"အောင်ဆန်းစုကြည်သာ အဲ့ဒီဘုုရားကို ကိုးကွယ်နိုင်မည်ဆိုရင်တော့ဖြင့် လက်မထောင်ရဲပါတယ်"
Alinn Myay Alinn Myay
193K subscribers
572,331 views
9.3K

 Published On Jun 30, 2020

"အောင်ဆန်းစုကြည်သာ အဲ့ဒီဘုုရားကို ကိုးကွယ်နိုင်မည်ဆိုရင်တော့ဖြင့် လက်မထောင်ရဲပါတယ်" ဟု အရက်ဖြတ်ဆရာတော်ကြီးမိန့်ကြား
---------
ဇွန်(၃၀) AlinnMyay(အလင်းမြေ)

ကျောက်ပန်းတောင်းမြို့နယ်၊ ကျွဲကန်ရွာအနီးက တောထဲမှာ တောရကျောင်းဆောက်တည်သီတင်းသုံးနေရင်း အရက်စွဲသူ၊ဆေးစွဲသူတွေကို မေတ္တာနဲ့ အရက်၊ဆေးဖြတ်ပေးနေတဲ့ ဆရာတော်တပါးရှိနေပါတယ်။ ဆရာတော်ဟာ တောထဲတနေရာကနေ ရှာဖွေတွေကရှိခဲ့တဲ့ အင်ကြင်းကျောက်ကို ပညာရှင်တွေနဲ့ ရုပ်ပွားတော်လေးဆူ ထုဆစ်နေပါတယ်။ အဲဒီအင်ကြင်းကျောက်ကို ၂၀၁၅ ခုနှစ်တည်းက တူးဖော်ခဲ့တာဖြစ်ပြီး အရှည် ၄၆ပေ၊ လုံးပတ် ၅ပေခွဲရှိကာ ရပ်တော်မူ ရုပ်ပွားတော် ၂ဆူ၊လျောင်းတော်မူ ရုပ်ပွားတော် ၂ဆူ ထုဆစ်နေတာပါ။

အဲဒီရုပ်ပွားတော်တွေ ထုဆစ်ပြီးသွားရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပေးလှုသွားချင်တယ်လို့ ယုန်ထောင်ဆရာတော် ဥူးတေဇနိယက မိန့်တော်မူပါတယ်။ ဆရာတော်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့မွေးသက္ကရာဇ်အတူတူဖြစ်ပြီး မွေးရက်အားဖြင့် သုံးရက်သာ ကွာပါတယ် လို့လည်း ဆက်မိန့်ပါတယ်။

အင်ကြင်းဟာ အေးချမ်းတာကြောင့် ဗုဒ္ဓဘုရားက အင်ကြင်းတောမှာပွင့်ပြီး အင်ကြင်းတောမှာပဲ ဘုရားဖြစ်ခဲ့ပြီး အင်ကြင်းတောမှာပဲ ပရိန္နဗ္ဗာန်ပြုခဲ့တာဖြစ်ပါတယ်။ဒါကြောင့် အေးချမ်းတဲ့ နိမိတ်ရှိတဲ့ အင်ကြင်းကျောက်ရုပ်ပွားတော်ကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါရပ်တန့်စေဖို့နဲ့ တိုင်းပြည်အေးချမ်းစေဖို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုးကွယ်စေချင်တဲ့အတွက် ပေးလှုချင်တာလို့ ဆရာတော်က ဆက်မိန့်ပါတယ်။

ဆရာတော်ဟာ တောထဲမှာတောရဆောက်တည်ရင်း ဆေးစွဲသူ၊အရက်စွဲနေသူတွေကို အရက်ဖြတ်ပေးနေတာ အရက်စွဲနေသူ အမျိုးသမီး ၃၆ရယောက်အပါအဝင် အရက်၊ဆေးစွဲနေသူ တစ်သိန်းနှစ်သောင်းကျော်ရှိသွားပါပြီ။

ဆရာတော်ဟာ အရက်လာရောက်ဖြတ်သူတွေရဲ့ အလှုနဲ့ စေတီတဆူ၊ဂဏ္ဍကုဋီတိုက်တခုနဲ့ အင်ကြင်းကျောက်ဆင်းတု လေးဆူကို ထုလုပ်လှုဒါန်းနေပါတယ်။ဆရာတော်ဟာ ယာဉ်လိုအပ်နေတဲ့ လူမှုကူညီရေးအသင်း၊နာရေးကူညီမှုအသင်းတွေနဲ့ တကယ်လိုအပ်နေတဲ့ ဘုန်းကြီးကျောင်းတွေကို ကားလှုဒါန်းနေတာလည်း ၁ရစီးရှိသွားပြီလည်း ဖြစ်ပါတယ်။ဆရာတော်ထံသီတင်းသုံးရာတောရကို သွားလိုတယ်ဆိုရင် ရေနံချောင်း-ကျောက်ပန်းတောင်းလမ်မဘေးမှာရှိတဲ့ ဂွေးပင်ရွာကနေတဆင့် ကျွဲကန်ရွာ၊ကျွဲကန်ရွာကနေ တဆင့် ဆရာတော်သီတင်းသုံးရာကျောင်းကို သွားရပါတယ်။

ဝေဖုန်းစံ(ပြည်) #AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

show more

Share/Embed