“အရင်လိုဘဝမျိုး ပြန်ဖြစ်သွားရင်တောင်မှ လမ်းဘေးမှာ ပြန်ဆိုရင် ဆိုနေမှာပဲ” - သာဒီးလူ
Mercury Variety Mercury Variety
44.7K subscribers
5,754 views
224

 Published On Premiered Jul 23, 2023

“အရင်လိုဘဝမျိုး ပြန်ဖြစ်သွားရင်တောင်မှ လမ်းဘေးမှာ ပြန်ဆိုရင် ဆိုနေမှာပဲ၊ ဒါက ကျွန်တော့်ခံယူချက်ပဲ” - သာဒီးလူ(အဆိုတော်)
-----------------
“ကျွန်တော့်ရဲ့ဇနီးအတွက် အမှတ်တရ သီချင်းစပ်ပေးတာမျိုးတော့ မရှိခဲ့ဘူး။ အမှတ်တရအနေနဲ့ သူ့အတွက် ဆိုပေးဖြစ်ခဲ့တာမျိုးလေးတွေတော့ ရှိတယ်။ အဲ့တုန်းက အိမ်ထောင်မကျသေးဘူး၊ ကျွန်တော်တို့ လူပျိုဘဝပဲ ရှိသေးတယ်။ ကျွန်တော်တို့ အဲ့ဒီမှာ အနောက်ဘက်က မဇ္ဈိမ အခွေလေး လုပ်ခဲ့တယ်။ အဲ့ဒီအခွေထဲက စောင့်နေပါ ဆိုတဲ့သီချင်းလေးက ကျွန်တော့်ခံစားချက်နဲ့တိုက်ဆိုင်နေခဲ့တော့ ကျွန်တော့်ကောင်မလေးအတွက် ဆိုဖြစ်သွားတယ်ပေါ့။ မင်းအတွက် ဒီသီချင်းလေး ဆိုဖြစ်တယ်လို့ သူ့ကို ပြောလိုက်တော့ သူ အရမ်းဝမ်းသာသွားခဲ့တယ်။ ကျွန်တော် ဒီအလုပ်ကို စလုပ်တုန်းကဆို လူကြီးတွေက သိပ်လက်မခံသေးဘူး။ အတော့်ကို ကြိုးစားခဲ့ရတယ်။ သာဒီးလူဖြစ်ဖို့ ဘယ်လောက် ကြိုးစားခဲ့ရသလဲဆိုရင် သာဒီးလူ မဖြစ်သေးပါဘူး။ ဘယ်တော့မှ ဖြစ်လာမလဲတော့ မသိဘူး။ အခုအချိန်ထိတော့ တောက်လျှောက် ကြိုးစားနေရတုန်းပါပဲ။ စိတ်ပျက်သွားပြီး အနုပညာကို မလုပ်တော့ဘူးကွာဆိုတာမျိုးကတော့ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး။ လုံးဝလုပ်လို့ မရတော့ရင်တောင်၊ အရင်လိုဘဝမျိုး ပြန်ဖြစ်သွားရင်တောင် လမ်းဘေးမှာ ပြန်ဆိုရင်လည်း ဆိုနေမှာပဲ။ ဒါက ကျွန်တော့်ခံယူချက်ပဲ” - သာဒီးလူ(အဆိုတော်)
#MercuryVariety #MV #MercuryExclusiveInterview #MercuryCelebrityInterview #ExclusiveInterview #CelebrityInterview #TharDeeLu #သာဒီးလူ #တေးရေး #တေးဆို #Singer #Wife #အမှတ်တရ #စောင့်နေပါ #အနောက်ဘက်ကမဇ္ဈိမ #အနုပညာ #Song #Lyrics #Celebrity #Celebrities #သီချင်း #Yangon #Myanmar

show more

Share/Embed