⭐️ ”အိပ်မက်ဆိုတာ လွှတ်ချလိုက်ဖို့မှမဟုတ်တာ...
Myanmar Imperial College - MIC Myanmar Imperial College - MIC
15.4K subscribers
9,210 views
647

 Published On Dec 28, 2020

မ ရဲ့ အိပ်မက်ရပ်ဝန်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင့်.... ❤️
✨ မရဲ့ ယုံကြည်မှုတစ်ခုက အိပ်မက်ဆိုတာ ယုံကြည်ချက်တွေ၊ ခံယူချက်တွေနဲ့ အားမလျော့ဘဲ ကြိုးစားရင် တချိန်မှာ လှပစွာ အကောင်အထည်ဖော် နိုင်မှာ ဖြစ်ပါတယ်။
☘️ အိပ်မက်တစ်ခု ရှိရမယ်။ အိပ်မက်ကို ယုံကြည်တဲ့ ယုံကြည်ချက် ရှိရမယ်။ သင်ကြားမှုတွေ သင်ယူမှုတွေနဲ့ အကောင်အထည်ဖော်နိုင်ရမယ်။
⭐️ ”အိပ်မက်ဆိုတာ လွှတ်ချလိုက်ဖို့မှမဟုတ်တာ... လမ်းပျောက်တဲ့အခါမှာ လမ်းပြကြယ်အဖြစ် အသုံးပြုဖို့ နဲ့ အောင်မြင်မှုကို သွားတဲ့အချိန်မှာ ယုံကြည်ချက်တစ်ခုအဖြစ်အသုံးချဖို့ပါ...အိပ်မက်ဆိုတာ ရင်ထဲမှာ အမြဲအမြတ်တနိုးနဲ့သိမ်းဆည်းထားရမယ်အရာပါ... ဒါကြောင့် ဒီအိပ်မက်တွေကိုဘယ်တော့မှ လွှတ်မပစ်လိုက်ပါနဲ့ ...”
ဒေါ်ပို့ပို့ကြည်
𝐅𝐨𝐮𝐧𝐝𝐞𝐫 𝐨𝐟 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐦𝐩𝐞𝐫𝐢𝐚𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 🇲🇲
---------------------------------------------------
📖✍🏻 မရဲ့ ရူးသွပ်စွာမက်ခဲ့ရတဲ့ အိပ်မက်အကြောင်းလေးကို ပြန်ပြီးပြောပြပေးချင်ပါတယ်။
✨ မ အသက် ၁၈ နှစ်မှာ မြန်မာငွေ ၁၈သိန်းနဲ့ အိပ်မက်တွေကို စတင်ခဲ့တယ်။ လူငယ်နှစ်ယောက်ရဲ့ အိပ်မက်တွေကို ရူးသွပ်စွာနဲ့ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ရူးသွပ်စွာနဲ့ ရှေ့ဆက်ပြီးတော့၊ ရူးသွပ်စွာနဲ့ ကြိုးစားခဲ့ကြပါတယ်။ အခက်အခဲတွေကို အခွင့်အရေးတွေလို မြင်ပြီး၊ လဲကျရင်ပြန်ထ၊ အမှားတွေကနေ ပြန်သင်ယူရင်းနဲ့ အိပ်မက်တွေအတွက် ကြိုးစားခဲ့ကြရတယ်။
📚အဲဒီလိုနဲ့ အခုအချိန်ကာလ ၁၈ နှစ်ကျော်လာတဲ့အချိန်မှာ လူတွေရဲ့ မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူးဆိုတဲ့ စကားလုံးတွေ ဝေဖန်မှုတွေကို မ ရဲ့ အိပ်မက်ရယ်၊ ယုံကြည်ချက်၊ ခံယူချက်၊ သင်ယူမှုနဲ့ ကြိုးစားမှုတွေနဲ့အတူ တော်လှန်နိုင်ခဲ့တယ်...
❤ အခုဆိုရင် မ ရဲ့ အိပ်မက်ဖြစ်တဲ့ Myanmar Imperial University ဆိုတဲ့ အိပ်မက်လေး လှပစွာ အသက်ဝင်လာခဲ့တယ်... ❤️📚
ဒီနေရာကနေပြီးတော့ အားလုံးအတွက်၊ အိပ်မက်တွေအတွက် ​ရှေ့ဆက်ကြမယ့် လူငယ်တွေအတွက်
🌻မရဲ့ အိပ်မက်တွေရဲ့အစ
🌻မရဲ့ လူငယ်ရဲ့ အိပ်မက်တွေအတွက် အကြံဥာဏ်တွေ
🌻အိပ်မက်ချစ်သူတွေ လက်ကိုင်ထားရမယ့် အရာတွေအကြောင်းကို လည်း မျှဝေပေးလိုက်ပါတယ်ရှင် ...
❤️ချစ်တဲ့သူများအားလုံး
✨အိပ်မက်မက်ပါ
✨အိပ်မက်များကိုယုံကြည်ပါ
✨အိပ်မက်များကို အကောင်းအထည်ဖော်ပါလို့
ပတ်ဝန်းကျင်နဲ့ အခက်အခဲတွေကြောင့် ကိုယ့်ရဲ့ အိပ်မက်တွေကို အရောင်မပြောင်းပါစေနဲ့နော်...
ချစ်တဲ့
မပို့ ❤️
#MIU_DreamsforSuccess_အိပ်မက်မက်ပါ_TalkSeries❤️
----------------------------------------------
အိပ်မက်တွေအတွက် ကြိုးစားနေတဲ့မြန်မာလူငယ်တွေအားလုံးအတွက် ရည်ရွယ်ပြီး MIU_DreamsforSuccess အစီအစဥ်လေးကနေ ဝေမျှမှုတွေကိုလည်း အမြဲစဉ်ဆက်မပြတ် ပြုလုပ်ပေးသွားမှာဖြစ်လို့ MIU Channel လေးကို Subscribe လုပ်ထားဖို့လည်းမမေ့နဲ့ဦးနော် ❤️🙏🤝👇👇
https://www.youtube.com/channel/UC9qz...

မြန်မာလူငယ်တွေအတွက် ပညာရေးကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းဖို့ အကောင်းဆုံးကြိုးစားနေတဲ့ ဝေမျှမှုတွေ ၊ ပညာရေးအစီအစဥ်တွေ၊ Scholarship အစီအစဥ်တွေများစွာကိုလည်း အသေးစိတ်အချက်အလက်တွေနဲ့အတူ MIU Facebook Page နဲ့ Poht Poht Kyi - ပို့ပို့ကြည် Facebook Page လေးမှာသွားရောက်ကြည့်ရှုနိုင်ပါတယ်နော် ❤️🙏🤝👇👇

  / myanmarimper.  .
  / pohtphotkyi  

#အိပ်မက်မက်ပါ
#အိပ်မက်များကိုယုံကြည်ပါ
#အိပ်မက်များကိုအကောင်အထည်ဖော်ပါ

show more

Share/Embed