မြန်မာသံ သီကျူးရင်း ကာလပေါ် ဂီတကို နမ်းရှိုက်ခဲ့သူ ဂီတစာဆို ကိုလေးလွင်
The Storyteller The Storyteller
9.24K subscribers
4,373 views
103

 Published On Premiered Dec 29, 2023

မြန်မာ့ဂီတလောကမှာ မြန်မာသံ သီချင်းတွေကို ဂန္ထဝင်ဆန်ဆန် ရေးဖွဲ့ခဲ့သလို စတီရီယို ခေတ်ဦးမှာလည်း ခေတ်ပေါ်သီချင်းတွေ ရေးသားပြီး လွှမ်းမိုးမှု ကြီးမားခဲ့တဲ့ တေးရေးဆရာတစ်ယောက် ရှိပါတယ်။ သူကတော့ ဂီတစာဆို ကိုလေးလွင်ပါ။

ကျွန်တော့်မွေးဌာနီ၊ ညီလေးတို့ရွာ၊ ကျနော့်မမ ပုသိမ်သူ၊ ဟိုအကိုကြီးရဲ့ မခင်နှင်းဆီ၊ စနေထောင့်မှာ ပန်းလှုှမယ်၊ ကျေးဇူးပါမေမေ၊ ဆု၊ ညမွှေးပန်း၊ နွေဦးကံ့ကော်၊ စတော်ဘယ်ရီ ချစ်သည်းရှင်၊ ကိုကို ယောက်ျားမဟုတ်ဖူး၊ အတ္တသမားကျွန်တော်၊ ကောင်မလေး ကြိုက်တယ် ခိုက်တယ် ဆိုပြီးတော့၊ ဖြေးဖြေးလေးလေးနဲ့ ငြိမ့်ငြိမ့်လေး စတဲ့ သီချင်းတွေဟာ ကိုလေးလွင်ရဲ့ ကျော်ကြားတဲ့ လက်ရာတွေ ဖြစ်ပါတယ်။

ကိုလေးလွင်ဟာ မြန်မာ့ဂီတလောကမှာ သေချာပေါက် ချန်ထားခဲ့လို့မဖြစ်တဲ့ ပူဇော်ထိုက်တဲ့ တေးရေးဆရာ၊ စွယ်စုံရ ဂီတစာဆိုတစ်ယောက် ဖြစ်တဲ့အတွက် သူ ထားရှိခဲ့တဲ့ အနုပညာ အမွေအနှစ်နဲ့ ကျေးဇူးတရားကို အောက်မေ့နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ကိုးကား - အလင်္ကာဂီတဂျာနယ်၊ နံနက်ခင်းဂျာနယ်

show more

Share/Embed