နူတ်မဆက်ခဲ့ရသူလေးသို့ - မိုးရဲ (2)
Poetry Station Poetry Station
1.65K subscribers
907 views
35

 Published On Jan 26, 2022

#ပူရှိန်း#သောကြာနေ့ကိုရွတ်ဖတ်ခြင်း#ဒီနွေ

◾နှုတ်မဆက်ခဲ့ရသူလေးသို့

သခင်နှုတ်ဆက်သောနမ်းခြင်းဖြင့် ကျွန်မကို နမ်းပါစေ။(ရှောလမုန်သီချင်း ၁:၂ )

ခင်ဝမ်းရဲ့ ပြည်မှာဆောင်း သီချင်းကို ကိုယ်တို့ မသီဆိုခဲ့ကြခင်ကတည်းက တစ်လောကလုံးမှာ ခရမ်းရောင်လေးတွေ မှိုင်းမှိုင်းဝေနေခဲ့ကြပြီးပြီ။ အဲဒီအချိန်ထိ မင်းက လျှာထုတ်ပြီး မနမ်းတတ်သေးဘူး။ လူတွေဟာ အထီးကျန်လာတိုင်း ဖြူရော့နေတဲ့ လက်ခုံတွေကို ငုံ့ငုံ့ကြည့်တတ်ကြတယ်။ လက်သည်းတွေကို ပြန်ပြန်ကိုက်တတ်ကြတယ်။ မနက် သုံးနာရီလောက်မှ ချစ်ရတဲ့သူတွေဆီကို ဖုန်းတွေ လိုက်ခေါ်တတ်ကြတယ်။ ဒီလိုပဲ အတိအကျ ကိုယ်ပြုလုပ်မိခဲ့တာ။ အခုတော့ ပိုးကောင်၊ ကြယ်ရောင်တွေနဲ့ မြစ်ရဲ့ တစ်ဖက်ကမ်းမှာ ကိုယ်နေတယ်။ သစ်ရွက်တွေကို လေတိုးနေတဲ့ အသံတွေပဲ ကိုယ့်မှာ ရှိတော့တယ်။ သူကတော့ ကိုယ် ပြန်မလာနိုင်တော့ဘူးဆိုတာ သိပေမယ့် အိမ်နေရင်း ကွက်ထားတဲ့ ပါးကွက်လေးကို မဖျက်ပစ်သေးဘူး။ ကိုယ် ပြုလုပ်ပေးခဲ့တဲ့ အဲ့ပါးပြင်သနပ်ခါး‌ပေါ်က အစင်းကြောင်း ခြစ်ရာ။ သေခြင်းနှင့်အမျှ တန်ခိုးကြီးလှတဲ့ မေတ္တာ။ ဒါပေမဲ့ တာယာတွေကို မီးရှို့လိုက်တဲ့အခါ ထွက်လာတဲ့ မီးခိုးငွေ့တွေကြောင့် သပြေပန်းတွေလည်း ညှိုးနေရှာတော့မယ်။ ကိုယ်တို့ မရှိတုန်းမှာ ရုပ်ရှင်ရုံမှာ ပြနေတဲ့ ဇာတ်ကားတွေက ရယ်စရာကောင်းနေခဲ့မယ် ဆိုရင်လည်း ကိုယ်တို့ ငိုမိကြမှာပဲ။ ကိုယ်ဟာ မြေမှုန်တွေကြားထဲကနေ ပြန်ရောက်လာတဲ့ သူစိမ်း မဟုတ်ဘူး။ ဂုဏ်သိက္ခာရှိရှိ အသက် ရှင်သန်နေထိုင်ရခြင်း မတိုင်ခင်မှာ ကိုယ်တို့ တွေ့ခဲ့ကြရတဲ့ သွေးစက နွေဦးမှာ ပွင့်လာတဲ့ နှင်းပွင့်။ ဘယ်သူမဆို ပထမဆုံးအကြိမ် ဆိုတာကတော့ ရှိခဲ့ကြမှာပဲ။ အဲ့အချိန်တုန်းကလည်း ကိုယ်တို့ဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်‌ေနမိခဲ့ကြမှာပဲ။ သွေးစတွေကို အဝတ်စ တစ်ခုခုနဲ့ ဒါမှမဟုတ် တစ်ရှုးနဲ့ သုတ်ပစ်ကြရင်းပေါ့။ ဒီနောက်မှာတော့ မင်းရဲ့ နေရာမှာ ကိုယ် အစားထိုး ရရှိခဲ့တဲ့ နှင်းဆီပန်းပွင့်တွေ။ ရဲရဲနီနေတဲ့ နှင်းဆီပန်းပွင့်တွေ။ ကိုယ့်အသက်ထက် ပိုမိုများပြားတဲ့ နှင်းဆီပန်းပွင့်တွေ။ မင်းကလည်း ထပ်ရယ်နေမလားပဲ။

ငါချစ်ရာ သခင်သည် ထွက်သွားနှင့်ပြီ။ စကားသံတော်ကို စေ့စေ့နားထောင်လျက်၊ သခင်ကို ငါရှာသော်လည်း မတွေ့။ ခေါ်သော်လည်း ထူးတော်မမူ။ (ရှောလမုန်သီချင်း ၅:၆)

မိုးရဲ

show more

Share/Embed