ရှမ်း​ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခသစ်များ (ရုပ်/သံ)
The Irrawaddy News The Irrawaddy News
888K subscribers
376,308 views
0

 Published On Jun 12, 2024

ရှမ်းပြည်မြောက်ပိုင်းဆိုရင် မူဆယ်ကလွဲလို့ လားရှိူး၊ သီပေါ၊ ကျောက်မဲတို့ရဲ့ မြောက်ဘက်တခြမ်းလုံး စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ပါဘူး။ ၁၀၂၇ စစ်ဆင်ရေးမှာအတူတိုက်ခဲ့ကြတဲ့တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့က ထိန်းချုပ်နယ်မြေအများစုကို ရယူထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးမစခင်နဲ့ စစ်ဆင်ရေးကာလအတွင်းမှာပါ ပုံမှန်တိုက်ခိုက်နေတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကလည်း နယ်မြေတချို့ကို ထိန်းချုပ်ထားသလို တိုက်ပွဲဖော်ဆောင်တာမရှိတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်း ပြည်တပ်မတော် (SSPP/SSA) ကလည်းသူ့ရဲ့စည်းရုံးနယ်မြေတွေမှာ လှုပ်ရှားနေတာ တွေ့ရပါတယ်။

၁၀၂၇ စစ်ဆင်ရေးအပြီး အုပ်ချုပ်ရေး ထူထောင်တဲ့အခါမှာတော့ ဒီ ၄ ဖွဲ့အကြားမှာ ပွတ်တိုက်မှုတွေရှိလာတာ တွေ့ရပါတယ်။

စစ်ကောင်စီကို အတူတကွတိုက်ပွဲဝင်ခဲ့ကြပေမယ့်လည်း နိုင်ငံရေးရည်မှန်းချက်တွေ မတူကြပါဘူး။

ပထမအချက် အနေနဲ့ ရှမ်းမြောက်အောင်ပွဲရလဒ်ဟာ အတူတကွတိုက်ပွဲဝင်ပြီး ရလာတာဖြစ်လို့ အတူတကွ ခွဲဝေခံစားကြဖို့လိုသလို ပြုတ် မကျသေးတဲ့ စစ်ကောင်စီကို အတူတကွရင်ဆိုင်ရပါမယ်။

ဒုတိယအချက်အနေနဲ့ ရှမ်းမြောက်အောင်ပွဲဟာ ရှမ်းမြောက်မှာ ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အစွမ်းကြောင့်ရရှိတာ အဓိကဖြစ်ပေမယ့်လည်း ပြည်မဒီမိုကရက်တစ်အင်အား စုတွေက စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ အကျိုးဆက်ကြောင့်လည်းဖြစ်တာကို သတိပြုဖို့လိုပါတယ်။

တတိယအချက်က တိုင်းရင်းသား ၄ ဖွဲ့အနေနဲ့ ပြည်သူအားလုံးပါဝင်တဲ့ အုပ်ချုပ်ရေးစနစ်ထူထောင်မယ်လို့ ဆိုပေမယ့်လည်း ပါတီစုံဒိမိုကရေစီ စနစ်၊ ရွေးကောက်ပွဲစနစ်တွေနဲ့ ပတ်သက်ပြီးရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။ တပါတီစနစ်နဲ့ ဆက်သွားကြမယ့်ပုံ ပေါ်နေ ပါတယ်။ ဒါကြောင့် ရှမ်း‌မြောက် ၄ ဖွဲ့အနေနဲ့ နိုင်ငံရေး၊ စစ်ရေးမဟာမိတ်ဖွဲ့စည်းဖို့လိုသလို နယ်မြေသတ်မှတ်ရေး၊ ဒေသတွင်း အခြားလူမျိုးများကလည်း အသိအမှတ်ပြုရေး၊ တည်ငြိမ်အေးချမ်းရေးတွေအတွက် အဖွဲ့အစည်း ၄ ခုညှိနှိုင်းရန် လိုအပ်ပါတယ်။

နိုင်ငံရေးပါတီတွေ၊ ဘာသာရေး/ယဥ်ကျေးမှုအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေပါဝင်တဲ့ လက်ရှိ အခြေအနေမှာ ဖြစ်နိုင်သမျှစုစည်းမှုမှ စတင်ခြေလှမ်းဖို့လိုပါတယ်။ လက်နက်ကိုင်တော်လှန်ရေးဟာ ခက်ခဲကြမ်းတမ်း သလို နိုင်ငံရေးအရ ညှိနှိုင်းဆွေနွေးမှုဟာလည်း စိတ်ရှည်ဖို့လိုအပ်ပါတယ်။ စစ်ပွဲအောင်နိုင်သူက အုပ်ချုပ်ကြစတမ်းဆိုရင် ရှမ်းမြောက်ဟာ တည်ငြိမ်ဖွံဖြိုးတိုးတက်ဖို့ ခက်ခဲနေပါလိမ့်မယ်။ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန် ဖြုတ်ချနေ ခြင်းဟာ လူမျိုးနဲ့ ပြည်သူလူထုအတွက် တရားမျှတတဲ့ နိုင်ငံရေးစနစ်တရပ်ဖော်ဆောင်ဖို့နဲ့ တည်ငြိမ်ဖွံဖြိုးတဲ့ ထူထောင်ဖို့ဘဲ ဖြစ်ပါတယ်။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

show more

Share/Embed