ရုံးပတီသီးပင် စိုက်ပျိုးရေး
MizzimaTV MizzimaTV
2.85M subscribers
71,239 views
1.3K

 Published On Jan 22, 2017

မင်္ဂလာပါခင်ဗျာ။ စိုက်ပျိုးပျော်ရွှင် သိစေချင်အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီနေ့မှာတော့ ရုံးပတီသီး စိုက်ပျိုးရေးအကြောင်းကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ရုံးပတီပင်ကတော့ အနွေးကြိုက် သီးနှံ့ပင်ပဲ ဖြစ်ပါတယ်။ နှစ်ရှည်ပင်ဖြစ်ပေမယ့် နှစ်ချင်း စိုက်ပြီးတော့ စားသုံးနိုင်ပါတယ်။ အသီးကိုသာ စားသုံးရပြီးတော့ အပင်အမြင့်က ၂ ပေကနေ ၈ ပေအထိ ရှိပါတယ်။ အပင်အကျယ်ကတော့ ၁ ပေကနေ ၂ ပေအထိ ကျယ်ပါတယ်။ အပွင့်ကတော့ အဝါနုရောင် ရှိပါတယ်။ မျိုးစေ့များကတော့ အရောင်စုံရှိပြီးတော့ အရွယ်ရောက်ပြီးအပင်တွေကတော့ သေးငယ်ကြပါတယ်။ ပန်းပွင့်ပွင့်ပြီး အသီးသီးပြီးတော့ အသီးရဲ့အရောင်ကတော့ အစိမ်းရောင်ရှိပါတယ်။ အသီးကိုတော့ အတို့အမြုတ်အဖြစ် စားသုံးနိုင်ပြီးတော့ ဟင်းချိုချက်၍သော်လည်ကောင်း၊ ကင်၍သော်လည်ကောင်း စားသုံးနိုင်ပါတယ်။

show more

Share/Embed