မှားယွင်းစွာနားလည်နေတဲ့ လူသားတို့မျောက်ကဆင်းသက်ခြင်းကို အမှန်သိစေဖို့ evolution theory လာပါပြီ။
K2K Knowledge Bank K2K Knowledge Bank
15.2K subscribers
3,690 views
183

 Published On Sep 11, 2021

အားလုံးပဲမင်္ဂလာပါ။ k2k ရဲ့ သိပ္ပံ corner မှပြန်လည်ကြိုဆိုလိုက်ပါတယ်။ စာရေးသူတို့ ငယ်စဥ်က လူသားတွေဘယ်ကဆင်းသက်လာသလဲ ဆိုတဲ့မေးခွန်းလေးကို ဗဟုသုတအနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် မေးလေ့ရှိကြပါတယ်။ လူသားတွေမျောက်ကဆင်းသက်လာတယ်လို့ ပြောလိုက်ရင် ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်ပြီး ရွယ်တူကလေးတွေကြားထဲဆရာကြီး ဖြစ်သွားလေ့ရှိပါတယ်။ မိတ်ဆွေတို့ရော တကယ်အဲ့အဖြေကမှန်တယ်လို့ထင်ပါသလားဗျ။ လွန်ခဲ့ ၄ နှစ်လောက်က စာရေးသူနေပြည်တော်ရောက်တုန်း အမျိုးသားခန်းမ ရောက်တော့ ဆင့်ကဲပြောင်းလဲလာပုံကို ဒီပုံလေးလိုမျိုးပြသထားတာကို တွေ့ရှိခဲ့တယ်ဗျ။


ဒီပုံအရဆို စာရေးသူ အပေါ်ကပြောခဲ့သလို လူသားတွေမျောက်က ဆင်းသက်လာတာ မှန်သလိုလို ရှိနေတာပေါ့။ အခြေခံသိပ္ပံ basic science လေးဖြစ်တဲ့ ဒီ evolution သီအိုရီလေးကို ဒီကနေ တင်ဆက်ပေးခြင်းဖြင် မိတ်ဆွေတို့ လူသားတို့ မျောက်ကဆင်းသက်လာတာဟုတ်လားမဟုတ်ဘူးလားဆိုတဲ့ မေးခွန်းလေးကို မိမိတို့ကိုယ်တိုင်စဥ်းစားနိုင်စေဖို့အတွက် သာမက ဒီသီအိုရီလေးကို ရှင်းလင်းစွာ နားလည်စေချင်တာကြောင့်ပဲဖြစ်ပါတယ်။

အဲ့တော့ ဆင့်ကဲပြောင်းလဲခြင်းလို့ခေါ်တဲ့ Evolution အကြောင်းကို တင်ပြမယ်ဆိုရင် ပထမဦးစွာ ပုဂ္ဂိုလ်တစ်ဦး အကြောင်းကို မဖြစ်မနေ ပြောပြဖို့လိုအပ်ပါလိမ့်မယ်။ ၁၈၅၀ ကျော်ကာလတွင်းမှာ ချားစ်လ်ဒါဝင်း Charles Darwin လို့ခေါ်တဲ့ naturalist ဒါမှမဟုတ် သဘာဝပညာရှင်တစ်ဦးက စာအုပ်တစ်အုပ်ထုတ်ဝေခဲ့တယ်။ စာအုပ်လေးရဲ့နာမည်က “The origin of species” လို့အမည်ရပါတယ်။ မြန်မာလိုဆိုရင်တော့ သက်ရှိများ၏ မူလအစ လို့ ဘာသာပြန်လို့ရမှာဖြစ်ပါတယ်။ အဲ့ဒီစာအုပ်ထဲမှာ ဆရာကြီးဒါဝင်က သက်ရှိများဆင့်ကဲပြောင်းလဲမှု လို့ခေါ်တဲ့ Evolution ကို တင်ပြထားတာဖြစ်ပါတယ်။ Evolution ကို သူက “descent with modification” လို့ သူ့စာအုပ်ထဲမှာဖော်ပြထားပါတယ်။ descent ဆိုတာ မျိုးဆက် modification ဆိုတာ ပြုပြင်မွမ်းမံထားတာ။ အားလုံးပေါင်းပြီး အဓိပ္ပာယ်ဖွင့်တော့ ပြောင်းလဲသွားတဲ့ မျိုးဆက်လို့ နားထောင်ကောင်းအောင်ဘာသာပြန်နိုင်ပါတယ်။ ပိုကောင်းအောင်တော့ ဆင့်ကဲပြောင်းလဲခြင်းလို့ မြန်မာစာ ပညာရှင်တို့က ဖွင့်ဆိုထားတာပဲဖြစ်ပါတယ်။

