ပုဂံ သက်စိုးတောင် ပေါ်က စိတ်ဝင်စားစရာ နေရာများ | 5 Amazing Places at Thet Soe Mountain, Bagan
Thiha Lu Lin / Thiha, the Traveller Thiha Lu Lin / Thiha, the Traveller
40.5K subscribers
24,953 views
430

 Published On Jun 15, 2022

ပုဂံ မှာ တောင်တက်အားကစား စိတ်ဝင်စားသူတွေအတွက် သက်စိုးတောင် ပေါ် လမ်းလျှောက်တက်တာဟာလည်း ထူးခြားစိတ်ဝင်စားစရာ ဖြစ်မယ်လို့ ကျွန်တော်ယူဆပါတယ်။ သက်စိုးတောင် ဟာ တုရင်တောင် နဲ့ မနီးမဝေးမှာ တည်ရှိနေပြီး တောင်ခြေမှာ တုရင်တောင်ဘုန်းကြီးကျောင်း တည်ရှိပါတယ်။ သက်စိုးတောင်တက်တဲ့အခါ စိတ်ဝင်စားစရာ လေ့လာဖို့ကောင်းတဲ့ နေရာ (၅) နေရာကို ရောက်ရှိမြင်တွေ့ကြရပါဦးမယ်။ ရှေးဘုရားစေတီတွေ၊ ကျောက်ရေကန်ကြီး၊ ကျောက်စဉ့်အိုးကြီး၊ ကျောက်စာများ စသဖြင့် ထူးခြားတာလေးတွေ မြင်တွေ့နိုင်တာမို့ ပျော်စရာလည်းကောင်းတဲ့ တောင်တက်ခရီး ဖြစ်ပါတယ်။ တောင်ထိပ်ရှုခင်းကလည်း အတော်လေး လှပသလို၊ တောင်တက်လမ်းတလျှောက် ငှက်တွန်ကြူးသံလေးတွေ စိုးစိုးစီစီ ကြားရပြီး သိပ်လည်း မပင်ပန်းဘဲ အချိန် နာရီဝက်၊ ၄၅ မိနစ်လောက်အတွင်း တောင်ထိပ်ရောက်နိုင်ပါတယ်။ ဒီ ပုဂံက သက်စိုးတောင်တက်ခရီးလေးကို ဝေမျှပေးလိုက်ပါတယ်ခင်ဗျာ။

0:00 ပုဂံ သက်စိုးတောင်တက်ခြင်း | Trek to the top of Thet Soe Mountain in Bagan
3:35 ဦးဖောင်းဘုရား | U Phaung Pagoda
6:00 ကျောက်ရေကန်ကြီး | Ancient Stone Lake
10:38 ကျောက်စဉ့်အိုးကြီး | Ancient Stone Pot
12:14 ပေါ်တော်မူဘုရား | Pawdawmu Pagoda
14:06 မိကျောင်းကန်ဘုရား | Michaungkan Pagoda

အားလုံးကျန်းမာဘေးကင်း စိတ်ရွှင်လန်းကြပါစေ
သီဟလုလင် (Thiha, the Traveller)

show more

Share/Embed