How to catching fish in Myanmar
Myanmar Angler Dream Myanmar Angler Dream
13.3K subscribers
2,444 views
52

 Published On Sep 12, 2024

ဆည်ဝန်း သို့ မြင်းဝန်း Part 2

ရှေးယခင်ကတော့ မြင်းဝန်းလို့ ခေါ်ကြပြီး အခုခေတ်မှာတော့ ဆည်ဝန်း သို့ ဆည်ချတယ် သို့ ဆည်တားတယ်လို့ ခေါ်ကြပါတယ်ဗျ။

ဆည်ချတယ်ဆိုတာ အင်းကြီးတွေထဲမှာ သူ့အကန့်နဲ့သူ နယ်နိမိတ် သတ်မှတ်ပီး ရင်း လို့ခေါ်တဲ့ ဟာတွေနဲ့ ကန့်ပါတယ်။

အလွယ်ပြောရင် ခြံစည်းရိုး ခတ်တယ်ပေါ့ဗျာ။

ရင်းခတ်ရတဲ့ နယ်နိမိတ်ကြီးကလဲ အရှည်ကြီး ခတ်ရတာပါ။

ခု ကျနော် ရောက်ခဲ့တဲ့ အင်းဆိုရင်လဲ ရင်းကာရတဲ့ ကုန်ကျစရိတ်တင် မသေးလှပါဘူး။

မြင်းဝန်းတွေဟာ ရင်းလာဆုံတဲ့ မျှားဦးချွန်လို နေရာ ရယ် ရေဆင်းကောင်းတဲ့ နေရာတွေ မှာ အဓိက တည်ဆောက်ကြပါတယ်။ ရေဆင်းကောင်းမှလဲ ငါးများများဆင်းမှာပါ။

အဲ့ရေဆင်းပေါက်ကနေ ဝါးတွေ၊ ပိုက်တွေနဲ့ မြောင်းလိုလုပ်ပီး (ကျားထောင်သလို) ငါးဆင်းပေါက် လုပ်တယ်၊ ဝင်လာတဲ့ငါးပြည့်ရင် ဖော်တာပဲဖြစ်ပါတယ်။

ဆည်ဝန်းတွေဟာ ၇ လပိုင်းအကုန်လောက်မှာ ရေအခြေအနေပေါ် မူတည်ပီးငါးစတင်ဖမ်းကြပါတယ်။ ၁၀ လပိုင်း လဆန်းလောက်ဆို သိမ်းကြပါတယ်ဗျ။

ရလာတဲ့ငါးတွေကို အမျိုးအစားခွဲပီး ရောင်းသင့်တာရောင်း၊ အရှင်လှောင်သင့်တာလှောင်၊ ငါးပိလုပ်တဲ့ငါးကို ငါးပိသိပ်ကြပါတယ်။

ကုန်ကျစရိတ်တွေ အများကြီး ရင်းနှီးထားတဲ့အတွက် အခု အင်းက သဘောကောင်းတဲ့ အင်းသမား အကိုကြီးတွေအပါအဝင် အင်းသူကြီးတွေအားလုံး ငါးတွေ အများကြီး ရကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း

with loves,
MAD

#vlogbykokyaw #myanmaranglerdream #myanmarfishing #ဆည်ဝန်း #မြင်းဝန်း #MAD

show more

Share/Embed