မိတ်ဆွေတို့သတိထားရမှာ က ဆရာကြီး ချားလ်စ်ဒါဝင်းရဲ့ အဲ့ဒီစာအုပ် ပြုစုချိန်က Genetic လို့ခေါ်တဲ့ မျိုးရိုးဗီဇ နဲ့ ပတ်သက်ပြီး ဘာမှလေ့လာတွေ့ရှိမှုမရှိသေးတဲ့ ကာလဖြစ်ပါတယ်။ ဒါကြောင့် ဆရာကြီးအတွက် အင်မတန်မှ များပြားတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရတယ်လို့ဆိုနိုင်ပါတယ်။

ဆရာကြီးဟာ ဒီစာအုပ်လေးကို ကမ္ဘာပတ်ခရီးထွက်ခဲ့တဲ့ အတွေ့အကြုံတွေနဲ့ မြင်တွေ့ခဲ့ရတာတွေကို အခြေခံပြီး ပြုစုခဲ့တာပဲဖြစ်ပါတယ်။ ဆရာကြီးဟာ ၁၈၃၁ မှ ၁၈၃၆ ထိ HMS Beagle ဆိုတဲ့ သင်္ဘောနဲ့ သုတေသန ခရီးသွားအဖွဲ့ထဲမှာပါဝင်ခဲ့ပါတယ်။ အဲ့သင်္ဘောဟာ တောင်အမေရိက၊ သြစတျေးလျှ၊ အာဖရိကတောင်ပိုင်းအဖျားဘက်တွေမှာ ရပ်နားခဲ့ပါတယ်။ ရပ်နားခဲ့တဲ့ အချိန်တိုင်းမှာ ဆရာကြီးဟာ တွေ့သမျှ အပင်တွေ သတ္တဝါတွေကို မှတ်တမ်းတင်ခွင့်ရရှိခဲ့ပြီး ထူးဆန်းတဲ့ ဆက်သွယ်ချက်တချို့ကိုလည်း တွေ့ရှိခဲ့ပါတယ်။ ဒီအထဲကမှ အရေးကြီးတဲ့ တွေ့ရှိချက်တစ်ခုကို မိတ်ဆွေတို့ ဗဟုသုတ ရနိုင်ဖို့ရာ ဖော်ပြပေးချင်ပါတယ်။ ဆရာကြီးဒါဝင်ဟာ အီကွေဒါလို့ အမည်ရတဲ့ မြို့လေးရဲ့ ကမ်းရိုးတန်းမှာ တည်ရှိတဲ့ Galapagos ကျွန်းများဒေသကိုရောက်ရှိသွားခဲ့ပါတယ်။

အဲ့ ကျွန်းတွေပေါ်မှာ ရှိတဲ့ ငှက်လေးတွေကို သတိထားမိခဲ့တယ်။ တစ်ကျွန်းနဲ့ တစ်ကျွန်းမှာ ရှိတဲ့ ငှက်လေးတွေက ဆင်သလိုလိုရှိပေမယ့် လုံးဝထပ်တူတော့ တူညီမနေကြတာကို သထိထားမိခဲ့တယ်။ ဒါ့အပြင် ငှက်တစ်မျိုးစိက သူတို့နေထိုင်ရာ ပတ်ဝန်းကျင်မှာ လုံးဝ အံဝင်ခွင်ကြ လိုက်ရောညီထွေနေကြတာကိုလည်းသတိပြုမိခဲ့တယ်။ ဥပမာ အစေ့ကြီးကြီး တွေကို စားတဲ့ ငှက်တွေက ကြီးမားပြီး မာကျောတဲ့ နှုတ်သီးတွေကို ပိုင်ဆိုင်ထားကြပြီး ပိုးကောင်မွှားကောင် အင်းစက်လေးတွေကို စားတဲ့ ငှက်တွေက ချွန်ထက်ပြီး သေးသွယ်တဲ့ နှုတ်သီးးပုံစံမျိုးကိုပိုင်ဆိုင်ထားကြပါတယ်။ နောက်ဆုံးမှာတော့ ဆရာကြီး တွေ့ရှိခဲ့တာက အီကွာဒေါမြို့ပေါ်ကငှက်တွေရယ် သူနဲ့ အနီးတဝိုက်မှာရှိတဲ့ ဒီ Galapagos ကျွန်းပေါ်က ငှက်တွေသည် ဆင်တူယိုးမှား ပုံစံမျိုးတွေဖြစ်ပြီး ကမ္ဘာကြီးရဲ့ အခြားဒေသများက မျိုးစိတ်တွေနဲ့ ကျပြန်တော့ ကွဲပြားနေခြင်းဖြစ်ပါတယ်။

