Khit Thit သတင်းဌာန၏ စက်တင်ဘာ ၃၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
Khit Thit Media Khit Thit Media
2.08M subscribers
342,314 views
22K

 Published On Sep 30, 2024

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၃၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၃၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်စစ်ကောင်စီက မနက်ဖြန် အောက်တိုဘာလ ၁ ရက်နေ့ကစပြီး နိုင်ငံတစ်ဝှမ်း သန်းခေါင်စာရင်းကောက်ယူရေး စီမံချက်အတွက် စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက လုံခြုံရေး တင်းကျပ်ထားမှာဖြစ်ပြီး ပြည်သူ့စစ် နဲ့ ပျူစောထီးတွေက ကွင်းဆင်းအဖွဲ့တွေမှာ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

- ရန်ကုန်မြို့ ၊ ကြည့်မြင်တိုင်မြို့နယ်၊ အလတ်ချောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နဲ့ စက်ဆန်း အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဒီကနေ့ မွန်းလွဲပိုင်းမှာပဲ သန်းခေါင်စာရင်း ကောက်ယူရေး အစည်းအဝေး လုပ်နေတဲ့အချိန် ဗုံးတွေ တစ်ပြိုင်နက်တည်းပေါက်ကွဲပြီး စစ်ကောင်စီဘက်တော်သား ၁ ဦးသေ သွား တဲ့အပြင် ၊ သေဆုံးသူ တိုးလာဖွယ်ရှိနေတယ်လို့ ဒေသခံပြည်သူတွေနဲ့ ရဲသတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

- ထိုင်းနိုင်ငံ အစိုးရက ဖမ်းဆီး ပြန်လွှဲပေးနေတဲ့ မြန်မာတွေထဲက အမျိုးသားများအားလုံး မဖြစ်မနေ စစ်မှု ထမ်းရမှာဖြစ်ပြီး ၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ ထောင်မချချင်တဲ့အတွက် စစ်မှုထမ်းခိုင်း တာဖြစ်တယ်ဆိုပြီးတော့တောင် စစ်ကောင်စီက ပြောဆိုတဲ့ သတင်းအပါအဝင်နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

show more

Share/Embed