ပန်းနွယ်က စိမ်း ( တေးရေး... တွံတေးသိန်းတန် ၊ တေးဆို ... ကိုအောင်နိုင်ဦး )
ko aung naing oo ko aung naing oo
4.17K subscribers
1,155 views
5

 Published On May 3, 2020

🌿 ပန်းနွယ်က စိမ်း

တေးရေး တွံတေးသိန်းတန်

ပန်းနွွယ်က စိမ်း... ပန်းနွယ်က စိမ်း စိမ်းတယ်

စုံနံ့သာမြိုင် ရှာပုံဖွင့်ပါလို့ရယ် ရင်နင့်အောင် ချစ်ရှာလွန်းသူ အပူတပြင်းရှာဖွေ ရေမြေဆုံးစေ့တကယ် လှဂမုန်းနွယ် ချစ်သက်ဦးရယ် ဘ၀ဆုံးတကယ် မပစ်ရက်ဘူးရွယ် ရူးတယ် ဆိုစေဦးတော့ ဖုန်းကျော့မေ ပန်းနွယ်ပျိုရယ် ​အဆုံးတော့လေ လှမ်းရွယ်ရှာမယ် မုန်းတော့စေ ပန်းနွယ် ကညာရယ်

စကားပြော 🅾 စိမ်းရက်တဲ့ ပန်းနွယ်ရေ စုံနံ့သာမြိုင်မှာ ရှာပုံဖွင့်သလို အသည်းနင့်အောင် ချစ်ခဲ့ရသူမို့ ရေမြေဆုံးစေတော့ ရှာရဦးတော့မယ် အရူးတစ်ယောက်ရယ်လို့များ ပြောချင်လည်း ပြောပေဦးတော့ တောအလယ် တောင်အထပ်ထပ်မှာ မောတယ်လို့တောင်မှ နားမ ​ေနခဲ့ဘူး ပန်းနွယ်ရေ တောင်မြောက်လေးပါးကို ဖွေရှာမျော်ကြည့်လိုက်ပြန်တော့ အဖော်မရှိတဲ့ ကိုယ့်ဘ၀မှာ အသည်းငယ်မိတယ် ပန်းနွယ်ရေ ပျောက်သောသူ ရှာရင်တွေ့လို့ ဆိုပေမယ့် စိမ်းကားတဲ့ ပန်းနွယ်ကိုတော့ ရှာလေ ေ၀းလေပါလား ပန်းနွယ်ရယ်

စုံနံ့သာမြိုင် ရှာပုံဖွင့်ပါလို့ရယ် ရင်နင့်အောင် ချစ်ရှာလွန်းသူ အပူတပြင်းရှာဖွေ ရေမြေဆုံးစေ့တကယ် လှဂမုန်းနွယ် ချစ်သက်ဦးရယ် ဘ၀ဆုံးတကယ် မပစ်ရက်ဘူးရွယ် ရူးတယ် ဆိုစေဦးတော့ ဖုန်းကျော့မေ ပန်းနွယ်ပျိုရယ် အဆုံးတော့လေ လှမ်းရွယ်ရှာမယ် မုန်းတော့စေ ပန်းနွယ် ကညာရယ်

မြိုင်ဗွေ ဂနိုင်ခြေစပ်မှာတဲ့ မှိုင်တွေ မှိုင်တွေ ရပ်ကာကွဲ့ ဘယ်၀ယ် မြောက်တောင် ဖွေယောင်မျှော်ကြည့် အဖော်မရှိ တစ်ကိုယ်တည်း အသည်းငယ်သလိုနှယ် ပူပုံပန်းရယ် လွမ်းတယ် ပန်းနွယ်ရေ ရှာလေ ေ၀းတယ်

