကံထူးရှင်မိသားစုကလည်း သုံးလအတွင်းမှာ ကျိန်းသေ ထီပေါက်ကိန်းရှိတယ်လို့ ဦးလေးဖြစ်သူ ဆရာ ရဲမင်းခေါင် (ဂမ္ဘီရ နက္ခတ်၊ ဗေဒင်၊ လက္ခဏာ ပညာပါရမီရှင်) မှ ဟောထားခြင်းကြောင့် မရှိ ရှိတာလေးထဲကနေ နှစ်ဆောင်တွဲထီကို သားလေး မောင်အောင်ကောင်းစံ နာမည်နဲ့ ထိုးခဲ့ကြောင်း AlinnMyay(အလင်းမြေ) မီဒီယာသို့ ပြောသည်။

#AlinnMyay(အလင်းမြေ) #သိန်းတစ်သောင်း #၁ဝကြိမ်မြောက် #အောင်ဘာလေထီ

(Zawgyi)

------------------





show more

Share/Embed