ဒါကြောင့် ဆရာကြီးဟာ သူတွေ့ရှိခဲ့တဲ့ အရာတွေကို အဖြေပေးနိုင်မယ့် ကောက်ချက်တစ်ခုကို ချခဲ့ပါတယ်။ အဲ့ဒါကတော့ ရှေးရှေးက အီကွေဒါမြို့က ငှက်တွေသည် Galapagos ကျွန်းများပေါ်သို့ ရောက်ရှိနေထိုင်ကျက်စားခဲ့ကြပြီး adaptation လို့ခေါ်တဲ့ရောက်ရှိရာ ကျွန်းပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်အောင် နေထိုင်ကျက်စားကြရင်း နေထိုင်မှုပုံစံပြောင်းလဲကာ အခုလိုပုံစံကွဲပြားတဲ့ ငှက်တွေဖြစ်ကုန်ကြတယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ သူ့ရဲ့ ကောက်ချက်ကို တင်ပြရာမှာ ဆရာကြီးက evolution လို့ခေါ်တဲ့ အရာနဲ့ natural selection လို့ခေါ်တဲ့အရာ နှစ်ခုကိုအသုံးပြုရှင်းလင်းခဲ့တာပဲဖြစ်ပါတယ်။ ဒီနှစ်ချက်က သူ့သီအိုရီရဲ့ ပင်မထောက်တိုင်တွေပဲဖြစ်ပါတယ်။


အဲ့တော့ ပထမထောက်တိုင်ဖြစ်တဲ့ evolution ဆင့်ကဲပြောင်းလဲခြင်း ဒါမှမဟုတ် မျိုးဆက်လိုက်ပြောင်းလဲခြင်းဆိုတာ ဘာကိုပြောတာလဲ? ဥပမာ ခွေးမျိုးစိတ်ကို ကြည့်ရအောင်။ ယနေ့ခေတ်မှာ ခွေးမျိုးစိတ်ပေါင်းများစွာရှိတာကို မိတ်ဆွေတို့ငြင်းစရာမလိုပဲ လက်ခံရမှာဖြစ်ပါတယ်။ အဲ့ခွေးတွေထဲက တော်တော်များများဟာ ဝံပုလွေမျိုးစိတ်ကနေ ပြောင်းလဲ လာတဲ့ အမျိုးအစားတွေပါဝင်လို့နေပါတယ်။ ဆရာကြီး က သက်ရှိတွေတော်တော်များများက ဒီလိုတူညီတဲ့ အရာတစ်ခုကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဒါကိုသူက Common ancestor ဆိုတဲ့အသုံးနဲ့ ဖော်ပြခဲ့ပါတယ်။ ယနေ့ခေတ်မှာ စံပယ်ပင်မျိုးပေါင်းများစွာရှိတာသိကြမယ်ထင်ပါတယ်။ ဒီစံပယ်မျိုးစိတ်တွေသည်လည်း စံပယ်ပင်မ common ancestor တစ်ခုကနေ ဆင်းသက်လာကြတဲ့ မျိုးစိတ်တွေဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ ဒါကို ဆင့်ကဲပြောင်းလဲခြင်း ဒါမှမဟုတ် evolution လို့ ရည်ညွှန်းတာပဲဖြစ်ပါတယ်။

show more

Share/Embed