နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ၊ ယုံကြည်ခြင်းဖခင်ထံမှခွန်အားယူစရာ၊ အဌမနေ့၊ “ခက်ခဲသော်လည်းနာခံပါ"
Myo Khaing Myo Khaing
516 subscribers
6,770 views
394

 Published On Jun 8, 2024

နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ

ယုံကြည်ခြင်းဖခင်ထံမှခွန်အားယူစရာ၊ အဌမနေ့

“ခက်ခဲသော်လည်းနာခံပါ"

ဖတ်ရန်ကျမ်းချက် - ကမ္ဘာဦးကျမ်း ၂၁း၁၄-၂၁

“ဣရှမေလအမှု၌ကား၊ သင်၏စကားကို ငါနားထောင်၏။ သူ့ကို ငါကောင်းချီးပေး၏။ သူ့အနွယ်ကိုတိုးပွားစေ၍ သူ့ကိုအလွန်များပြားစေမည်။ သူသည် မင်းသားဆယ်နှစ်ပါးတို့၏အဘ ဖြစ်လိမ့်မည်။ ကြီးသောလူမျိုးဖြစ်စေခြင်းငှာလည်း ငါပြုမည်။” ကမ္ဘာ ၁၇း၂၀

ဣရှမေလ
ဣရှမေလ ဆိုသည်မှာ “ဘုရားသခင်ကြားသိတော်မူသည်” ဟုအဓိပ္ပါယ်ရသည်။ “သူလည်လူရိုင်းဖြစ်လိမ့်မည်။ သူ့ကိုလည်းလူအပေါင်းတို့သည်ရန်ဘက်ပြုလိမ့် မည်။ မိမိညီအစ်ကိုအပါင်းတို့၏ အပါး၌နေရလိမ့်မည်..” ဟု (၁၆း၁၂) တွင်ဗျာဒိတ်တော်ပေးထားခဲ့သည်။ ဣရှမေလ အသက် (၁၃) နှစ်ပြည့်သောအခါ အာဗြဟံနှင့် အရေပြား လှီးခြင်းမင်္ဂလာပြုသည် (၁၇း၂၅-၂၆)။

အာဗြဟံကသူ့အားဖြင့် ပဋိညာဉ်တည်စေမည်ဟုထင်သော်လည်း၊ ဘုရားသခင်က ဣဇာတ်ကိုသာ ရွေးချယ်ပြီးပဋိညာဉ်တည်စေသည် (၁၇း၁၈-၁၉)။ ဣရှမေလကိုတော့ ဘုရားသခင်ကောင်းကြီးပေးသဖြင့်၊ သူ့အမျိုးအနွယ်ကို တိုးပွားများပြား စေမည်၊ မင်းသား ၁၂ ပါးတို့၏အဘ၊ လူမျိုးကြီးဖြစ်စေမည်ဟု ဂတိတော်ရှိသည် (၁၇း၂ဝ)။

သူအသက် (၁၆) နှစ်ခန့်တွင်ဣဇာတ်မွေးလာပြီး၊ ဆဲရေးသဖြင့် စာရာနင်ထုတ်သည်။ အာဗြဟံအကျပ်အတည်းကြားထဲက ဣဇက်၌သာ သင့်အမျိူးတည်လိမ့်မည် …သင့်အမျိုးဖြစ်သောကြောင့်၊ သူ့ကိုလည်းလူမျိုးဖြစ်စေမည်ဟူသော ဘုရားသခင်စကားကြောင့် လက်ခံလိုက်ရသည် (၂၁း၁၂)။ နာခံခြင်းသည်အာဗြဟံအတွက် အမြဲတမ်း လွယ်ကူနေသည်မဟုတ်ပါ။ စွန့်လွတ်ခြင်းအားဖြင့် နောက်ပိုင်းတွင် ဘုရားကောင်းကြီးရမည်ကို အာဗြဟံအမြဲယုံကြည်ခဲ့သည်။

ဟာဂရနှင့် ကန္တာရထဲတွင် ရေငတ်သေမလိုဖြစ်သည်၊ ဣရှမေလ ငိုသံကို ဘုရားသခင်ကြားသည်။ ကောင်းကင်တမန်က လာစောင့်ရောက်ကာ ရေတွင်းကို ပြသည်(၂၁း၁၆-၁၉)။ ပါရန် တောတွင် လေးသမားအဖြစ်ကြီးပြင်ကာ အဲဂုတ္တုပြည်သူတစ်ဦးနှင့်လက်ထပ်သဖြင့် မင်းသား (၁၂)ပါး၏ ဖခင်ဖြစ်ရသည်(၂၅း၁၂-၁၆)။

အာဗြဟံဈာပနကို၊ ဣဇက်နှင့်အတူလုပ်ဆောင်ပြီး၊ အသက်(၁၃၇) နှစ်တွင်သေသည် (၂၅း၉-၁၇)။ ဣရှမေလကိုထားရှိသော ဘုရားသခင်ကတိတော်အားလုံးတည်ကြောင်းတွေ့ရသည်။ ထိုထက်မကကြီးမားသော ဣဇက်တွင်ထားရှိသော ပဋိညာဉ် ကတိတော်ကိုလည်း ပို၍ပြည့်စုံစေလိမ့်မည်ဖြစ်သည်။

ဆင်ခြင်ရန် - မလွယ်ကူသောနာခံခြင်းများ နောက်ကွယ်တွင် တည်ရှိနေသော ဘုရားသခင်၏ ကတိတော် များကို ယုံကြည်မျော်လင့်လျှက် နာခံလိုက်လျှောက်ခြင်းသည် ကတိတော်အကျိုးကိုခံစားရစေသည်။

ဆုတောင်းရန် - ခက်ခဲသော်လည်း ဘုရားစကားကို အချိန်တိုင်း၊ အခြေအနေတိုင်းတွင် နာခံလိုက်လျှောက် တတ်သူများဖြစ်စေပါ။ အာမင်

show more

Share/Embed