( သီတာ မြလား မြစ်နားတစ်လျှောက် ရောက်ခဲ့ရာ၀ယ် လှိုင်းရေ သောင်စပ်မှာ တောင်ပံယှက်ပျံ ငှက် မောင်နှံကိုမှ မြင်ရသော် ခဏ ​ေဩာ် မရွင်ပျနိုင်တယ် ရင်မှလှိုက်လှဲ ပန်းနွယ်ကိုပဲ တလို့ ဆွေးမိတယ် ရွှေရင်ပူမီး ဗျာကြီးသူ သောကလှိုင်း၀ယ် အချစ်ဇောနဲ့ နစ်မျောခဲ့ ဖြေမပြေတယ် )

အပြစ်ရှာ သွေဖီ စိမ်းသူရဲ့ ပန်းနွယ်ရယ် ( လမ်း ဘယ်မမြင်တယ် ) ရွှေပင်လယ် ဆီးသည်သို့ နီး နီးမယ် မထင်တော့တယ်


စကားပြော🅾 ပန်းနွယ်ရေ မြသီတာ မြစ်အလွှာနားရောက်ပြန်တော့ လှိုင်းကလေးတွေ ပြေးတက်လာတဲ့ သောင်စပ်မှာ ငှက် မောင်နှံ တောင်ပံယှက်လို့ ပျံ၀ဲနေတာကိုမြင်ရပြန်တယ်ကွယ် ဒီအခါမျိုးမှာလေ ပန်းနွယ်ကိုပဲ တွေးပြီး ဆွေးမိပြန်တယ် ဒါပေမယ့် အပြစ်ရှာ သွေဖည်ပြေးတဲ့ ပန်းနွယ်ရေ ရွှေပင်လယ် ကာဆီးလို့ နီးနိုင်မယ် မထင်ပေမယ့် က မ္ဘာ ကုန်ကျယ်သရွေ့တော့ ရှာပုံချဲ့ရဦးတော့မယ်ကွယ်

ရင်မောဖွယ် ​ေဩာ် ရှာပုံခရီးမှာဖြင့် က မ္ဘာ ကုန်ကျယ်သရွေ့ ပြေးနိုင်စွမ်းပေဦးမယ် ဘယ်သောအခါမှ ဆုံလာတွေ့မယ် စိမ်းလေသူ ပန်းနွယ်ရယ် က ​မ္ဘာ မြေ ဆုံးတောင် ဖုန်းမောင်ရှာဖွေမယ် ပန်းနွယ်က စိမ်း စိမ်းတယ်

◾ တွံ့တေးသိန်းတန် သီဆိုထားတဲ့ ပန်းနွယ်ကစိမ်း

https://yadi.sk/d/2da_7sVk_jyO9w

◾ မောင်မောင်ကြီး သီဆိုထားတဲ့ ပန်းနွယ်ကစိမ်း

https://yadi.sk/d/7qCQeZVGAgS_bA

◾ ဘိုဟိန်း သီဆိုထားတဲ့ ပန်းနွယ်ကစိမ်း

https://yadi.sk/d/SCLjfHnoUpJ5jQ

◾ အနိုင် သီဆိုထားတဲ့ ပန်းနွယ်ကစိမ်း

https://yadi.sk/d/ig-1O-rSJrTV0Q

◾ ပိုအိစံ သီဆိုထားတဲ့ ပန်းနွယ်ကစိမ်း

https://yadi.sk/d/oO0xnLhAlj1s9g

◾ ရွှေရည်သိန်းတန် သီဆိုထားတဲ့ ပန်းနွယ်ကစိမ်း

https://yadi.sk/d/9xNWOp_zVEdN1Q

◾ ခိုင်ဝါ ကတော့
ပန်းနွယ်က မစိမ်းပါ ... တဲ့

https://yadi.sk/d/abP9H94jsXM2nA


တွံတေးသိန်းတန် သီဆိုထားတဲ့ သီချင်းရဲ့ တီးလုံး

https://yadi.sk/d/Tt1CLHbPenWOng

တွံတေးထွန်းထွန်း သီဆိုထားတဲ့ သီချင်းရဲ့ တီးလုံး

https://yadi.sk/d/4jCKqZ3zqefbuA

show more

Share/Embed