ထရန့်တစ်ယောက်ကတော့ လုပ်ချလိုက်ပြန်ပြီ
Doo Prime Myanmar Doo Prime Myanmar
6.01K subscribers
61,407 views
1.4K

 Published On Jul 17, 2024

ထရန့်တစ်ယောက်ကတော့ လုပ်ချလိုက်ပြန်ပြီ
——————————————————————————
July 17 ၊ 2024

ရီပက်ဘလီကန်သမ္မတလောင်း ထရန့်ဟာ သူ့ရဲ့စကားတွေ အပြောအဆိုတွေနဲ့ပတ်သတ်ပြီး အတော်လေးလူမုန်းများတဲ့ လူတစ်ဦးဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ အထူးသဖြင့် သူ့ကို မထောက်ခံတဲ့လူတွေဟာ သူကို ပိုပိုသာသာမုန်းတီးကြတာလဲဖြစ်ပါတယ်။ အခုလဲ ထရန့်တစ်ယောက် လုပ်ချလိုက်ပြန်ပါပြီ

ဒီတစ်ခါထရန့် ဘာပြောသလဲဆိုတော့ ထိုင်ဝမ်နဲ့ပတ်သတ်ပြီး ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ ထိုင်ဝမ်ဆိုတာ တရုတ် နဲ့ အမေရိကန်ကြား အားပြိုင်ပွဲအလယ်က နယ်ရုပ်တစ်ခုဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဘ်ိုင်ဒန်လက်ထက်မှာ ထိုင်ဝမ်ကို ငွေအားလူအား ၊ လက်နက်ပစ္စည်း စသည်ဖြင့် နောက်ကနေ ထောက်ပံ့ထားခဲ့တာဖြစ်ပါတယ်။

အခုထရန့်ပြောလိုက်တဲ့ စကားကြောင့် အားလုံး ပွဲဆူပြီး ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြပါတယ်။ ထရန့်က ဘာပြောသလဲဆိုတော့ ထိုင်ဝမ်အနေနဲ့ အမေရိကန်က ထောက်ပံ့တဲ့ လက်နက်ပစ္စည်းတွေအတွက် ပိုက်ဆံပေးသင့်ကြောင်း ဒါမှမဟုတ်ရင် လက်နက်ပစ္စည်းထောက်ပံ့မှု ရပ်ဆိုင်းရမှာဖြစ်ကြောင်း Bloomberg သတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာပြောသွားတာဖြစ်ပါတယ်။

ဒီစကားကို သူက June လ 25 ရက်နေ့ကထဲက ပြောခဲ့တာဖြစ်ပေမဲ့ Bloomberg က ဒီနေ့မှ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ Bloomberg ရဲ့ အချိန်ကိုက် ဖွမှုလား ဆိုတာတော့ သူတို့ပဲ သိပါလိမ့်မယ်။ ထရန့်က ဘယ်လိုပြောသလဲဆိုရင်-

“ ကျွန်တော်သူတို့ကို ကောင်းကောင်းသိပါတယ်၊ 100% ပေါ့ ။ သူတို့က ကျွန်တော်တို့ရဲ့ chip စျေးကွက်ကိုလဲ လက်ဝါးကြီးအုပ်ထားသေးတယ်၊ အဲ့ဒီတော့ သူတို့အနေနဲ့ အမေရိကန်လက်နက်တွေအတွက် ပိုက်ဆံပေးသင့်တယ် မဟုတ်ဘူးလား “ လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။ နောက်ပြီးတော့သူက အမေရိကန်ဟာ အာမခံကုမ္ပဏီတစ်ခုနဲ့ တူနေပြီ လို့လဲ ပြောသွားခဲ့ပါသေးတယ်။

သူ့ရဲ့ပြောစကားအပြီးမှာတော့ ရိုက်ခတ်မှု ပြင်းထန်ခဲ့ပြီး ထိုင်ဝမ်ဒေသတွင်း စတော့တွေ တန်ဖိုး ထိုးကျ ကုန်ပါတော့တယ်။ ထိုင်ဝမ်ရဲ့ အဓိက စတော့လို့ပြောလို့ရမဲ့ Contract chipmaker ဆိုရင် 2% အထိတန်ဖိုး ထိုးကျသွားတာဖြစ်ပါတယ်။ ဒီ chip လုပ်ငန်းစုကြီးဟာ တရုတ်ရဲ့အဓိကပြိုင်ဘက်လဲ ဖြစ်နေပါသေးတယ်။

နောက်ပြီးတော့ ထိုင်ဝမ်ဆိုတာဟာ ကမ္ဘာကြီးရဲ့ အဓိက chipmaker နိုင်ငံတစ်ခုဖြစ်ပြီး ကမ္ဘာ့နည်းပညာ supply chains တစ်ခုလဲ ဖြစ်နေပါသေးတယ်။ ဒါကို ထရန့်တစ်ယောက် နားမလည်တာလား ဒါမှမဟုတ် သူ့ဝသီအတိုင်း မကြိုက်တာကို မကြိုက်ကြောင်း ဒဲ့ပြောတာလားဆိုတော့ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ လက်ရှိအာရှ ပစိဖိတ်မှာတော့ ထရန့်တက်လာမှာကို စိုးရွံ့နေကြပြီလို့လဲ ဆိုရတော့မှာ ဖြစ်ကြောင်းပါ။

📌သင့်ရဲ့ လုံခြုံစိတ်ချမှုတစ်ခုကို ပေးနိုင်တဲ့ Trading နယ်ပယ်လေးတစ်ခုကို ဖန်တီးချင်တယ်ဆိုရင် ကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးနေတဲ့ Doo Prime Myanmarကို ယခုပဲအရောက်လှမ်းခဲ့ပါရှင်။

📌Trading Account ဖွင့်လိုသူများ Page Chart Box (သို့မဟုတ်) Comment မှာ ဖော်ပြထားတဲ့ Link ကို နှိပ်ပြီး ဖွင့်နိုင်ပါတယ်ရှင်။

#DooPrime
#dooprimemyanmar
#tradewithdooprime
#thebestbroker
#slippage

show more

Share/Embed